ကတ်တေကို အရဲစွန့်ပြီးသုံးမှာ မဟုတ်ကြောင်း လမ်းပတ် ပြော

1.3K
ဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ကန်တေကို အရဲစွန့်ပြီး အသုံးပြုမှာ မဟုတ်ကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးကွင်းလယ်လူ ကန်တေဟာ ခြေချင်းဝတ် ဒဏ်ရာ ပြန်လည်သက်သာခဲ့ပြီး ပွဲစဉ်တချို့ ကစားခဲ့ပြီး ဖြစ်ပေမယ့်လည်း တံခေါက်ကြောဒဏ်ရာ ထပ်ရခဲ့တာပါ။
ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လွဲချော်ခဲ့တဲ့ ကန်တေဟာ ဒဏ်ရာ သိပ်မပြင်းထန်ပေမယ့်လည်း အရဲစွန့်ပြီး ကစားစေဦးမှာ မဟုတ်ကြောင်း နည်းပြ လမ်းပတ်က အတည်ပြုခဲ့တာပါ။
ရာသီကြို လေ့ကျင့်ရေးမှာ လွဲချော်ခဲ့တဲ့ ကစားသမားတွေဟာ ဒဏ်ရာ ပြဿနာရှိတတ်ပြီး ကန်တေကိုလည်း ဂရုတစိုက် စောင့်ကြည့်ကာ အကောင်းဆုံး ကြံ့ခိုင်မှုရမှ ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့ လမ်းပတ်က ပြောပါတယ်။
ကန်တေဟာ လိုင်လီနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကိုလည်း ဆက်လက် လွဲချော်မှာပါ။
လာမယ့် တင်္ဂနွေနေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာတော့ ပြန်လည်ကစားနိုင်ဖို့ နည်းပြ လမ်းပတ်က မျှော်လင့်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကတ္ေတကို အရဲစြန႔္ၿပီးသုံးမွာ မဟုတ္ေၾကာင္း လမ္းပတ္ ေျပာ
ဒဏ္ရာရေနတဲ့ ကြင္းလယ္ကစားသမား ကန္ေတကို အရဲစြန႔္ၿပီး အသုံးျပဳမွာ မဟုတ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ေျပာပါတယ္။
ခ်ဲလ္ဆီးကြင္းလယ္လူ ကန္ေတဟာ ေျခခ်င္းဝတ္ ဒဏ္ရာ ျပန္လည္သက္သာခဲ့ၿပီး ပြဲစဥ္တခ်ိဳ႕ ကစားခဲ့ၿပီး ျဖစ္ေပမယ့္လည္း တံေခါက္ေၾကာဒဏ္ရာ ထပ္ရခဲ့တာပါ။
ဘ႐ိုက္တန္အသင္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ လြဲေခ်ာ္ခဲ့တဲ့ ကန္ေတဟာ ဒဏ္ရာ သိပ္မျပင္းထန္ေပမယ့္လည္း အရဲစြန႔္ၿပီး ကစားေစဦးမွာ မဟုတ္ေၾကာင္း နည္းျပ လမ္းပတ္က အတည္ျပဳခဲ့တာပါ။
ရာသီႀကိဳ ေလ့က်င့္ေရးမွာ လြဲေခ်ာ္ခဲ့တဲ့ ကစားသမားေတြဟာ ဒဏ္ရာ ျပႆနာရွိတတ္ၿပီး ကန္ေတကိုလည္း ဂ႐ုတစိုက္ ေစာင့္ၾကည့္ကာ အေကာင္းဆုံး ႀကံ့ခိုင္မႈရမွ ပြဲထြက္ကစားေစမွာ ျဖစ္တယ္လို႔ လမ္းပတ္က ေျပာပါတယ္။
ကန္ေတဟာ လိုင္လီနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကိုလည္း ဆက္လက္ လြဲေခ်ာ္မွာပါ။
လာမယ့္ တဂၤေႏြေန႔မွာ ကစားမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ ျပန္လည္ကစားႏိုင္ဖို႔ နည္းျပ လမ္းပတ္က ေမွ်ာ္လင့္ထားပါတယ္။