တောင်နဲ့ မြောက်ကိုရီးယားတွေ ပြည်လည်ပေါင်းစည်းညီညွတ်ပြီးတော့ စီးပွားရေး တိုးတက်အောင်လုပ်ဆောင်ဖို့ လိုတယ်လို့ မြောက်ကိုးရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
[caption id="attachment_34957" align="alignright" width="300" caption="ကင်ဂျုံအန်း"]

[/caption]
၂၀၁၃ နှစ်သစ်ကူးစကား လက်ဆောင်ကို အစိုးရ ရုပ်သံတွေက ၁၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထုတ်လွင့်ခဲ့ရာမှာ အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ဟာ အပြောင်းအလဲနှစ်သစ်တခု ဖြစ်ပြီးတော့ တိုင်းပြည်ကို ဆင်းရဲပြီး အထီးကျန်ဆန်တာကနေ စီးပွားရေးအင်အားကြီးအဖြစ် နေထိုင်မှု စံနှုန်းတွေကို ပြောင်းလဲပေး ရမှာ ဖြစ်တယ်လို့ ကင်ဂျုံအန်းက ပြောပါတယ်။
တောင်နဲ့ မြောက်ကြားက ရန်လိုတိုက်ခိုက်မှုတွေကို ဖယ်ရှားရမှာ ဖြစ်ပြီး စစ်တပ်ရဲ့ အာဏာကတော့ တိုင်းပြည်ရဲ့ ပထမဦးစားပေးအဖြစ် ရှိနေမယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားသမ္မတသစ် ပတ်ဂျွန်ဟီး ရွေးချယ်ခံရပြီးတော့ ၁ လအတွင်းမှာ အခုလို ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလက မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်စမ်းသပ်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြစ်ပေးဖို့ စဉ်းစားနေတဲ့ အချိန်မှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီစကားလက်ဆောင်ကို မြောက်ကိုရီးယား အဓိကသတင်းစာ ၃ စောင်မှာလည်း အယ်ဒီတာအာဘော် အနေနဲ့ ပူးတွဲ ဖော်ပြခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ ကင်ရဲ့ အဖိုးက ရေဒီယို၊ တီဗွီတွေကနေ ပြောဆိုခဲ့တာဖြစ်ပြီး ကင်ဂျုံအီလ်းကတော့ လူထုကို မိန့်ခွန်းပြောတာ အတော့်ကို ရှားပါးပါတယ်။