တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်ပွဲကျင်းပ

အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားတွေကို တရုတ်ပြည်မကြီးနဲ့  ဟောင်ကောင်၊ မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကျင်းပပါတယ်။ တရုတ်နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ (CPPCC) ရဲ့ အမျိုးသားကော်မတီဝင် ဆိုးချောင်ဝင်းက တရုတ်နိုင်ငံ ပိုကြွယ်ဝ အားကောင်းဖို့နဲ့ ဟောင်ကောင်မှာ ကြွယ်ဝ တည်ငြိမ်ဖို့ ဆန္ဒပြုတယ်လို့ ပြောပါတယ်။ ဟောင်ကောင်ကျွန်း အသင်းချုပ်က အဆို အက ပညာရှင်တွေကလည်း စနေညက ပြပွဲ ဆင်ယင်ကျင်းပခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဟောင်ကောင် လုပ်ငန်းပေါင်း ၁၅၀၀ လောက်က စုရုံးခဲ့ပြီး တရုတ်ပြည်ကို ချစ်တယ်ဆိုတဲ့ သီချင်းကို သီဆိုရင်း နိုင်ငံအတွက် အကောင်းဆုံး ဆုမွန်တွေကို တောင်းခဲ့ကြပါတယ်။  မကာအိုမြို့က ဆိုင်ဗန်လိတ်ခ် ရင်ပြင်မှာ ကျင်းပတဲ့ အလံတင် အခမ်းအနားကိုတော့ လူငယ် အယောက် ၄၀၀ နီးပါး တက်ရောက်ခဲ့တာပါ။ ဒီအထဲက လူငယ် အယောက် ၂၀၀ က ၇၀ သင်္ကေတကို လူနဲ့ပုံဖော် မတ်တတ်ရပ်ခဲ့ပြီး တရုတ် အလံကိုတော့ လူငယ်ဆယ်ယောက်က လွှင့်တင်ခဲ့ပါတယ်။ လူငယ်တွေဟာ သူတို့နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ယူနိုင်တယ်လို့ မကာအို လူငယ်အဖွဲ့ ပြင်ဆင်ရေကော်မတီ ဥက္ကဋ္ဌ အဲလက်စ် မော့ချီဝေက ပြောပါတယ်။ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တော်မှာလည်း တနင်္ဂနွေနှောင်းပိုင်းက အခမ်းအနား ကျင်းပခဲ့ပြီး ဟောင်ကောင်နဲ့ မကာအို နယ်သားတွေ တက်ရောက်ခဲ့ကြပါတယ်။ ~~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇ဝ ျပည့္ပြဲက်င္းပ ေအာက္တိုဘာ ၁ ရက္မွာ က်ေရာက္တဲ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇ဝ ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားေတြကို တ႐ုတ္ျပည္မႀကီးနဲ႔  ေဟာင္ေကာင္၊ မကာအို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြမွာ က်င္းပပါတယ္။ တ႐ုတ္ႏိုင္ငံေရးအတိုင္ပင္ခံ ညီလာခံ (CPPCC) ရဲ႕ အမ်ိဳးသားေကာ္မတီဝင္ ဆိုးေခ်ာင္ဝင္းက တ႐ုတ္ႏိုင္ငံ ပိုႂကြယ္ဝ အားေကာင္းဖို႔နဲ႔ ေဟာင္ေကာင္မွာ ႂကြယ္ဝ တည္ၿငိမ္ဖို႔ ဆႏၵျပဳတယ္လို႔ ေျပာပါတယ္။ ေဟာင္ေကာင္ကြၽန္း အသင္းခ်ဳပ္က အဆို အက ပညာရွင္ေတြကလည္း စေနညက ျပပြဲ ဆင္ယင္က်င္းပခဲ့ပါတယ္။ တနဂၤေႏြေန႔မွာေတာ့ ေဟာင္ေကာင္ လုပ္ငန္းေပါင္း ၁၅၀၀ ေလာက္က စု႐ုံးခဲ့ၿပီး တ႐ုတ္ျပည္ကို ခ်စ္တယ္ဆိုတဲ့ သီခ်င္းကို သီဆိုရင္း ႏိုင္ငံအတြက္ အေကာင္းဆုံး ဆုမြန္ေတြကို ေတာင္းခဲ့ၾကပါတယ္။ မကာအိုၿမိဳ႕က ဆိုင္ဗန္လိတ္ခ္ ရင္ျပင္မွာ က်င္းပတဲ့ အလံတင္ အခမ္းအနားကိုေတာ့ လူငယ္ အေယာက္ ၄၀၀ နီးပါး တက္ေရာက္ခဲ့တာပါ။ ဒီအထဲက လူငယ္ အေယာက္ ၂၀၀ က ၇၀ သေကၤတကို လူနဲ႔ပုံေဖာ္ မတ္တတ္ရပ္ခဲ့ၿပီး တ႐ုတ္ အလံကိုေတာ့ လူငယ္ဆယ္ေယာက္က လႊင့္တင္ခဲ့ပါတယ္။ လူငယ္ေတြဟာ သူတို႔ႏိုင္ငံရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြကို ဂုဏ္ယူႏိုင္တယ္လို႔ မကာအို လူငယ္အဖြဲ႕ ျပင္ဆင္ေရေကာ္မတီ ဥကၠ႒ အဲလက္စ္ ေမာ့ခ်ီေဝက ေျပာပါတယ္။ ကြမ္တုံျပည္နယ္ ကြမ္က်ိဳးၿမိဳ႕ေတာ္မွာလည္း တနဂၤေႏြေႏွာင္းပိုင္းက အခမ္းအနား က်င္းပခဲ့ၿပီး ေဟာင္ေကာင္နဲ႔ မကာအို နယ္သားေတြ တက္ေရာက္ခဲ့ၾကပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up