ရှုံးပွဲမရှိ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဝိုလ်ဒါနှင့် အော့တစ်ဇ်တို့ နိုဝင်ဘာလတွင် ထိုးသတ်မည်

1.1K
ရှုံးပွဲမရှိ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဒီယွန်တေး ဝိုလ်ဒါကတော့ လူးဝဇ်အော့တစ်ဇ်နဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ဖို့ ရှိနေပါတယ်။
အော့တစ်ဇ်နဲ့ ဝိုလ်ဒါတို့ဟာ ၂၀၁၈ ခုနှစ်က တကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဝိုလ်ဒါကပဲ အနိုင်ရရှိထားပါတယ်။
ဝိုလ်ဒါဟာ ကစားသမားသက်တမ်းတလျှောက် ပွဲပေါင်း ၄၂ ပွဲထိုးသတ်ထားရာမှာ ပွဲ ၄၀ က အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁ ပွဲကတော့ ဒိုင်အဆုံးအဖြတ်နဲ့ ဖြစ်ပါတယ်။
ကျန်သရေပွဲတပွဲကတော့ ဗြိတိန်က တိုင်ဆန်ဖျူရီနဲ့ တွေ့ဆုံခဲ့ချိန်ကဖြစ်ပြီး သူတို့နှစ်ဦးရဲ့ မကျေပွဲကိုလည်း မကြာခင်မှာ တွေ့မြင်ရဖို့ရှိနေပါတယ်။
ပြိုင်ဘက် အော့တစ်ဇ်ကတော့ဝိုင်လ်ဒါကို ပြီးခဲ့တဲ့နှစ်က နောက်ဆုံးရှုံးနိမ့်ခဲ့အပြီးမှာ ၃ ပွဲ ထိုးသတ်ထားပြီး ၃ ပွဲစလုံး အနိုင်ရရှိထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version