A d v e r t i s e m e n t With Us

သမ္မတထရမ့်က သြစတြေးလျ ဝန်ကြီးချုပ်ကို ဖုန်းဆက်ဖိအားပေး 

Photo : REUTERS/Carlo Allegri
အထူးစုံစမ်းရေးမှူး ရောဘတ်မူလာရဲ့ ရုရှားစုံစမ်းရေး မူလဇာစ်မြစ်ကို ကူညီစုံစမ်းပေးဖို့  သမ္မတ ဒေါ်နယ်ထရမ့်က သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ကို ဖိအားပေးခဲ့တယ် ဆိုပြီး နယူးယောက်တိုင်းမ် သတင်းစာက စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။   သမ္မတထရမ့်နဲ့ ဝန်ကြီးချုပ် မောရစ်ဆင်တို့ ဖုန်းပြောဆိုရာမှာ ထရမ့်က အမေရိကန် ရှေ့နေချုပ် စုံစမ်းရေးကို ကူညီပေးဖို့ မောရစ်ဆင်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူ နှစ်ဦးကို ကိုးကားပြီး နယူးယောက်တိုင်းမ်က ဆိုပါတယ်။ သမ္မတထရမ့် ဖုန်းခေါ်ဆိုမှတ်တမ်းကို သမ္မတ လက်ထောက်အဖွဲ့က ရယူခွင့်မရှိဘူးလို့   တာဝန်ရှိသူတဦးက ပြောတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ ဒါဟာ ထူးခြားတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပြီး ဇူလိုင်လတုန်းကလည်း သမ္မတထရမ့်ဟာ  ယူကရိန်းသမ္မတ ဇီလန်စကီနဲ့ အလားတူ ဖုန်းခေါ်ဆိုမှုမျိုး လုပ်ခဲ့ပါတယ်။ ဒီလို ဖုန်းခေါ်ဆိုရာမှာ ပြိုင်ဘက် ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင်နဲ့ သားဖြစ်သူကို စုံစမ်းပေးဖို့ သမ္မတထရမ့်က သမ္မတဇီလန်စကီကို ဖိအားပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီလို သတင်းတွေ ထွက်ခဲ့တဲ့အပေါ် သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်တော်က စုံစမ်းနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version သမၼတထရမ့္က ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ကို ဖုန္းဆက္ဖိအားေပး  အထူးစုံစမ္းေရးမႉး ေရာဘတ္မူလာရဲ႕ ႐ုရွားစုံစမ္းေရး မူလဇာစ္ျမစ္ကို ကူညီစုံစမ္းေပးဖို႔      သမၼတ ေဒၚနယ္ထရမ့္က ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆင္ကို ဖိအားေပးခဲ့တယ္ ဆိုၿပီး နယူးေယာက္တိုင္းမ္ သတင္းစာက စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ေရးသားေဖာ္ျပပါတယ္။ သမၼတထရမ့္နဲ႔ ဝန္ႀကီးခ်ဳပ္ ေမာရစ္ဆင္တို႔ ဖုန္းေျပာဆိုရာမွာ ထရမ့္က အေမရိကန္ ေရွ႕ေနခ်ဳပ္ စုံစမ္းေရးကို ကူညီေပးဖို႔ ေမာရစ္ဆင္ကို တိုက္တြန္းခဲ့တယ္လို႔ အေမရိကန္ တာဝန္ရွိသူ ႏွစ္ဦးကို ကိုးကားၿပီး နယူးေယာက္တိုင္းမ္က ဆိုပါတယ္။ သမၼတထရမ့္ ဖုန္းေခၚဆိုမွတ္တမ္းကို သမၼတ လက္ေထာက္အဖြဲ႕က ရယူခြင့္မရွိဘူးလို႔   တာဝန္ရွိသူတဦးက ေျပာတယ္လို႔လည္း သတင္းမွာေဖာ္ျပပါတယ္။ ဒါဟာ ထူးျခားတဲ့ ဆုံးျဖတ္ခ်က္တခု ျဖစ္ၿပီး ဇူလိုင္လတုန္းကလည္း သမၼတထရမ့္ဟာ  ယူကရိန္းသမၼတ ဇီလန္စကီနဲ႔ အလားတူ ဖုန္းေခၚဆိုမႈမ်ိဳး လုပ္ခဲ့ပါတယ္။ ဒီလို ဖုန္းေခၚဆိုရာမွာ ၿပိဳင္ဘက္ ဒီမိုကရက္သမၼတ ကိုယ္စားလွယ္ေလာင္း ဂ်ိဳးဘိုင္ဒင္နဲ႔ သားျဖစ္သူကို စုံစမ္းေပးဖို႔ သမၼတထရမ့္က သမၼတဇီလန္စကီကို ဖိအားေပးခဲ့တယ္ ဆိုတဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။ အဲဒီလို သတင္းေတြ ထြက္ခဲ့တဲ့အေပၚ သမၼတထရမ့္ကို စြပ္စြဲျပစ္တင္ဖို႔ ေအာက္လႊတ္ေတာ္က စုံစမ္းေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up