အိန္ဒိယနိုင်ငံတဝန်း တခါသုံး ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှု တားမြစ်

အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ပလတ်စတစ်အိတ်တွေ၊ ခွက်တွေနဲ့ အအေးပိုက် စတဲ့ တခါသုံး ပလတ်စတစ်ပစ္စည်း အတော်များများကို တနိုင်ငံလုံးမှာ အသုံးပြုခွင့် တားမြစ်သွားမှာပါ။ အိန္ဒိယအစိုးရရဲ့ ခြေလှမ်းသစ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ချီးမွမ်းခဲ့ကြပေမယ့် ပလတ်စတစ်လုပ်ငန်း လုပ်ကိုင်နေကြသူတွေကတော့ သူတို့ရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ အိန္ဒိယလွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ ဝန်ကြီးချုပ် မိုဒီက အောက်တိုဘာ ၂ ရက်နေ့မှာ အိန္ဒိယတနိုင်ငံလုံး တခါသုံး ပလတ်စတစ် ကင်းရှင်းရေး ခြေလှမ်းသစ်ကို ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေနဲ့ အစိုးရအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပလတ်စတစ် အညစ်ညမ်းဆုံး ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာ ပါပါတယ်။ ပလတ်စတစ် ထုတ်လုပ်တဲ့ အသေးစားလုပ်ငန်းရှင်တွေနဲ့ လမ်းဘေး ဈေးသည်တွေကတော့ အဲဒီတားမြစ်ချက်က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့ ပြောကြပါတယ်။  အစိုးရအနေနဲ့ ပလတ်စတစ် အသုံးပြုခွင့် တားမြစ်ချက်ကို အလျင်စလို မလုပ်သင့်ဘူး။ အမှိုက်တွေကို စီမံခန့်ခွဲတာ၊ ပြီးတော့ သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးအရ ဖြစ်နိုင်ခြေတွေကို တွက်ဆအဖြေရှာတာက ပလတ်စတစ် ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ပထမခြေလှမ်း ဖြစ်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြောကြပါတယ်။ တကမ္ဘာလုံးမှာလည်း ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ တခါသုံး ပလပ်စတစ် အမှိုက်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးဟာ ပင်လယ်သမုဒ္ဒရာထဲကို ရောက်ရှိတာကြောင့် ရေသတ္တဝါတွေ အသက်ဆုံးရှုံးရတဲ့အပြင် လူသားတွေရဲ့ အစာသံသရာ ကွင်းဆက်ထဲအထိ ပြန်လည်ပါဝင်နေတယ်လို့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေက ဖော်ပြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အိႏၵိယႏိုင္ငံတဝန္း တခါသုံး ပလတ္စတစ္ပစၥည္းမ်ား အသုံးျပဳမႈ တားျမစ္ အိႏၵိယႏိုင္ငံမွာ ေအာက္တိုဘာ ၂ ရက္ေန႔ကစၿပီး ပလတ္စတစ္အိတ္ေတြ၊ ခြက္ေတြနဲ႔ အေအးပိုက္ စတဲ့ တခါသုံး ပလတ္စတစ္ပစၥည္း အေတာ္မ်ားမ်ားကို တႏိုင္ငံလုံးမွာ အသုံးျပဳခြင့္ တားျမစ္သြားမွာပါ။ အိႏၵိယအစိုးရရဲ႕ ေျခလွမ္းသစ္ကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြက ခ်ီးမြမ္းခဲ့ၾကေပမယ့္ ပလတ္စတစ္လုပ္ငန္း လုပ္ကိုင္ေနၾကသူေတြကေတာ့ သူတို႔ရဲ႕ အလုပ္အကိုင္ေတြ ဆုံးရႈံးမွာကို စိုးရိမ္ေနၾကပါတယ္။ ၾသဂုတ္လ ၁၅ ရက္ေန႔ အိႏၵိယလြတ္လပ္ေရးေန႔ အခမ္းအနား မိန႔္ခြန္းမွာ ဝန္ႀကီးခ်ဳပ္ မိုဒီက ေအာက္တိုဘာ ၂ ရက္ေန႔မွာ အိႏၵိယတႏိုင္ငံလုံး တခါသုံး ပလတ္စတစ္ ကင္းရွင္းေရး ေျခလွမ္းသစ္ကို ပူးေပါင္းပါဝင္ၾကဖို႔ ျပည္သူေတြနဲ႔ အစိုးရအဖြဲ႕ေတြကို တိုက္တြန္းခဲ့ပါတယ္။ အိႏၵိယႏိုင္ငံဟာ ပလတ္စတစ္ အညစ္ညမ္းဆုံး ကမာၻ႔ႏိုင္ငံေတြ စာရင္းမွာ ပါပါတယ္။ ပလတ္စတစ္ ထုတ္လုပ္တဲ့ အေသးစားလုပ္ငန္းရွင္ေတြနဲ႔ လမ္းေဘး ေဈးသည္ေတြကေတာ့ အဲဒီတားျမစ္ခ်က္က သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ အစိုးရအေနနဲ႔ ပလတ္စတစ္ အသုံးျပဳခြင့္ တားျမစ္ခ်က္ကို အလ်င္စလို မလုပ္သင့္ဘူး။ အမႈိက္ေတြကို စီမံခန႔္ခြဲတာ၊ ၿပီးေတာ့ သဘာဝပတ္ဝန္းက်င္၊ လူမႈအသိုင္းအဝိုင္းနဲ႔ စီးပြားေရးအရ ျဖစ္ႏိုင္ေျခေတြကို တြက္ဆအေျဖရွာတာက ပလတ္စတစ္ ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးအတြက္ ပထမေျခလွမ္း ျဖစ္သင့္တယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြက ေျပာၾကပါတယ္။ တကမာၻလုံးမွာလည္း ပလတ္စတစ္ ညစ္ညမ္းမႈ ျပႆနာကို စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။ တခါသုံး ပလပ္စတစ္ အမႈိက္စုစုေပါင္းရဲ႕ ၅၀ ရာခိုင္ႏႈန္း နီးပါးဟာ ပင္လယ္သမုဒၵရာထဲကို ေရာက္ရွိတာေၾကာင့္ ေရသတၱဝါေတြ အသက္ဆုံးရႈံးရတဲ့အျပင္ လူသားေတြရဲ႕ အစာသံသရာ ကြင္းဆက္ထဲအထိ ျပန္လည္ပါဝင္ေနတယ္လို႔ ေလ့လာေတြ႕ရွိခ်က္ အစီရင္ခံစာေတြက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up