ကရင်ရိုးရာ အစားအစာနှင့်အဝတ်အထည်ဆိုင် ကျိုက်ထီးရိုးတောင်ခြေ၌ ဖွင့်လှစ်

ကရင်တိုင်းရင်းသား ရိုးရာအစားအစာ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်ကို ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတောင်ခြေရှိ ကင်ပွန်းစခန်းမှာ အောက်တိုဘာ ၁ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
မွန်ပြည်နယ် ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ စောကျော်မိုးက “မွန်ပြည်နယ်က ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအနေနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက် ၆ရပ်ထဲက ကရင်ရိုးရာအဝတ်အထည်၊ အစားအစာနှင့် အသုံးအဆောင် ပစ္စည်းတွေကိုမြှင့်တင်တာ၊ ခရီးသွားလာရေးလုပ်ငန်းနဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပကို ထိုးဖောက်နိုင်ဖို့အတွက် လူမှုစီးပွားဘဝ တိုးတက် မြင့်မားမှုကို ရည်ရွယ်ပြီး အခုလိုဖွင့်လှစ်ရတာ”လို့ ပြောပါတယ်။
ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း(KEEA)က တည်ထောင်လိုက်တဲ့ ဆိုင်ကို “ရွှေကရင်ရွာ”လို့ အမည်မှည့်ခေါ်ထားပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်က လာရောက်စားသုံးသူတွေ အကြိုက်တွေ့စေမယ့် ရိုးရာတာလပေါနဲ့ငါးပိထောင်း၊ ပဲသီးထောင်း၊ ငါးပိစိမ်းကောနဲ့ ပုဇွန်စိပ်ထောင်းတို့ကို လူတစ်ဦးစာ အဝစား ၂၅၀၀ကျပ်နဲ့ လူမျိုးဘာသာမရွေး စားသုံးနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ထပ် ကရင်တိုင်းရင်းသား လူမျိုးတွေနေထိုင်ကြတဲ့ နေရာတော်တော် များများမှာလည်း ရွှေကရင်ရွာ ဆိုင်တွေ ဆက်ဖွင့်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
အဲ့ဒီ “ရွှေကရင်ရွာ” အစားအသောက်နဲ့ ရိုးရာပစ္စည်းအရောင်းဆိုင်ဖွင့်ပွဲကို ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ၊ ပြည်နယ်ကရင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ကရင် အမျိုးသားအစည်းအရုံး(KNU)မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း - ယူမင်းစိုး
ကရင္႐ိုးရာ အစားအစာႏွင့္အဝတ္အထည္ဆိုင္ က်ိဳက္ထီး႐ိုးေတာင္ေျခ၌ ဖြင့္လွစ္
DVB
ကရင္တိုင္းရင္းသား ႐ိုးရာအစားအစာ၊ အဝတ္အထည္နဲ႔ အသုံးအေဆာင္ပစၥည္း အေရာင္းဆိုင္ကို က်ိဳက္ထိုၿမိဳ႕၊ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာင္ေျခရွိ ကင္ပြန္းစခန္းမွာ ေအာက္တိုဘာ ၁ရက္ မနက္ပိုင္းက ဖြင့္လွစ္လိုက္ပါတယ္။
မြန္ျပည္နယ္ ကရင္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္း၏ ဥကၠ႒ ေစာေက်ာ္မိုးက “မြန္ျပည္နယ္က ကရင္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းအေနနဲ႔ ကရင္တိုင္းရင္းသားေတြရဲ႕ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ဦးတည္ခ်က္ ၆ရပ္ထဲက ကရင္႐ိုးရာအဝတ္အထည္၊ အစားအစာႏွင့္ အသုံးအေဆာင္ ပစၥည္းေတြကိုျမႇင့္တင္တာ၊ ခရီးသြားလာေရးလုပ္ငန္းနဲ႔ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းေတြကို ျပည္တြင္းျပည္ပကို ထိုးေဖာက္ႏိုင္ဖို႔အတြက္ လူမႈစီးပြားဘဝ တိုးတက္ ျမင့္မားမႈကို ရည္႐ြယ္ၿပီး အခုလိုဖြင့္လွစ္ရတာ”လို႔ ေျပာပါတယ္။
ကရင္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္း(KEEA)က တည္ေထာင္လိုက္တဲ့ ဆိုင္ကို “ေ႐ႊကရင္႐ြာ”လို႔ အမည္မွည့္ေခၚထားပါတယ္။ ဒီဆိုင္ရဲ႕ထူးျခားခ်က္က လာေရာက္စားသုံးသူေတြ အႀကိဳက္ေတြ႕ေစမယ့္ ႐ိုးရာတာလေပါနဲ႔ငါးပိေထာင္း၊ ပဲသီးေထာင္း၊ ငါးပိစိမ္းေကာနဲ႔ ပုဇြန္စိပ္ေထာင္းတို႔ကို လူတစ္ဦးစာ အဝစား ၂၅၀၀က်ပ္နဲ႔ လူမ်ိဳးဘာသာမေ႐ြး စားသုံးႏိုင္ေအာင္ စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။
မြန္ျပည္နယ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ကရင္တိုင္းရင္းသား လူမ်ိဳးေတြေနထိုင္ၾကတဲ့ ေနရာေတာ္ေတာ္ မ်ားမ်ားမွာလည္း ေ႐ႊကရင္႐ြာ ဆိုင္ေတြ ဆက္ဖြင့္သြားဖို႔ရွိတယ္လို႔လည္း သိရပါတယ္။
အဲ့ဒီ “ေ႐ႊကရင္႐ြာ” အစားအေသာက္နဲ႔ ႐ိုးရာပစၥည္းအေရာင္းဆိုင္ဖြင့္ပြဲကို က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခင္ေဆာင္၊ ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးမန္းေဂ်ာ္နီ၊ ျပည္နယ္ကရင္တိုင္းရင္း သားလူမ်ိဳးေရးရာဝန္ႀကီး ဦးေစာေအာင္ျမင့္ခိုင္၊ ကရင္ အမ်ိဳးသားအစည္းအ႐ုံး(KNU)မွ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။
သတင္း - ယူမင္းစိုး