ကိုရီးယားနယ်စပ်ကျေးရွာလေးတွင် မြန်နှုန်းမြင့် အင်တာနက် 5G ကွန်ရက် အသုံးပြုနိုင်ပြီ

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးကင်းမဲ့ဇုန်(DMZ)ရဲ့ တောင်ကိုရီးယားဘက် အခြမ်းက ကျေးရွာတရွာမှာ နောက်ဆုံးပေါ် မြန်နှုန်းမြင့် အင်တာနက် 5G ကွန်ရက် အသုံးပြုလို့ ရနေပြီလို့ ရိုက်တာ သတင်းဌာနကဖော်ပြပါတယ်။
5G ကွန်ရက်ကြောင့် နည်းပညာမြင့် အသိပညာပေးဆော့ဝဲလ်တွေ ၊ အရေးပေါ် သတိပေးချက် စနစ်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာပါ အဆင့်မြင့် နည်းပညာတွေ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဇွန်လနှောင်းပိုင်းမှာ တောင်ကိုရီးယား မိုဘိုင်းကုမ္ပဏီ KT ကော်ပိုရေးရှင်းက စစ်ရေးကင်းမဲ့ဇုန်ရဲ့ ၂ မိုင်ခွဲအကွာမှာ တည်ရှိတဲ့ ထယ်ဆောင်ကျေးရွာမှာ 5G ကွန်ရက်ကို စတင် ထုတ်လွှင့်ပေးခဲ့တာပါ။
ဒါ့အပြင် မြောက်ကိုရီးယား နယ်စပ်ဘက်ကို 5G ကွန်ရက်လိုင်း ကျော်မသွားစေဖို့ သေချာအောင် တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ စစ်ဆေးခဲ့တယ်လို့ KT ကော်ပိုရေးရှင်းက ပြောပါတယ်။
လက်နက်၊ စစ်အင်အား အပြည့်အစုံနဲ့ စောင့်ကြပ်နေတဲ့ ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးကင်းမဲ့ဇုန်နားမှာ နေထိုင်တဲ့ ထယ်ဆောင် ကျေးရွာ ဒေသခံ ၂၀၀ဟာ သူတို့ရဲ့ နေအိမ်ကနေ အလုပ်လုပ်တဲ့ စိုက်ခင်းထဲကို သွားဖို့ စစ်သားတွေရဲ့အစောင့်အကြပ် မပါဘဲ သွားလို့မရပါဘူး။
ဒါပေမဲ့ 5G ကွန်ရက်စနစ်ကြောင့် စိုက်ခင်းထဲကို ရေဖြန်းဖို့ စစ်တပ်အစောင့်အကြပ် မလိုဘဲ အိမ်ကနေ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်ပြီလို့ စပါးနဲ့ ပဲစိုက်တောင်သူတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကိုရီးယားနယ္စပ္ ေက်း႐ြာေလးတြင္ ျမန္ႏႈန္းျမင့္ အင္တာနက္ 5G ကြန္ရက္ အသုံးျပဳႏိုင္ၿပီ
ေတာင္နဲ႔ ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံအၾကား စစ္ေရးကင္းမဲ့ဇုန္(DMZ)ရဲ႕ ေတာင္ကိုရီးယားဘက္ အျခမ္းက ေက်း႐ြာတ႐ြာမွာ ေနာက္ဆုံးေပၚ ျမန္ႏႈန္းျမင့္ အင္တာနက္ 5G ကြန္ရက္ အသုံးျပဳလို႔ ရေနၿပီလို႔ ႐ိုက္တာ သတင္းဌာနကေဖာ္ျပပါတယ္။
5G ကြန္ရက္ေၾကာင့္ နည္းပညာျမင့္ အသိပညာေပးေဆာ့ဝဲလ္ေတြ ၊ အေရးေပၚ သတိေပးခ်က္ စနစ္ေတြနဲ႔ စိုက္ပ်ိဳးေရးက႑မွာပါ အဆင့္ျမင့္ နည္းပညာေတြ အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။
ဇြန္လေႏွာင္းပိုင္းမွာ ေတာင္ကိုရီးယား မိုဘိုင္းကုမၸဏီ KT ေကာ္ပိုေရးရွင္းက စစ္ေရးကင္းမဲ့ဇုန္ရဲ႕ ၂ မိုင္ခြဲအကြာမွာ တည္ရွိတဲ့ ထယ္ေဆာင္ေက်း႐ြာမွာ 5G ကြန္ရက္ကို စတင္ ထုတ္လႊင့္ေပးခဲ့တာပါ။
ဒါ့အျပင္ ေျမာက္ကိုရီးယား နယ္စပ္ဘက္ကို 5G ကြန္ရက္လိုင္း ေက်ာ္မသြားေစဖို႔ ေသခ်ာေအာင္ ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕ စစ္ေဆးခဲ့တယ္လို႔ KT ေကာ္ပိုေရးရွင္းက ေျပာပါတယ္။
လက္နက္၊ စစ္အင္အား အျပည့္အစုံနဲ႔ ေစာင့္ၾကပ္ေနတဲ့ ကိုရီးယားႏွစ္ႏိုင္ငံအၾကား စစ္ေရးကင္းမဲ့ဇုန္နားမွာ ေနထိုင္တဲ့ ထယ္ေဆာင္ ေက်း႐ြာ ေဒသခံ ၂၀၀ဟာ သူတို႔ရဲ႕ ေနအိမ္ကေန အလုပ္လုပ္တဲ့ စိုက္ခင္းထဲကို သြားဖို႔ စစ္သားေတြရဲ႕အေစာင့္အၾကပ္ မပါဘဲ သြားလို႔မရပါဘူး။
ဒါေပမဲ့ 5G ကြန္ရက္စနစ္ေၾကာင့္ စိုက္ခင္းထဲကို ေရျဖန္းဖို႔ စစ္တပ္အေစာင့္အၾကပ္ မလိုဘဲ အိမ္ကေန အေဝးထိန္းစနစ္နဲ႔ ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ စပါးနဲ႔ ပဲစိုက္ေတာင္သူတေယာက္ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။