Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ရွာသား ၁ ဦး မိုင်းခွဲငါးဖမ်းရာက လက်ချောင်းများပြတ်ထွက်ဒဏ်ရာရ 
နန်းမြနဒီ
·
October 1, 2019
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာမှာ မနေ့က ရွာသား ၁ ဦး မိုင်းခွဲပြီး ငါးဖမ်းစဉ် လူပါထိခိုက်ဒဏ်ရာရပြီး လက်ချောင်းတွေပြတ်ထွက်ကာ တကိုယ်လုံးလည်း မိုင်းစတွေ ထိမှန်ခဲ့ပါတယ်။  မိုင်းယုလေးရွာက အသက် ၃၀ ရွယ်ရှိ ကိုကျန်ဝူးဆိုသူမှာ မနေ့မွန်းလွဲပိုင်းက နမ့်ခိုင်ချောင်းထဲမှာ ငါးသွားဖမ်းစဉ် ငါးဖမ်းမိုင်း ပေါက်ကွဲပြီး ဒဏ်ရာရခဲ့တယ်လို့   သွားရောက်ကူညီခဲ့သူ နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။  “ဒဏ်ရာရသူကို ကျနော်တို့ မေးကြည့်တဲ့အခါကျတော့ သစ်နဲ့ လုပ်ထားတဲ့ ငါးမိုင်းခွဲတဲ့ဟာ ပေါ့နော်၊ အဲထဲကို ယမ်းစတွေထည့်ပြီး စနက်တံနဲ့ခွဲတဲ့ဟာပေါ့၊ အဲဒါကို သူက စနက်တံ အမြန်နဲ့ အနှေးနဲ့ မှားသွားတဲ့ သဘောရှိတယ်။ အမြန်ကိုထည့်ပြီးတော့မှ မီးတို့ လိုက်တဲ့အချိန်မှာ ရေထဲကို ပစ်မချလိုက်ခင်မှာဘဲ လက်ထဲမှာဘဲ ကွဲသွားတာ၊ အဲဒီမှာ ညဘက်လက်က လက်ချောင်း ၅ ချောင်းလုံးပြတ်သွားတယ်။” ဒဏ်ရာရသူမှာ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်ပြီး  သူ့ရဲ့ဒဏ်ရာကို တရုတ်ပြည်မှာ ဆက်ပြီးကုသချင်တယ်လို့ ပြောတာကြောင့် နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံကနေ မူဆယ်မြို့ ဆင်ဖြူပေါက်တံခါးထိ သွားရောက်ပို့ဆောင်ပေးခဲ့ရပါတယ်။  အဲဒီဒေသ အထူးသဖြင့် နမ့်ခိုင်ချောင်းမှာ လက်လုပ်မိုင်းကို အသုံးပြုပြီး ငါးဖမ်းလေ့ ရှိကြပြီး ခုလိုမတော်တဆ ထိခိုက်မှုတွေဖြစ်လေ့ ရှိကြပါတယ်။ မိုင်းကိုအသုံးပြုငါးဖမ်းတာဟာ ရေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေတဲ့အတွက် မိရိုးဖလာငါးမျှားတံ သုံးတာ ပိုသင့်လျော်တယ်လို့  လူမှုကူညီရေး အသင်းက ပြောသွားပါတယ်။ 
ကြတ္ခိုင္တြင္ ႐ြာသား ၁ ဦး မိုင္းခြဲငါးဖမ္းရာက လက္ေခ်ာင္းမ်ားျပတ္ထြက္ဒဏ္ရာရ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ ကြတ္ခိုင္ၿမိဳ႕နယ္ မိုင္းယုေလး႐ြာမွာ မေန႔က ႐ြာသား ၁ ဦး မိုင္းခြဲၿပီး ငါးဖမ္းစဥ္ လူပါထိခိုက္ဒဏ္ရာရၿပီး လက္ေခ်ာင္းေတြျပတ္ထြက္ကာ တကိုယ္လုံးလည္း မိုင္းစေတြ ထိမွန္ခဲ့ပါတယ္။ မိုင္းယုေလး႐ြာက အသက္ ၃၀ ႐ြယ္ရွိ ကိုက်န္ဝူးဆိုသူမွာ မေန႔မြန္းလြဲပိုင္းက နမ့္ခိုင္ေခ်ာင္းထဲမွာ ငါးသြားဖမ္းစဥ္ ငါးဖမ္းမိုင္း ေပါက္ကြဲၿပီး ဒဏ္ရာရခဲ့တယ္လို႔ သြားေရာက္ကူညီခဲ့သူ နမ့္ဖတ္ကာ ေမတၱာရွင္လူမႈကူညီေရးအသင္း တာဝန္ရွိသူက ေျပာပါတယ္။ “ဒဏ္ရာရသူကို က်ေနာ္တို႔ ေမးၾကည့္တဲ့အခါက်ေတာ့ သစ္နဲ႔ လုပ္ထားတဲ့ ငါးမိုင္းခြဲတဲ့ဟာ ေပါ့ေနာ္၊ အဲထဲကို ယမ္းစေတြထည့္ၿပီး စနက္တံနဲ႔ခြဲတဲ့ဟာေပါ့၊ အဲဒါကို သူက စနက္တံ အျမန္နဲ႔ အေႏွးနဲ႔ မွားသြားတဲ့ သေဘာရွိတယ္။ အျမန္ကိုထည့္ၿပီးေတာ့မွ မီးတို႔ လိုက္တဲ့အခ်ိန္မွာ ေရထဲကို ပစ္မခ်လိုက္ခင္မွာဘဲ လက္ထဲမွာဘဲ ကြဲသြားတာ၊ အဲဒီမွာ ညဘက္လက္က လက္ေခ်ာင္း ၅ ေခ်ာင္းလုံးျပတ္သြားတယ္။” ဒဏ္ရာရသူမွာ ျမန္မာျပည္ဖြား တ႐ုတ္လူမ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ဒဏ္ရာကို တ႐ုတ္ျပည္မွာ ဆက္ၿပီးကုသခ်င္တယ္လို႔ ေျပာတာေၾကာင့္ နမ့္ဖတ္ကာ တိုက္နယ္ေဆး႐ုံကေန မူဆယ္ၿမိဳ႕ ဆင္ျဖဴေပါက္တံခါးထိ သြားေရာက္ပို႔ေဆာင္ေပးခဲ့ရပါတယ္။ အဲဒီေဒသ အထူးသျဖင့္ နမ့္ခိုင္ေခ်ာင္းမွာ လက္လုပ္မိုင္းကို အသုံးျပဳၿပီး ငါးဖမ္းေလ့ ရွိၾကၿပီး ခုလိုမေတာ္တဆ ထိခိုက္မႈေတြျဖစ္ေလ့ ရွိၾကပါတယ္။ မိုင္းကိုအသုံးျပဳငါးဖမ္းတာဟာ ေရနဲ႔ သဘာဝပတ္ဝန္းက်င္ကိုပါ ညစ္ညမ္းေစတဲ့အတြက္ မိ႐ိုးဖလာငါးမွ်ားတံ သုံးတာ ပိုသင့္ေလ်ာ္တယ္လို႔ လူမႈကူညီေရး အသင္းက ေျပာသြားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024