Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ E Government ဖွံ့ဖြိုးမှုအဆင့်နိမ့်ကျကျန်နေခဲ့ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ပိုင်စိုး
·
October 1, 2019
ယူနီကုဒ်ကို တနိုင်ငံလုံး သုံးစွဲဖို့ နောက်ကျနေခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် E Government Development Index  အဆင့်နောက်ကျကျန်နေခဲ့ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။   ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ မြန်မာယူနီကုဒ် စံစနစ်သို့ ကူးပြောင်းအသုံးပြုခြင်း အခမ်းအနား မိန့်ခွန်းမှာ ပြောခဲ့တာပါ။  “ကျမတို့နိုင်ငံရဲ့ E Government Development Index က ၂၀၁၆ ခုနှစ်က ၁၆၉ အဆင့်ကနေ ၂၀၁၈ မှာ ၁၅၇၊ ၁၂ ဆင့်တိုးတက်လာတာ တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ဖိုက်ဘာကေဘယ် လေးသောင်းကျော်လောက် ဖြန့်ခင်းနိုင်ခဲ့လို့ပါပဲ။ မိုင်ဘိုင်းလ် ဆက်သွယ်ရေး စခန်းပေါင်း တသောင်းခွဲကျော်တိုးလာပါတယ်။ မိုဘိုင်းလ်ဖုန်းသုံးစွဲသူက သန်း ၅၀ ကျော် ဖြစ်လာပါတယ်။ ဆက်သွယ်ရေးကဏ္ဍညွှန်းကိန်းတိုးတက်လို့ အဆင့်တက်လာတယ်လို့ ဆိုနိုင်ပါ တယ်။ ဒါပေမယ့်အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အဆင့်နောက်ကျနေပါသေးတယ်။”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ နောက်ကျတဲ့အကြောင်းရင်းတွေကတော့ အွန်လိုင်း အပလီကေးရှင်းတွေ အသုံးချဝန်ဆောင်တာတွေ နည်းနေတာ၊ လူတွေရဲ့ ကျွမ်းကျင်မှု အသိပညာတွေန ည်းနေတာကြောင့်ဖြစ်ပြီး အဓိက ကျတာကတော့ ယူနီကုဒ်ကို တနိုင်ငံလုံး သုံးစွဲဖို့ နောက်ကျနေတာကြောင့်ဖြစ်တယ်၊ ကမ္ဘောဒီယားနိုင်ငံမှာတောင်  ၂၀၁၀ခုနှစ် ကတည်းက ယူနီကုဒ်ကို စတင်အသုံးပြုခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။ ယူနီကုဒ်စနစ်ကြောင့် အွန်လိုင်းအသုံးချစနစ်တွေ၊ ဘဏ်ငွေလွှဲစနစ်တွေ အဆင်ပြေသွားမှာ ဖြစ်သလို အွန်လိုင်းရှော့ပင်၊ မိုဘိုင်းလ်မန်းနီးစနစ်တွေ ကောင်းလာမှာဖြစ်ပေမယ့် အခု ယူနီကုဒ်ကို သုံးကြည့်တဲ့အခါ အခက်အခဲတချို့တွေ့ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ “အားလုံးစနစ်တူဖို့ လိုပါတယ်။ ဒါမှသာ အွန်လိုင်းရှော့ပင်၊ မိုဘိုင်းလ်မန်းနီး စတဲ့ အွန်လိုင်း အက်ပလီကေးရှင်းတွေကောင်းလာပါမယ်။ E Visa E Passport E Ticketing စနစ်တွေ ကောင်းလာပါမယ်”  ဒီဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးတချို့၊ တာဝန်ရှိသူတချို့ကိုယ်တိုင် စာတွေကိုယူနီကုဒ်နဲ့ ရေးသားဖွင့်လှစ်ခဲ့ပြီး အခက်အခဲတချို့တွေ့ခဲ့တယ်လို့လည်း ပြောပါတယ်။ “ဒါပေမယ့် နည်းနည်းအခက်အခဲရှိတယ်ဆိုတာတော့ ကျမ ပြောချင်ပါတယ်။ စောစောတုန်းက ကျမ မြန်မာလို့ ရေးခိုင်းပါတယ်။ မ ရေးချကိုဆက်ပြီးရေးလိုက်တော့ ရေးချမဖြစ်ဘဲနဲ့ ဝဆွဲ ဖြစ်သွားတယ်။ အဲဒီတော့ ယူနီကုဒ်ကပဲ နှေးလို့လား။ ကျမတို့ကပဲ မြန်နေလို့လား မသိပါဘူး။ အဲဒါတွေကတော့ သတိထားရပါလိမ့်မယ်လို့ ကျမအနေနဲ့ ကိုယ့်ရဲ့ အတွေ့အကြုံအရ သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။ ယူနီကုဒ်သုံးတာကြောင့် တိုင်းရင်းသားဘာသာစကားတွေကိုလည်း သုံးနိုင်ပြီး ဖောင့် (စာလုံးပုံစံ) ကို ပြည်ထောင်စုလို့ နာမည် ပေးထားတာဖြစ်တယ် လို့လည်း ပြောပါတယ်။ မြန်မာယူနီကုဒ်စံစနစ်သို့ အောက်တိုဘာ ၁ ရက်မှ စတင်ပြောင်းလဲအသုံးပြုကြရန်ဖို့ အစိုးရက တိုက်တွန်းနေတာဖြစ်ပြီး အစိုးရုံးတွေနဲ့ ဝန်ကြီးဌာန ဝက်ဆိုက်တွေမှာတော့ ယူနီကုဒ်တွေကို စတင်ပြောင်းလဲ အသုံးပြုနေပြီဖြစ်ပါတယ်။  ဓာတ်ပုံ- MCF
ျမန္မာႏိုင္ငံ၏ E Government ဖြံ႕ၿဖိဳးမႈအဆင့္နိမ့္က်က်န္ေနခဲ့ၿပီဟု အတိုင္ပင္ခံပုဂၢိဳလ္ေျပာ ပိုင္စိုး ယူနီကုဒ္ကို တႏိုင္ငံလုံး သုံးစြဲဖို႔ ေနာက္က်ေနခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔စာရင္ E Government Development Index အဆင့္ေနာက္က်က်န္ေနခဲ့ၿပီလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။ ဒီေန႔ေနျပည္ေတာ္မွာက်င္းပတဲ့ ျမန္မာယူနီကုဒ္ စံစနစ္သို႔ ကူးေျပာင္းအသုံးျပဳျခင္း အခမ္းအနား မိန႔္ခြန္းမွာ ေျပာခဲ့တာပါ။ “က်မတို႔ႏိုင္ငံရဲ႕ E Government Development Index က ၂၀၁၆ ခုႏွစ္က ၁၆၉ အဆင့္ကေန ၂၀၁၈ မွာ ၁၅၇၊ ၁၂ ဆင့္တိုးတက္လာတာ ေတြ႕ရပါတယ္။ အေၾကာင္းရင္းကေတာ့ ဖိုက္ဘာေကဘယ္ ေလးေသာင္းေက်ာ္ေလာက္ ျဖန႔္ခင္းႏိုင္ခဲ့လို႔ပါပဲ။ မိုင္ဘိုင္းလ္ ဆက္သြယ္ေရး စခန္းေပါင္း တေသာင္းခြဲေက်ာ္တိုးလာပါတယ္။ မိုဘိုင္းလ္ဖုန္းသုံးစြဲသူက သန္း ၅၀ ေက်ာ္ ျဖစ္လာပါတယ္။ ဆက္သြယ္ေရးက႑ၫႊန္းကိန္းတိုးတက္လို႔ အဆင့္တက္လာတယ္လို႔ ဆိုႏိုင္ပါ တယ္။ ဒါေပမယ့္အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔စာရင္ အဆင့္ေနာက္က်ေနပါေသးတယ္။”လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။ ေနာက္က်တဲ့အေၾကာင္းရင္းေတြကေတာ့ အြန္လိုင္း အပလီေကးရွင္းေတြ အသုံးခ်ဝန္ေဆာင္တာေတြ နည္းေနတာ၊ လူေတြရဲ႕ ကြၽမ္းက်င္မႈ အသိပညာေတြန ည္းေနတာေၾကာင့္ျဖစ္ၿပီး အဓိက က်တာကေတာ့ ယူနီကုဒ္ကို တႏိုင္ငံလုံး သုံးစြဲဖို႔ ေနာက္က်ေနတာေၾကာင့္ျဖစ္တယ္၊ ကေမာၻဒီယားႏိုင္ငံမွာေတာင္ ၂၀၁၀ခုႏွစ္ ကတည္းက ယူနီကုဒ္ကို စတင္အသုံးျပဳခဲ့တာျဖစ္တယ္လို႔လည္းေျပာပါတယ္။ ယူနီကုဒ္စနစ္ေၾကာင့္ အြန္လိုင္းအသုံးခ်စနစ္ေတြ၊ ဘဏ္ေငြလႊဲစနစ္ေတြ အဆင္ေျပသြားမွာ ျဖစ္သလို အြန္လိုင္းေရွာ့ပင္၊ မိုဘိုင္းလ္မန္းနီးစနစ္ေတြ ေကာင္းလာမွာျဖစ္ေပမယ့္ အခု ယူနီကုဒ္ကို သုံးၾကည့္တဲ့အခါ အခက္အခဲတခ်ိဳ႕ေတြ႕ခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။ “အားလုံးစနစ္တူဖို႔ လိုပါတယ္။ ဒါမွသာ အြန္လိုင္းေရွာ့ပင္၊ မိုဘိုင္းလ္မန္းနီး စတဲ့ အြန္လိုင္း အက္ပလီေကးရွင္းေတြေကာင္းလာပါမယ္။ E Visa E Passport E Ticketing စနစ္ေတြ ေကာင္းလာပါမယ္” ဒီဖြင့္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဝန္ႀကီးတခ်ိဳ႕၊ တာဝန္ရွိသူတခ်ိဳ႕ကိုယ္တိုင္ စာေတြကိုယူနီကုဒ္နဲ႔ ေရးသားဖြင့္လွစ္ခဲ့ၿပီး အခက္အခဲတခ်ိဳ႕ေတြ႕ခဲ့တယ္လို႔လည္း ေျပာပါတယ္။ “ဒါေပမယ့္ နည္းနည္းအခက္အခဲရွိတယ္ဆိုတာေတာ့ က်မ ေျပာခ်င္ပါတယ္။ ေစာေစာတုန္းက က်မ ျမန္မာလို႔ ေရးခိုင္းပါတယ္။ မ ေရးခ်ကိုဆက္ၿပီးေရးလိုက္ေတာ့ ေရးခ်မျဖစ္ဘဲနဲ႔ ဝဆြဲ ျဖစ္သြားတယ္။ အဲဒီေတာ့ ယူနီကုဒ္ကပဲ ေႏွးလို႔လား။ က်မတို႔ကပဲ ျမန္ေနလို႔လား မသိပါဘူး။ အဲဒါေတြကေတာ့ သတိထားရပါလိမ့္မယ္လို႔ က်မအေနနဲ႔ ကိုယ့္ရဲ႕ အေတြ႕အႀကဳံအရ သတိေပးခ်င္ပါတယ္” လို႔ ေျပာပါတယ္။ ယူနီကုဒ္သုံးတာေၾကာင့္ တိုင္းရင္းသားဘာသာစကားေတြကိုလည္း သုံးႏိုင္ၿပီး ေဖာင့္ (စာလုံးပုံစံ) ကို ျပည္ေထာင္စုလို႔ နာမည္ ေပးထားတာျဖစ္တယ္ လို႔လည္း ေျပာပါတယ္။ ျမန္မာယူနီကုဒ္စံစနစ္သို႔ ေအာက္တိုဘာ ၁ ရက္မွ စတင္ေျပာင္းလဲအသုံးျပဳၾကရန္ဖို႔ အစိုးရက တိုက္တြန္းေနတာျဖစ္ၿပီး အစိုး႐ုံးေတြနဲ႔ ဝန္ႀကီးဌာန ဝက္ဆိုက္ေတြမွာေတာ့ ယူနီကုဒ္ေတြကို စတင္ေျပာင္းလဲ အသုံးျပဳေနၿပီျဖစ္ပါတယ္။ ဓာတ္ပုံ- MCF
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024