တိုက်စစ်မှူး မန်ဇူကစ်ကို ပေါင် ၉ သန်း ရမှ ဂျူဗင်တပ်စ် ရောင်းမည်

ဂျူဗင်တပ်စ် အသင်းဟာ မန်ယူအသင်းက ခေါ်ယူလိုနေတဲ့ တိုက်စစ်မှူး မန်ဇူကစ်အတွက် ပေါင် ၉ သန်းရမှ ရောင်းချမယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတဦး ခေါ်ယူသွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မန်ဇူကစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ် အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတာပါ။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်ဟာ တနှစ် လုပ်ခ ပေါင် ၄ ဒသမ ၅ သန်း ရရှိနေပြီး ယူနိုက်တက်မှာတော့ အဲဒီလုပ်ခအတိုင်း ရယူလိုနေပါတယ်။ မန်ယူ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်နဲ့ လူကာကူတို့ ထွက်ခွာသွားတဲ့အပြင် မာစီယယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာလည်း ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးတဦး ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တိုက္စစ္မႉး မန္ဇူကစ္ကို ေပါင္ ၉ သန္း ရမွ ဂ်ဴဗင္တပ္စ္ ေရာင္းမည္ ဂ်ဴဗင္တပ္စ္ အသင္းဟာ မန္ယူအသင္းက ေခၚယူလိုေနတဲ့ တိုက္စစ္မႉး မန္ဇူကစ္အတြက္ ေပါင္ ၉ သန္းရမွ ေရာင္းခ်မယ္လို႔ သိရပါတယ္။ မန္ယူအသင္းဟာ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္မႉးတဦး ေခၚယူသြားဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး မန္ဇူကစ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ မန္ဇူကစ္ဟာ ဂ်ဴဗင္တပ္စ္ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနၿပီး ယူႏိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံသြားဖို႔ ရွိေနတာပါ။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခ႐ိုေအးရွား တိုက္စစ္မႉး မန္ဇူကစ္ဟာ တႏွစ္ လုပ္ခ ေပါင္ ၄ ဒသမ ၅ သန္း ရရွိေနၿပီး ယူႏိုက္တက္မွာေတာ့ အဲဒီလုပ္ခအတိုင္း ရယူလိုေနပါတယ္။ မန္ယူ တိုက္စစ္မႉး အလက္ဆစ္ဆန္းခ်က္ဇ္နဲ႔ လူကာကူတို႔ ထြက္ခြာသြားတဲ့အျပင္ မာစီယယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာလည္း ဒဏ္ရာရေနတာေၾကာင့္ တိုက္စစ္မႉးတဦး ေခၚယူဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up