A d v e r t i s e m e n t With Us

မွန်ပြည်နယ်အစိုးရက ဘတ်ဂျက် ဥပဒေကြမ်းကို ၂၈ ရက် နောက်ကျပြီးလွှတ်တော်ပို့

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲဆောင်ရွက်မယ့် ဘတ်ဂျက် ဥပဒေကြမ်းကို သတ်မှတ်ရက်ထက် ၂၈ ရက် နောက်ကျပြီးမှ လွှတ်တော်ကို ပေးပို့လာတဲ့အတွက်ကြောင့် ကိုယ်စားလှယ်တွေက မေးခွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေးမှာ မေးခွန်း ၄၉ ခု မေးမြန်းသွားဖို့ လွှတ်တော်က အစိုးရအဖွဲ့ထံပေးပို့ထားတာပါ။ ဒါပေမယ့်လည်း အစိုးရအဖွဲ့ကတော့ အဲဒီ မေးခွန်း ၄၉ ထဲမှာ မေးခွန်း ၂၄ ခုဟာ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၀ အရ အစည်းအဝေး မကျင်းပမီ ၁၀ ရက် ကြိုတင်မရောက်ဘဲ ၂ ရက် နောက်ကျခဲ့လို့ အခု အစည်းအဝေးမှာမဖြေကြားပေးနိုင်သေးဘူးလို့ စက်တင်ဘာ ၂၃ရက်စွဲနဲ့ ဝန်ကြီးချုပ်လက်မှတ်ထိုးပြီး လွှတ်တော်ကို ထပ်မံ ပေးပို့လာခဲ့တာပါ။ အခုလို အခြေအနေကြောင့် မွန်ပြည်နယ် လွှတ်တော်နဲ့ အစိုးရအကြားမှာ ဥပဒေဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ ကိုယ် လုပ်ဆောင်ရမယ့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရဥပဒေကြမ်း တစ်ခုကို အစည်းအဝေး မစမီ အနည်းဆုံး ရက် ၃၀ ကြိုတင် ပေးပို့ရမှာဖြစ်ပေမယ့် အခုအခါ အစည်းအဝေးစမယ့် ၂ ရက်အလိုမှ ပေးပို့လာတဲ့အပေါ်ကိုယ်စားလှယ်တွေက မေးခွန်း ပြန်ထုတ်ခဲ့တာပါ။  မွန်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ဘတ်ဂျက် ဥပဒေကြမ်းကို စက်တင်ဘာ၃၀ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး၊ ကိုယ်စားလှယ်တွေ မေးခွန်းထုတ်လိုက်တဲ့အပေါ် အစိုးရအနေနဲ့ တစုံတရာမှတ်ချက်ပေးခဲ့ခြင်း မရှိဘဲ ဘတ်ဂျက် ဥပဒေကို အကောင်းဆုံးဆောင်ရွက်သွားမယ်လို့သာ ပြောဆိုခဲ့ပါတယ်။
မြန္ျပည္နယ္အစိုးရက ဘတ္ဂ်က္ ဥပေဒၾကမ္းကို ၂၈ ရက္ ေနာက္က်ၿပီးလႊတ္ေတာ္ပို႔ DVB မြန္ျပည္နယ္ အစိုးရအဖြဲ႕ဟာ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ သုံးစြဲေဆာင္႐ြက္မယ့္ ဘတ္ဂ်က္ ဥပေဒၾကမ္းကို သတ္မွတ္ရက္ထက္ ၂၈ ရက္ ေနာက္က်ၿပီးမွ လႊတ္ေတာ္ကို ေပးပို႔လာတဲ့အတြက္ေၾကာင့္ ကိုယ္စားလွယ္ေတြက ေမးခြန္းလိုက္ပါတယ္။ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ရဲ႕ ၁၄ ႀကိမ္ေျမာက္ လႊတ္ေတာ္ ပုံမွန္ အစည္းအေဝးမွာ ေမးခြန္း ၄၉ ခု ေမးျမန္းသြားဖို႔ လႊတ္ေတာ္က အစိုးရအဖြဲ႕ထံေပးပို႔ထားတာပါ။ ဒါေပမယ့္လည္း အစိုးရအဖြဲ႕ကေတာ့ အဲဒီ ေမးခြန္း ၄၉ ထဲမွာ ေမးခြန္း ၂၄ ခုဟာ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၀၀ အရ အစည္းအေဝး မက်င္းပမီ ၁၀ ရက္ ႀကိဳတင္မေရာက္ဘဲ ၂ ရက္ ေနာက္က်ခဲ့လို႔ အခု အစည္းအေဝးမွာမေျဖၾကားေပးႏိုင္ေသးဘူးလို႔ စက္တင္ဘာ ၂၃ရက္စြဲနဲ႔ ဝန္ႀကီးခ်ဳပ္လက္မွတ္ထိုးၿပီး လႊတ္ေတာ္ကို ထပ္မံ ေပးပို႔လာခဲ့တာပါ။ အခုလို အေျခအေနေၾကာင့္ မြန္ျပည္နယ္ လႊတ္ေတာ္နဲ႔ အစိုးရအၾကားမွာ ဥပေဒဆိုင္ရာ အျငင္းပြားမႈ ျဖစ္ေပၚေနတာပါ။ ဒါေၾကာင့္ အစိုးရအေနနဲ႔ ကိုယ္ လုပ္ေဆာင္ရမယ့္ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒအရဥပေဒၾကမ္း တစ္ခုကို အစည္းအေဝး မစမီ အနည္းဆုံး ရက္ ၃၀ ႀကိဳတင္ ေပးပို႔ရမွာျဖစ္ေပမယ့္ အခုအခါ အစည္းအေဝးစမယ့္ ၂ ရက္အလိုမွ ေပးပို႔လာတဲ့အေပၚကိုယ္စားလွယ္ေတြက ေမးခြန္း ျပန္ထုတ္ခဲ့တာပါ။ မြန္ျပည္နယ္ အစိုးရအဖြဲ႕က တင္သြင္းလာတဲ့ ဘတ္ဂ်က္ ဥပေဒၾကမ္းကို စက္တင္ဘာ၃၀ ရက္က က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးမွာ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ၿပီး၊ ကိုယ္စားလွယ္ေတြ ေမးခြန္းထုတ္လိုက္တဲ့အေပၚ အစိုးရအေနနဲ႔ တစုံတရာမွတ္ခ်က္ေပးခဲ့ျခင္း မရွိဘဲ ဘတ္ဂ်က္ ဥပေဒကို အေကာင္းဆုံးေဆာင္႐ြက္သြားမယ္လို႔သာ ေျပာဆိုခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up