A d v e r t i s e m e n t With Us

ဘီယာဘူးထဲ ခေါင်းညပ်နေသည့် မြွေဟောက်ကို ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက မယွန်းဘန်ဂျ်ခရိုင်မှာ စက်တင်ဘာ ၂၈ ရက်နေ့က ဘီယာဘူးထဲ ခေါင်းညပ်နေတဲ့ မြွေဟောက်တကောင်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်ပေးခဲ့ရပါတယ်။  ဘီယာဘူးထဲ ခေါင်းညှပ်နေတဲ့ အဲဒီမြွေကို ဒေသခံတယောက်က တွေ့လို့ ကယ်ဆယ်ရေးသမားတွေကို အကြောင်းကြားခဲ့တာပါ။  အဲဒီနောက် အမျိုးသားနှစ်ယောက် ရောက်လာပြီး ဓားတချောင်းနဲ့ ဘီယာဘူးအဝကို ချဲ့လိုက်တဲ့အခါမှာတော့ မြွေဟာ လွတ်မြောက်သွားခဲ့ပါတယ်။  မယူဘန်ဂျ်ခရိုင်ဟာ သစ်တောထူထပ်တာကြောင့် တောရိုင်းတိရစ္ဆာန်တွေ ပေါများပါတယ်။ Spectacled Cobra လို့ လူသိများတဲ့ အိန္ဒိယမြွေဟောက်တွေကို အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင်အာရှက သစ်တောဧရိယာတွေမှာ တွေ့ရလေ့ရှိပါတယ်။  ဒါ့အပြင် စားကျက် နယ်မြေတွေ နည်းပါးလာတာကြောင့် အဆိပ်ပြင်းတဲ့ အိန္ဒိယမြွေဟောက် အမျိုးအစားဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂက သတ်မှတ်ထားတဲ့  အနီရောင်အဆင့် တောရိုင်း တိရစ္ဆာန်စာရင်းထဲမှာလည်း ပါပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘီယာဘူးထဲ ေခါင္းညပ္ေနသည့္ ေႁမြေဟာက္ကို ကယ္တင္ (႐ုပ္သံ) အိႏၵိယႏိုင္ငံ အေရွ႕ပိုင္းက မယြန္းဘန္ဂ်္ခ႐ိုင္မွာ စက္တင္ဘာ ၂၈ ရက္ေန႔က ဘီယာဘူးထဲ ေခါင္းညပ္ေနတဲ့ ေႁမြေဟာက္တေကာင္ကို ကယ္ဆယ္ေရးသမားေတြက ကယ္ထုတ္ေပးခဲ့ရပါတယ္။ ဘီယာဘူးထဲ ေခါင္းညႇပ္ေနတဲ့ အဲဒီေႁမြကို ေဒသခံတေယာက္က ေတြ႕လို႔ ကယ္ဆယ္ေရးသမားေတြကို အေၾကာင္းၾကားခဲ့တာပါ။ အဲဒီေနာက္ အမ်ိဳးသားႏွစ္ေယာက္ ေရာက္လာၿပီး ဓားတေခ်ာင္းနဲ႔ ဘီယာဘူးအဝကို ခ်ဲ႕လိုက္တဲ့အခါမွာေတာ့ ေႁမြဟာ လြတ္ေျမာက္သြားခဲ့ပါတယ္။ မယူဘန္ဂ်္ခ႐ိုင္ဟာ သစ္ေတာထူထပ္တာေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ေတြ ေပါမ်ားပါတယ္။ Spectacled Cobra လို႔ လူသိမ်ားတဲ့ အိႏၵိယေႁမြေဟာက္ေတြကို အိႏၵိယႏိုင္ငံနဲ႔ အေရွ႕ေတာင္အာရွက သစ္ေတာဧရိယာေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ဒါ့အျပင္ စားက်က္ နယ္ေျမေတြ နည္းပါးလာတာေၾကာင့္ အဆိပ္ျပင္းတဲ့ အိႏၵိယေႁမြေဟာက္ အမ်ိဳးအစားဟာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အျပည္ျပည္ဆိုင္ရာသမဂၢက သတ္မွတ္ထားတဲ့  အနီေရာင္အဆင့္ ေတာ႐ိုင္း တိရစာၦန္စာရင္းထဲမွာလည္း ပါပါတယ္။

A d v e r t i s e m e n t With Us

More News
Up