ယန်စီကုမ္ပဏီ၏ တိုးချဲ့လုပ်ကွက်လျှောက်ထားမှုအပေါ် ကန့်ကွက်ရန်မရှိသဘောထားမှတ်ချက် ပြန်ရုပ်သိမ်း

845
ဝါးစိမ်းတောင်ဒေသမှာ မြန်မာယန်စီကုမ္ပဏီက သတ္တုတူးဖော်ဖို့ တိုးချဲ့လုပ်ကွက်လျှောက်ထားမှုအပေါ် ကန့်ကွက်ရန်မရှိ သဘောထားမှတ်ချက်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ တိုင်းအစိုးရအစည်းအဝေးအရ ပယ်ဖျက်ကြောင်း စစ်ကိုင်းတိုင်းအစိုးရ လူမှုကွန်ရက် စာမျက်နှာကတဆင့် ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုတော့ ဆက်သွယ်လို့ မေးမြန်းလို့ မရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယန်စီကုမ္ပဏီက သတ္တုတူးဖော် စမ်းသပ်လုပ်ကွက် လျှောက်ထားမှုကို တိုင်းအစိုးရက သဘောတူလိုက်တဲ့အတွက် မကျေနပ်လို့ ဒေသခံပြည်သူ ၁၀၀၀ လောက်က မနေ့က မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပြီးနောက်မှာ တိုင်းအစိုးရက ပြန်ရုပ်သိမ်းတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
ယန်စီကုမ္ပဏီကို သတ္တုတူးဖော်လုပ်ပိုင်ခွင့်ချထားပေးတဲ့အပေါ် ကန့်ကွက်တဲ့အကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့ကလည်း သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။
ယန္စီကုမၸဏီ၏ တိုးခ်ဲ႕လုပ္ကြက္ေလွ်ာက္ထားမႈအေပၚ ကန႔္ကြက္ရန္မရွိသေဘာထားမွတ္ခ်က္ ျပန္႐ုပ္သိမ္း DVB ဝါးစိမ္းေတာင္ေဒသမွာ ျမန္မာယန္စီကုမၸဏီက သတၱဳတူးေဖာ္ဖို႔ တိုးခ်ဲ႕လုပ္ကြက္ေလွ်ာက္ထားမႈအေပၚ ကန႔္ကြက္ရန္မရွိ သေဘာထားမွတ္ခ်က္ကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရက ျပန္လည္႐ုပ္သိမ္းလိုက္ပါတယ္။ စက္တင္ဘာ ၃၀ ရက္ေန႔မွာ ျပဳလုပ္တဲ့ တိုင္းအစိုးရအစည္းအေဝးအရ ပယ္ဖ်က္ေၾကာင္း စစ္ကိုင္းတိုင္းအစိုးရ လူမႈကြန္ရက္ စာမ်က္ႏွာကတဆင့္ ထုတ္ျပန္ေၾကညာခဲ့တာပါ။ ဒီကိစၥနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာ တိုင္းအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြကိုေတာ့ ဆက္သြယ္လို႔ ေမးျမန္းလို႔ မရေသးပါဘူး။ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္အတြင္း ယန္စီကုမၸဏီက သတၱဳတူးေဖာ္ စမ္းသပ္လုပ္ကြက္ ေလွ်ာက္ထားမႈကို တိုင္းအစိုးရက သေဘာတူလိုက္တဲ့အတြက္ မေက်နပ္လို႔ ေဒသခံျပည္သူ ၁၀၀၀ ေလာက္က မေန႔က မုံ႐ြာၿမိဳ႕မွာ လာေရာက္ဆႏၵျပခဲ့ၾကၿပီးေနာက္မွာ တိုင္းအစိုးရက ျပန္႐ုပ္သိမ္းတဲ့ ေၾကညာခ်က္ ထြက္ေပၚလာတာပါ။ ယန္စီကုမၸဏီကို သတၱဳတူးေဖာ္လုပ္ပိုင္ခြင့္ခ်ထားေပးတဲ့အေပၚ ကန႔္ကြက္တဲ့အေၾကာင္း လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီအပါအဝင္ အဖြဲ႕အစည္း ၁၈ ဖြဲ႕ကလည္း သေဘာထားေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။