နာတလီပို့တ်မန်း ပါဝင်သည့် အာကာသသိပ္ပံဆန်းကြယ်ဒရာမာရုပ်ရှင် – Lucy in the Sky (နမူနာ)

ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသမီး Natalie Portman ခေါင်းဆောင် ပါဝင်ထားတဲ့ ရုပ်ရှင် ‘Lucy in the Sky’ ကို အောက်တိုဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Sci-Fi Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Fox Searchlight Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Noah Hawley က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Natalie Portman ကို အာကာသယာဉ်မှူး Lucy အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားဟာ နာဆာမှ အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး Lisa Nowak ရဲ့ အကြောင်းကို အခြေတည် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အာကာသထဲ တာဝန် ထမ်းဆောင်နေချိန်မှာ လုပ်ဖော်ကိုင်ဖက် အာကာသယာဉ်မှူး William Oefelein နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ အဲဒီနောက် သူတို့ ကွဲသွားခဲ့ကြပြီး အာကာသထဲကနေ ကမ္ဘာမြေဆီ ပြန်လာခဲ့ချိန်မှာ Oefelein ရဲ့ ချစ်သူက ဒီအကြောင်းကို အစဖော် ပြောခဲ့တဲ့အတွက် Lisa က အဲဒီအမျိုးသမီးကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအမှုကြောင့် Lisa ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ဒီအကြောင်းဟာ သတင်းစာတွေပေါ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့တာပါ။ ဒီအကြောင်းအရာတွေကို ဒီရုပ်ရှင်ကားထဲမှာ ဘယ်လို ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသမီး Natalie Portman နဲ့အတူ တခြား ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Jon Hamm ၊ Zazie Beetz ၊ Dan Stevens ၊ Colman Domingo စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပြသခဲ့တာဖြစ်ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၂၇ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version နာတလီပို႔တ္မန္း ပါဝင္သည့္ အာကာသသိပၸံဆန္းၾကယ္ဒရာမာ႐ုပ္ရွင္ - Lucy in the Sky (နမူနာ) ေဟာလိဝုဒ္နာမည္ႀကီး သ႐ုပ္ေဆာင္ မင္းသမီး Natalie Portman ေခါင္းေဆာင္ ပါဝင္ထားတဲ့ ႐ုပ္ရွင္ ‘Lucy in the Sky’ ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Sci-Fi Drama အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီကားကိုေတာ့ Fox Searchlight Pictures ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Noah Hawley က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသမီး Natalie Portman ကို အာကာသယာဥ္မႉး Lucy အေနနဲ႔ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားဟာ နာဆာမွ အေမရိကန္အမ်ိဳးသမီး အာကာသယာဥ္မႉး Lisa Nowak ရဲ႕ အေၾကာင္းကို အေျခတည္ ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ သူဟာ အာကာသထဲ တာဝန္ ထမ္းေဆာင္ေနခ်ိန္မွာ လုပ္ေဖာ္ကိုင္ဖက္ အာကာသယာဥ္မႉး William Oefelein နဲ႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကဖူးပါတယ္။ အဲဒီေနာက္ သူတို႔ ကြဲသြားခဲ့ၾကၿပီး အာကာသထဲကေန ကမာၻေျမဆီ ျပန္လာခဲ့ခ်ိန္မွာ Oefelein ရဲ႕ ခ်စ္သူက ဒီအေၾကာင္းကို အစေဖာ္ ေျပာခဲ့တဲ့အတြက္ Lisa က အဲဒီအမ်ိဳးသမီးကို တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီအမႈေၾကာင့္ Lisa ဟာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး ဒီအေၾကာင္းဟာ သတင္းစာေတြေပၚမွာ ဟိုးေလးတေၾကာ္ ျဖစ္ခဲ့တာပါ။ ဒီအေၾကာင္းအရာေတြကို ဒီ႐ုပ္ရွင္ကားထဲမွာ ဘယ္လို ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာပဲ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ သ႐ုပ္ေဆာင္ မင္းသမီး Natalie Portman နဲ႔အတူ တျခား ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Jon Hamm ၊ Zazie Beetz ၊ Dan Stevens ၊ Colman Domingo စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာပါ။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြဟာ အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၂၄ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၁ ရက္ေန႔က ျပသခဲ့တာျဖစ္ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၂၇ သန္း အကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up