A d v e r t i s e m e n t With Us

မန်ယူနိုက်တက်နှင့် အာဆင်နယ် ၁ ဂိုးစီသရေကျ  (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီ ‌ခြေပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ တဖက် တဂိုးစီ သရေကျသွားပါတယ်။ မနေ့ညကပွဲစဉ်မှာတော့ ပထမပိုင်း ပွဲပြီးခါနီး ၄၅ မိနစ်မှာ မန်ယူက လူငယ်ကစားသမား စကော့တွမ်မီနေးက အာဆင်နယ်ဂိုးစည်းအစပ်ကနေ အပြင်းကန်သွင်းယူကာ မန်ယူအတွက် အဖွင့် ဂိုးသွင်းယူပေးခဲ့လို့ မန်ယူတို့ ပထမပိုင်းမှာ ပွဲကို ဦးဆောင်ထားနိုင်ပါတယ်။  ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ အူဘာမီယန်းက အာဆင်နယ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး   ပွဲပြီးချိန်အထိ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ခဲ့လို့ သရေ တမှတ်စီ ခွဲယူခဲ့ကြပါတယ်။ အိုးထရက်ဖို့ဒ် အိမ်ကွင်းမှာ ကန်ရတဲ့  မန်ယူအသင်းဟာ ဒီပွဲမှာ အာဆင်နယ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့သလို  ကန်သွင်းခွင့်ပါ ၁၆ ကြိမ်အထိ ရရှိခဲ့ပေမယ့် ရှေ့တန်းတိုက်စစ် မှူးတွေက အနိုင်ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့် သရေပွဲဖြစ်ခဲ့ရတာပါ။  ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာတော့ အာဆင်နယ်က ရမှတ်  ၁၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး မန်ယူနိုက်တက်ကတော့ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္ယူႏိုက္တက္ႏွင့္ အာဆင္နယ္ ၁ ဂိုးစီသေရက်  (႐ုပ္သံဟိုက္လိုက္) မေန႔ညက ယွဥ္ၿပိဳင္ကစားတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒီရာသီ ‌ေျခေပ်ာက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ တဖက္ တဂိုးစီ သေရက်သြားပါတယ္။ မေန႔ညကပြဲစဥ္မွာေတာ့ ပထမပိုင္း ပြဲၿပီးခါနီး ၄၅ မိနစ္မွာ မန္ယူက လူငယ္ကစားသမား စေကာ့တြမ္မီေနးက အာဆင္နယ္ဂိုးစည္းအစပ္ကေန အျပင္းကန္သြင္းယူကာ မန္ယူအတြက္ အဖြင့္ ဂိုးသြင္းယူေပးခဲ့လို႔ မန္ယူတို႔ ပထမပိုင္းမွာ ပြဲကို ဦးေဆာင္ထားႏိုင္ပါတယ္။ ဒုတိယပိုင္း ၅၈ မိနစ္မွာေတာ့ အူဘာမီယန္းက အာဆင္နယ္အတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး   ပြဲၿပီးခ်ိန္အထိ ႏွစ္သင္းစလုံး ဂိုးထပ္မသြင္းႏိုင္ခဲ့လို႔ သေရ တမွတ္စီ ခြဲယူခဲ့ၾကပါတယ္။ အိုးထရက္ဖို႔ဒ္ အိမ္ကြင္းမွာ ကန္ရတဲ့  မန္ယူအသင္းဟာ ဒီပြဲမွာ အာဆင္နယ္အသင္းထက္ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရခဲ့သလို  ကန္သြင္းခြင့္ပါ ၁၆ ႀကိမ္အထိ ရရွိခဲ့ေပမယ့္ ေရွ႕တန္းတိုက္စစ္ မႉးေတြက အႏိုင္ဂိုးအျဖစ္ မေျပာင္းလဲႏိုင္တာေၾကာင့္ သေရပြဲျဖစ္ခဲ့ရတာပါ။ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲကစားၿပီးခ်ိန္မွာေတာ့ အာဆင္နယ္က ရမွတ္  ၁၂ မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး မန္ယူႏိုက္တက္ကေတာ့ ရမွတ္ ၉ မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္ ၁၀ မွာ ရပ္တည္ေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up