A d v e r t i s e m e n t With Us

ဖမ်ဆီးထောင်ချခံရသူများအား ပြန်လွှတ်ပေးရန် မော်စကိုတွင် လူသောင်းချီ ဆန္ဒပြ

ရုရှားနိုင်ငံ မြို့တော်မော်စကိုက လမ်းမတွေမှာ စက်တင်ဘာ ၂၉ ရက်က ဆန္ဒပြသူ အယောက် ၂၀၀၀၀ ကျော် စုဝေးချီတက်လာကြပြီး ဇူလိုင်က ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။  အတိုက်အခံနိုင်ငံရေးသမားတွေ၊ ဒေသန္တရရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခံခဲ့ရတဲ့ ဇူလိုင်လက လူထုစုဝေးပွဲတွေမှာ အဲဒီဆန္ဒပြသူတွေ အဖမ်းခံခဲ့ရတာပါ။  ဒါဟာ အတိုက်အခံတွေကို ဖိနှပ်တဲ့လှုပ်ရှားမှုလို့ အစိုးရအတိုက်အခံတွေက ရှုမြင်ကြပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်တာတွေက ပြည်သူတွေရဲ့ ဒေါသကို အရှိန်မြင့်တက်စေခဲ့တယ်လို့ မော်စကိုမြို့သားတွေက သုံးသပ်ကြပါတယ်။  ရုရှားအာဏာပိုင်တွေက ဆန္ဒပြသူတချို့ကို ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်ခဲ့ပြီး တချို့ကိုတော့ ရဲအရာရှိတွေကို အကြမ်းဖက်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက်  ခြိမ်းခြောက်မှုတော့ မဟုတ်ပါဘူး။ ဝင်ငွေလျော့ကျလာတာနဲ့ ပင်စင်အသက်ကန့်သတ်ချက် တိုးမြင့်လိုက်တာတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ ပူတင်ဟာ လူကြိုက်နှုန်းတော့ လျော့ကျခဲ့ပါတယ်။  တနင်္ဂနွေက ဆန္ဒပြပွဲမှာ လူအယောက် ၂၅၀၀၀ ကျော် စုဝေးခဲ့တယ်လို့ နိုင်ငံရေးဆန္ဒပြပွဲတွေ စောင့်ကြည့်အဖွဲ့The White Counter က ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူ ၂၀၀၀၀ လောက်စုဝေးခဲ့တယ်လို့ ပြောပါတယ်။ ============================================ ဖမ္ဆီးေထာင္ခ်ခံရသူမ်ားအား ျပန္လႊတ္ေပးရန္ ေမာ္စကိုတြင္ လူေသာင္းခ်ီ ဆႏၵျပ DVB ႐ုရွားႏိုင္ငံ ၿမိဳ႕ေတာ္ေမာ္စကိုက လမ္းမေတြမွာ စက္တင္ဘာ ၂၉ ရက္က ဆႏၵျပသူ အေယာက္ ၂၀၀၀၀ ေက်ာ္ စုေဝးခ်ီတက္လာၾကၿပီး ဇူလိုင္က ဖမ္းဆီးေထာင္ခ်ခံခဲ့ရတဲ့ ဆႏၵျပသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ အတိုက္အခံႏိုင္ငံေရးသမားေတြ၊ ေဒသႏၲရေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ တားျမစ္ခံခဲ့ရတဲ့ ဇူလိုင္လက လူထုစုေဝးပြဲေတြမွာ အဲဒီဆႏၵျပသူေတြ အဖမ္းခံခဲ့ရတာပါ။ ဒါဟာ အတိုက္အခံေတြကို ဖိႏွပ္တဲ့လႈပ္ရွားမႈလို႔ အစိုးရအတိုက္အခံေတြက ရႈျမင္ၾကပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြက ဆႏၵျပသူေတြကို ညႇဥ္းပန္းႏွိပ္စက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေပၚလာၿပီး ျပင္းထန္တဲ့ ေထာင္ဒဏ္ခ်မွတ္တာေတြက ျပည္သူေတြရဲ႕ ေဒါသကို အရွိန္ျမင့္တက္ေစခဲ့တယ္လို႔ ေမာ္စကိုၿမိဳ႕သားေတြက သုံးသပ္ၾကပါတယ္။ ႐ုရွားအာဏာပိုင္ေတြက ဆႏၵျပသူတခ်ိဳ႕ကို ေထာင္ဒဏ္ ၄ ႏွစ္အထိ ခ်မွတ္ခဲ့ၿပီး တခ်ိဳ႕ကိုေတာ့ ရဲအရာရွိေတြကို အၾကမ္းဖက္တဲ့ ရာဇဝတ္ျပစ္မႈေတြနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ ဆႏၵျပပြဲေတြဟာ ႐ုရွားသမၼတ ဗလာဒီမာပူတင္အတြက္  ၿခိမ္းေျခာက္မႈေတာ့ မဟုတ္ပါဘူး။ ဝင္ေငြေလ်ာ့က်လာတာနဲ႔ ပင္စင္အသက္ကန႔္သတ္ခ်က္ တိုးျမင့္လိုက္တာေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ပူတင္ဟာ လူႀကိဳက္ႏႈန္းေတာ့ ေလ်ာ့က်ခဲ့ပါတယ္။ တနဂၤေႏြက ဆႏၵျပပြဲမွာ လူအေယာက္ ၂၅၀၀၀ ေက်ာ္ စုေဝးခဲ့တယ္လို႔ ႏိုင္ငံေရးဆႏၵျပပြဲေတြ ေစာင့္ၾကည့္အဖြဲ႕The White Counter က ေျပာခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ လူ ၂၀၀၀၀ ေလာက္စုေဝးခဲ့တယ္လို႔ ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up