Home
မြန်မာသတင်း
ရန်ကုန်တွင် ကျောင်း၊ တက္ကသိုလ်နှင့် ကောလိပ်အနီး မူးယစ်ဆေးဝါးအမှု ၂၀ ကျော်ဖမ်းမိ
အာကာ
·
September 30, 2019
ရန်ကုန်တိုင်းထဲက အခြေခံပညာကျောင်း၊ တက္ကသိုလ်နဲ့ ကောလိပ်ဝန်းကျင်မှာ ၂၀၁၇မှ ၂၀၁၉ စက်တင်ဘာ ၂၃ ရက်အထိ ၃ နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၁ မှုအထိ ရှိခဲ့ပြီး တရားခံ ၃၉ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီရဲ့ ရန်ကုန်တိုင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ ကျောင်းသား အရွယ် လူငယ်တွေကြား WY သုံးစွဲမှု ပပျောက်စေရေး အစီအမံ ချမှတ်ဆောင်ရွက်ဖို့ တိုင်းအစိုးရကို တိုက်တွန်းကြောင်း အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အပေါ် ဝန်ကြီးက ဖြေရှင်းသွားတာပါ။ အဆိုအပေါ် ဝန်ကြီးက မှတ်တမ်းအဖြစ်ထားဖို့ လွှတ်တော်ကို တင်ပြခဲ့ပြီး အဆိုရှင်က အစီအမံ ချမှတ်ဆောင်ရွက်ပေးဖို့ တင်ပြတဲ့အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများတဲ့အတွက် အဆိုကို အတည်ပြုခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရန္ကုန္တြင္ ေက်ာင္း၊ တကၠသိုလ္ႏွင့္ ေကာလိပ္အနီး မူးယစ္ေဆးဝါးအမႈ ၂၀ ေက်ာ္ဖမ္းမိ ရန္ကုန္တိုင္းထဲက အေျခခံပညာေက်ာင္း၊ တကၠသိုလ္နဲ႔ ေကာလိပ္ဝန္းက်င္မွာ ၂၀၁၇မွ ၂၀၁၉ စက္တင္ဘာ ၂၃ ရက္အထိ ၃ ႏွစ္အတြင္း မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈ ၂၁ မႈအထိ ရွိခဲ့ၿပီး တရားခံ ၃၉ ဦး ဖမ္းဆီးရမိခဲ့တယ္လို႔ ရန္ကုန္တိုင္း လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုးက ေျပာပါတယ္။ စက္တင္ဘာ ၃၀ ရက္က ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ မဲဆႏၵနယ္-၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီရဲ႕ ရန္ကုန္တိုင္းမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြနဲ႔ ေက်ာင္းသား အ႐ြယ္ လူငယ္ေတြၾကား WY သုံးစြဲမႈ ပေပ်ာက္ေစေရး အစီအမံ ခ်မွတ္ေဆာင္႐ြက္ဖို႔ တိုင္းအစိုးရကို တိုက္တြန္းေၾကာင္း အဆိုနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးခ်က္အေပၚ ဝန္ႀကီးက ေျဖရွင္းသြားတာပါ။ အဆိုအေပၚ ဝန္ႀကီးက မွတ္တမ္းအျဖစ္ထားဖို႔ လႊတ္ေတာ္ကို တင္ျပခဲ့ၿပီး အဆိုရွင္က အစီအမံ ခ်မွတ္ေဆာင္႐ြက္ေပးဖို႔ တင္ျပတဲ့အတြက္ မဲခြဲဆုံးျဖတ္ရာ ေထာက္ခံမဲမ်ားတဲ့အတြက္ အဆိုကို အတည္ျပဳခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024