အရိုးစုအဖြစ်ပြန်တွေ့သည့် ကရင်ရွာသားခေါင်းဆောင်အတွက် ထိုင်းအစိုးရ ဘတ် ၁ သိန်းကျော် ပေးအပ် 

လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့လကမှ အရိုးစုအဖြစ်ပြန်တွေ့ရသူ ထိုင်းကရင်ကျေးရွာ လူထုခေါင်းဆောင်အတွက် ထိုင်းတရားရေးဝန်ကြီးဌာနက ကရု ဏာကြေးငွေအဖြစ် ဘတ် ၁ သိန်း ၄ သောင်းကို ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့ပါတယ်။  ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ချ်ပူရီခရိုင် ကဲန်ကကျန်မြို့နယ် ဘန်ကလွဲကျေးရွာက  မြေသိမ်းခံ ရွာသားတွေဘက်ကနေ ရပ်တည်တောင်းဆိုခဲ့သူ နိုင်းဖော်လဂျီ ရတ်ကျုံး ကျရွန်း ခေါ် ပီလိ ဆိုသူမှာ လွန်ခဲ့တဲ့ ၅ နှစ်က ကဲန်ကကျန်သစ်တောကြိုးဝိုင်းတွင်း ပျောက်ဆုံးသွားခဲ့ပြီး ထိုင်းအထူး မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့လကမှ သူ့အလောင်းကို အရိုးစုအဖြစ် ရှာဖွေတွေ့ရှိခဲ့တာပါ။  ပီလိမှာ မိခင်အိုကြီး၊ ဇနီးသည် မူးနော်နဲ့ လူမမယ်သားသမီး ၅ ယောက် ကျန်ရှိပြီး သူတို့တွေအတွက် ထိုင်းတရားရေးဝန်ကြီးဌာနက ကရုဏာကြေးငွေပေါင်း ဘတ် ၁ သိန်း ၄ သောင်းကို ဒီကနေ့မွန်းလွဲပိုင်းမှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။   ပီလိဟာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရပြီး သေဆုံးရတာကြောင့် ဒါဟာ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရသူဖြစ်လို့ တရားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးက ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ ကရုဏာကြေးပေးအပ်တာဖြစ်ကြောင်း၊ ကရုဏာကြေးမှာ သေဆုံးမှုအတွက် ဘတ် ၈ သောင်း၊ အသုဘစရိတ် ဘတ် ၂ သောင်းနဲ့ သားသမီးတွေဟာ သူတို့ကို ရှာဖွေကျွေးမွေးနေသူ ဖခင်ဆုံးရှုံးရလို့ ကလေးစရိတ် ဘတ် ၄ သောင်း ပါဝင်တယ်လို့ ထိုင်းတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်းက အခမ်းအနားမှာ ပြောပါတယ်။  အဆိုပါ ကရုဏာကြေးတွေကို ပီလိရဲ့ဇနီးသည်နဲ့ မိခင်တို့က တက်ရောက်လက်ခံယူပြီး တရားရေးဝန်ကြီးကို လက်အုပ်ချီကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။  တရားရေးဝန်ကြီးကလည်း သူတို့သားအမိကို စိတ်အားမငယ်ဖို့၊ ထိုင်းတနိုင်ငံလုံးက ပြည်သူတွေလည်း သူတို့ကို အားပေးနေကြောင်း၊ ပီလိအသတ်ခံရတဲ့အမှုတွဲကို လာမယ့် ဒီဇင်ဘာလမှာ အားလုံးအနှစ်ချုပ်နိုင်မှာဖြစ်ပြီး ကျူးလွန်သူတွေကို တရားစွဲဖို့သေချာကြောင်း ပြောကြားခဲ့ပါတယ်။  ပီလိဟာ လွန်ခဲ့တဲ့ ၅ နှစ်က တောထဲက ပျားရည်ဖွတ်ပြီးအပြန် ကဲန်ကကျန်သစ်တောကြိုးဝိုင်း အရာရှိက သူ့ကို ဥပဒေကတားမြစ်တဲ့ တောတွင်းသယံဇာတထုတ်ယူမှုနဲ့ ဖမ်းဆီးခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  ဒီမတိုင်ခင်က နှစ်ပေါင်းရာနဲ့ချီ နေထိုင်လာတဲ့ သူတိုရဲ့ရွာကို အစိုးရက သစ်တောကြိုးဝိုင်းထဲ ပါနေတယ်ဆိုပြီး အတင်းအကြပ်ရွှေ့ပြောင်းစေခဲ့ပါတယ်။ ရွာသားပိုင် နေအိမ်အလုံး ၆၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရာက ရွာသားနဲ့ သစ်တောဝန်ထမ်းတွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။  ဒါကြောင့် ပီလိ သေဆုံးမှုမှာ ထိုစဉ်က တာဝန်ကျတဲ့ သစ်တောအရာရှိနဲ့ ဝန်ထမ်းတွေကို ဒီအက်စ်အိုင်က ပစ်မှတ်ထားပြီး သက်သေအထောက်အထားတွေ ခိုင်လုံအောင် စစ်ဆေးနေပါတယ်။ ဒီကနေ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နစ်နာခဲ့ရသူများအား နစ်နာကြေးပေးတဲ့  အခမ်းအနားကို ဘန်ကောက်မြို့ ထိုင်းအစိုးရဌာနဆိုင်ရာများဗဟိုရုံးမှာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၁၂ ခရိုင်မှ နစ်နာသူ ၂၇ ဦးအတွက် စုစုပေါင်း ဘတ်ငွေ ၁၃၅ သိန်းနီးပါး ပေးအပ်ခဲ့တယ်လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ ====================== အ႐ိုးစုအျဖစ္ျပန္ေတြ႕သည့္ ကရင္႐ြာသားေခါင္းေဆာင္အတြက္ ထိုင္းအစိုးရ ဘတ္ ၁ သိန္းေက်ာ္ ေပးအပ္ ဒီဗြီဘီ လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္က ေပ်ာက္ဆုံးေနၿပီး ၿပီးခဲ့တဲ့လကမွ အ႐ိုးစုအျဖစ္ျပန္ေတြ႕ရသူ ထိုင္းကရင္ေက်း႐ြာ လူထုေခါင္းေဆာင္အတြက္ ထိုင္းတရားေရးဝန္ႀကီးဌာနက က႐ု ဏာေၾကးေငြအျဖစ္ ဘတ္ ၁ သိန္း ၄ ေသာင္းကို က်န္ရစ္သူမိသားစုထံ ေပးအပ္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံအေနာက္ပိုင္း ရာ့ခ်္ပူရီခ႐ိုင္ ကဲန္ကက်န္ၿမိဳ႕နယ္ ဘန္ကလြဲေက်း႐ြာက  ေျမသိမ္းခံ ႐ြာသားေတြဘက္ကေန ရပ္တည္ေတာင္းဆိုခဲ့သူ ႏိုင္းေဖာ္လဂ်ီ ရတ္က်ဳံး က်႐ြန္း ေခၚ ပီလိ ဆိုသူမွာ လြန္ခဲ့တဲ့ ၅ ႏွစ္က ကဲန္ကက်န္သစ္ေတာႀကိဳးဝိုင္းတြင္း ေပ်ာက္ဆုံးသြားခဲ့ၿပီး ထိုင္းအထူး မႈခင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕က ၿပီးခဲ့တဲ့လကမွ သူ႔အေလာင္းကို အ႐ိုးစုအျဖစ္ ရွာေဖြေတြ႕ရွိခဲ့တာပါ။ ပီလိမွာ မိခင္အိုႀကီး၊ ဇနီးသည္ မူးေနာ္နဲ႔ လူမမယ္သားသမီး ၅ ေယာက္ က်န္ရွိၿပီး သူတို႔ေတြအတြက္ ထိုင္းတရားေရးဝန္ႀကီးဌာနက က႐ုဏာေၾကးေငြေပါင္း ဘတ္ ၁ သိန္း ၄ ေသာင္းကို ဒီကေန႔မြန္းလြဲပိုင္းမွာ အခမ္းအနားနဲ႔ ေပးအပ္ခဲ့ပါတယ္။ ပီလိဟာ ႏွိပ္စက္ညႇဥ္းပန္းသတ္ျဖတ္ခံရၿပီး ေသဆုံးရတာေၾကာင့္ ဒါဟာ လူ႔အခြင့္အေရး ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ခံရသူျဖစ္လို႔ တရားေရးဝန္ႀကီးဌာနမွ လူ႔အခြင့္အေရးက ကာကြယ္ေစာင့္ေရွာက္တဲ့အေနနဲ႔ က႐ုဏာေၾကးေပးအပ္တာျဖစ္ေၾကာင္း၊ က႐ုဏာေၾကးမွာ ေသဆုံးမႈအတြက္ ဘတ္ ၈ ေသာင္း၊ အသုဘစရိတ္ ဘတ္ ၂ ေသာင္းနဲ႔ သားသမီးေတြဟာ သူတို႔ကို ရွာေဖြေကြၽးေမြးေနသူ ဖခင္ဆုံးရႈံးရလို႔ ကေလးစရိတ္ ဘတ္ ၄ ေသာင္း ပါဝင္တယ္လို႔ ထိုင္းတရားေရးဝန္ႀကီး ႏိုင္းဆုမ္ဆဒ္ ထိပ္ဆုထင္းက အခမ္းအနားမွာ ေျပာပါတယ္။ အဆိုပါ က႐ုဏာေၾကးေတြကို ပီလိရဲ႕ဇနီးသည္နဲ႔ မိခင္တို႔က တက္ေရာက္လက္ခံယူၿပီး တရားေရးဝန္ႀကီးကို လက္အုပ္ခ်ီကာ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တရားေရးဝန္ႀကီးကလည္း သူတို႔သားအမိကို စိတ္အားမငယ္ဖို႔၊ ထိုင္းတႏိုင္ငံလုံးက ျပည္သူေတြလည္း သူတို႔ကို အားေပးေနေၾကာင္း၊ ပီလိအသတ္ခံရတဲ့အမႈတြဲကို လာမယ့္ ဒီဇင္ဘာလမွာ အားလုံးအႏွစ္ခ်ဳပ္ႏိုင္မွာျဖစ္ၿပီး က်ဴးလြန္သူေတြကို တရားစြဲဖို႔ေသခ်ာေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ပီလိဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က ေတာထဲက ပ်ားရည္ဖြတ္ၿပီးအျပန္ ကဲန္ကက်န္သစ္ေတာႀကိဳးဝိုင္း အရာရွိက သူ႔ကို ဥပေဒကတားျမစ္တဲ့ ေတာတြင္းသယံဇာတထုတ္ယူမႈနဲ႔ ဖမ္းဆီးခဲ့ၿပီး ေပ်ာက္ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဒီမတိုင္ခင္က ႏွစ္ေပါင္းရာနဲ႔ခ်ီ ေနထိုင္လာတဲ့ သူတိုရဲ႕႐ြာကို အစိုးရက သစ္ေတာႀကိဳးဝိုင္းထဲ ပါေနတယ္ဆိုၿပီး အတင္းအၾကပ္ေ႐ႊ႕ေျပာင္းေစခဲ့ပါတယ္။ ႐ြာသားပိုင္ ေနအိမ္အလုံး ၆၀ နီးပါး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရာက ႐ြာသားနဲ႔ သစ္ေတာဝန္ထမ္းေတြၾကား ပဋိပကၡေတြျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ပီလိ ေသဆုံးမႈမွာ ထိုစဥ္က တာဝန္က်တဲ့ သစ္ေတာအရာရွိနဲ႔ ဝန္ထမ္းေတြကို ဒီအက္စ္အိုင္က ပစ္မွတ္ထားၿပီး သက္ေသအေထာက္အထားေတြ ခိုင္လုံေအာင္ စစ္ေဆးေနပါတယ္။ ဒီကေန႔ ရာဇဝတ္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေၾကာင့္ နစ္နာခဲ့ရသူမ်ားအား နစ္နာေၾကးေပးတဲ့  အခမ္းအနားကို ဘန္ေကာက္ၿမိဳ႕ ထိုင္းအစိုးရဌာနဆိုင္ရာမ်ားဗဟို႐ုံးမွာ က်င္းပခဲ့ၿပီး ထိုင္းႏိုင္ငံ ခ႐ိုင္ေပါင္း ၁၂ ခ႐ိုင္မွ နစ္နာသူ ၂၇ ဦးအတြက္ စုစုေပါင္း ဘတ္ေငြ ၁၃၅ သိန္းနီးပါး ေပးအပ္ခဲ့တယ္လို႔ မဒီခြၽန္းထိုင္းသတင္းမွာ ေဖာ္ျပသြားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up