ပုဂံဒေသ ရေရှည်တည်တံ့ရေးအတွက် ခရီးသွားများ ဆောင်ရန်၊ ရှောင်ရန် ပညာပေး


1.2K
ယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသ ရေရှည်တည်တံ့ဖို့အတွက် ခရီးသွားတွေ ဆောင်ရန် ရှောင်ရန်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောကို ဒီကနေ့ ကုန်သည်နဲ့ စက်မှုအသင်းချုပ်မှာ ကျင်းပပါတယ်။
ပုဂံဒေသကို လာတဲ့ ခရီးသွားတွေ ဆောင်ရန် ရှောင်ရန်တွေ သိရှိစေဖို့အတွက် ဘာသာ ၄ မျိုးနဲ့ ရေးသားထားပြီး လူစည်ကားတဲ့ နေရာတွေနဲ့ ဟိုတယ်တွေရဲ့ အခန်းတိုင်းမှာ ကပ်ပြီး အသိပေး နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။
ရှေးဟောင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် ယူနက်စကိုက အသိအမှတ်ပြုခံထားရတဲ့ ပုဂံဒေသမှာ ဘုရားပုထိုး စေတီပေါင်း ၄၄၄၆ ဆူ ရှိရာမှာ လက်ရှိမှာတော့ ၃၈၂၂ ဆူသာ ရှိတော့တယ်လို့ ဆိုပါတယ်။
နှစ်စဉ် ပုဂံဒေသကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်က အယောက် ၈ သိန်းဝန်းကျင် ရှိတယ်လို့လည်း ဟောပြောပွဲကနေ သိရပါတယ်။
ဟောပြောဆွေးနွေးပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ပုဂံဌာနခွဲ၊ ICOMOS Myanmar , CEC Myanmar Archaeology Association၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုက တာဝန်ရှိသူတွေက တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပုဂံေဒသ ေရရွည္တည္တံ့ေရးအတြက္ ခရီးသြားမ်ား ေဆာင္ရန္၊ ေရွာင္ရန္ ပညာေပး
ယဥ္ေက်းမႈအေမြအႏွစ္ ပုဂံေဒသ ေရရွည္တည္တံ့ဖို႔အတြက္ ခရီးသြားေတြ ေဆာင္ရန္ ေရွာင္ရန္နဲ႔ ပတ္သက္ၿပီး အသိပညာေပး ေဟာေျပာကို ဒီကေန႔ ကုန္သည္နဲ႔ စက္မႈအသင္းခ်ဳပ္မွာ က်င္းပပါတယ္။
ပုဂံေဒသကို လာတဲ့ ခရီးသြားေတြ ေဆာင္ရန္ ေရွာင္ရန္ေတြ သိရွိေစဖို႔အတြက္ ဘာသာ ၄ မ်ိဳးနဲ႔ ေရးသားထားၿပီး လူစည္ကားတဲ့ ေနရာေတြနဲ႔ ဟိုတယ္ေတြရဲ႕ အခန္းတိုင္းမွာ ကပ္ၿပီး အသိေပး ႏႈိးေဆာ္ထားတယ္လို႔ ဆိုပါတယ္။
ေရွးေဟာင္း ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ ေဒသအျဖစ္ ယူနက္စကိုက အသိအမွတ္ျပဳခံထားရတဲ့ ပုဂံေဒသမွာ ဘုရားပုထိုး ေစတီေပါင္း ၄၄၄၆ ဆူ ရွိရာမွာ လက္ရွိမွာေတာ့ ၃၈၂၂ ဆူသာ ရွိေတာ့တယ္လို႔ ဆိုပါတယ္။
ႏွစ္စဥ္ ပုဂံေဒသကို လာေရာက္လည္ပတ္တဲ့ ခရီးသြားဧည့္သည္က အေယာက္ ၈ သိန္းဝန္းက်င္ ရွိတယ္လို႔လည္း ေဟာေျပာပြဲကေန သိရပါတယ္။
ေဟာေျပာေဆြးေႏြးပြဲမွာ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ ပုဂံဌာနခြဲ၊ ICOMOS Myanmar , CEC Myanmar Archaeology Association၊ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း၊ ျပည္တြင္း ဘုရားဖူးနဲ႔ ခရီးသြားဝန္ေဆာင္မႈက တာဝန္ရွိသူေတြက တက္ေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။