A d v e r t i s e m e n t With Us

ဆော်ဒီ မြန်နှုန်းမြင့်မီးရထားဘူတာ မီးလောင်၊ ၅ ဦး ဒဏ်ရာရ

ဆော်ဒီအာရေဗျနိုင်ငံ ကမ်းရိုးတန်းမြို့ ဂျဲ့ဒါက မြန်နှုန်းမြင့် မီးရထားဘူတာ ဟာရာမိန်းမှာ စက်တင်ဘာ ၂၉ ရက်က မီးလောင်လို့ လူ ၅ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  မီးစလောင်ပြီး ၄ နာရီလောက် ကြာတဲ့အထိ ဘူတာခေါင်မိုးပေါ်ကနေ မီးခိုးမည်းတွေ တက်နေဆဲပါ။  အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့က လေကြောင်းကနေ မီးကိုငြှိမ်းသတ်နေပြီး မီးလောင်နေတဲ့နေရာ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရရုပ်သံ အယ်လ် အက်ခ်ဘာရီယာက ပြောပါတယ်။  ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့ပြီးပြီလို့ မက်ကာ ဒေသန္တရ အုပ်ချုပ်ရေးရုံးရဲ့ တရားဝင် တွစ်တာ အကောင့်က အစီရင်ခံပါတယ်။ အခင်းဖြစ်ရာနေရာမှာ ဆေးဘက် အဖွဲ့ ၁၆ ဖွဲ့ အလုပ်လုပ်နေတယ်လို့လည်း ပြောပါတယ်။ ပင်လယ်နီ ကမ်းရိုးတန်း မြို့ ဂျဲ့ဒါနဲ့ အစ္စလာမ်ဘာသာအတွက် အမြတ်ဆုံး မြို့  ၂ မြို့ ဖြစ်တဲ့ မက်ကာနဲ့ မေဒီနာမြို့တွေကို ဆက်သွယ်ထားတဲ့ ဟာရာမိန်း ရထားလမ်းဟာ မိုင်၂၈၀ ရှည်ပါတယ်။ ဒီရထားလမ်း တည်ဆောက်ရေးအတွက် ယူရိုငွေ ၆ ဒသမ ၇ ဘီလျံကုန်ကျပြီး ၂၀၁၈ ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ။  တိုင်းပြည်ဝင်ငွေအတွက် ရေနံတင်ပို့မှုကို မှီခိုနေရတဲ့ ဆော်ဒီအတွက် ဒီရထားလမ်းဟာ ခရီးသွားလုပ်ငန်းကနေရတဲ့ ဝင်ငွေတိုးမြှင့်ဖို့ ကြိုးစားချက်တရပ် ဖြစ်ပါတယ်။ ========================================= ေဆာ္ဒီ ျမန္ႏႈန္းျမင့္မီးရထားဘူတာ မီးေလာင္၊ ၅ ဦး ဒဏ္ရာရ DVB ေဆာ္ဒီအာေရဗ်ႏိုင္ငံ ကမ္း႐ိုးတန္းၿမိဳ႕ ဂ်ဲ႕ဒါက ျမန္ႏႈန္းျမင့္ မီးရထားဘူတာ ဟာရာမိန္းမွာ စက္တင္ဘာ ၂၉ ရက္က မီးေလာင္လို႔ လူ ၅ ေယာက္ ဒဏ္ရာရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မီးစေလာင္ၿပီး ၄ နာရီေလာက္ ၾကာတဲ့အထိ ဘူတာေခါင္မိုးေပၚကေန မီးခိုးမည္းေတြ တက္ေနဆဲပါ။ အရပ္ဘက္ ကာကြယ္ေရးတပ္ဖြဲ႕က ေလေၾကာင္းကေန မီးကိုျငႇိမ္းသတ္ေနၿပီး မီးေလာင္ေနတဲ့ေနရာ အစိတ္အပိုင္းအမ်ားအျပားကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ အစိုးရ႐ုပ္သံ အယ္လ္ အက္ခ္ဘာရီယာက ေျပာပါတယ္။ ဒဏ္ရာရသူေတြကို ေဆး႐ုံတင္ပို႔ၿပီးၿပီလို႔ မက္ကာ ေဒသႏၲရ အုပ္ခ်ဳပ္ေရး႐ုံးရဲ႕ တရားဝင္ တြစ္တာ အေကာင့္က အစီရင္ခံပါတယ္။ အခင္းျဖစ္ရာေနရာမွာ ေဆးဘက္ အဖြဲ႕ ၁၆ ဖြဲ႕ အလုပ္လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။ ပင္လယ္နီ ကမ္း႐ိုးတန္း ၿမိဳ႕ ဂ်ဲ႕ဒါနဲ႔ အစၥလာမ္ဘာသာအတြက္ အျမတ္ဆုံး ၿမိဳ႕  ၂ ၿမိဳ႕ ျဖစ္တဲ့ မက္ကာနဲ႔ ေမဒီနာၿမိဳ႕ေတြကို ဆက္သြယ္ထားတဲ့ ဟာရာမိန္း ရထားလမ္းဟာ မိုင္၂၈၀ ရွည္ပါတယ္။ ဒီရထားလမ္း တည္ေဆာက္ေရးအတြက္ ယူ႐ိုေငြ ၆ ဒသမ ၇ ဘီလ်ံကုန္က်ၿပီး ၂၀၁၈ ခုႏွစ္က ဖြင့္လွစ္ခဲ့တာပါ။ တိုင္းျပည္ဝင္ေငြအတြက္ ေရနံတင္ပို႔မႈကို မွီခိုေနရတဲ့ ေဆာ္ဒီအတြက္ ဒီရထားလမ္းဟာ ခရီးသြားလုပ္ငန္းကေနရတဲ့ ဝင္ေငြတိုးျမႇင့္ဖို႔ ႀကိဳးစားခ်က္တရပ္ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up