A d v e r t i s e m e n t With Us

ဟောင်ကောင်ဆန္ဒပြပွဲအတွင်း အင်ဒိုသတင်းထောက်တဦး၏မျက်နှာ ရာဘာကျည် ထိမှန်

ဟောင်ကောင်က ဒီမိုကရေစီရေးဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ အင်ဒိုနီးရှား သတင်းထောက်တယောက်ရဲ့ မျက်နှာမှာ စက်တင်ဘာ ၂၉ ရက်က ရာဘာကျည်ဆန် ထိမှန်ခဲ့ပါတယ်။  သူဟာ အင်ဒိုနီးရှားဘာသာနဲ့ ဟောင်ကောင်မှာ ထုတ်ဝေဖြန့်ချိတဲ့ ဆွာရာသတင်းစာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းကို တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ခုလို ပစ်ခတ်ခံရတာပါ။ မြို့လယ်က အစိုးရရုံးတွေဆီ ဦးတည်ထားတဲ့ ဝမ်ချိုင်းလမ်းထဲက လူကူးတံတားပေါ်ကနေ ရဲတွေ ပြန်ဆုတ်လာတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ပြသပါတယ်။  အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို ရေသန့်ဘူးတွေ၊ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရာဘာကျည်ဆန်နဲ့ မပစ်ခင် ကျနော်တို့က သတင်းထောက်တွေပါလို့ သတင်းထောက်တွေ အော်ခဲ့တဲ့အသံကိုလည်း ကြားရပါတယ်။  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ ဟောင်ကောင်သားအားလုံး မဲပေးခွင့်အတွက် ဆန္ဒပြပွဲတွေလုပ်ဖို့လည်း ဆော်သြ ထားပါတယ်။ ================================ ေဟာင္ေကာင္ဆႏၵျပပြဲအတြင္း အင္ဒိုသတင္းေထာက္တဦး၏မ်က္ႏွာ ရာဘာက်ည္ ထိမွန္ DVB ေဟာင္ေကာင္က ဒီမိုကေရစီေရးဆႏၵျပပြဲေတြကို သတင္းယူေနတဲ့ အင္ဒိုနီးရွား သတင္းေထာက္တေယာက္ရဲ႕ မ်က္ႏွာမွာ စက္တင္ဘာ ၂၉ ရက္က ရာဘာက်ည္ဆန္ ထိမွန္ခဲ့ပါတယ္။ သူဟာ အင္ဒိုနီးရွားဘာသာနဲ႔ ေဟာင္ေကာင္မွာ ထုတ္ေဝျဖန႔္ခ်ိတဲ့ ဆြာရာသတင္းစာရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန သတင္းကို တိုက္႐ိုက္ထုတ္လႊင့္ေနခ်ိန္မွာ ခုလို ပစ္ခတ္ခံရတာပါ။ ၿမိဳ႕လယ္က အစိုးရ႐ုံးေတြဆီ ဦးတည္ထားတဲ့ ဝမ္ခ်ိဳင္းလမ္းထဲက လူကူးတံတားေပၚကေန ရဲေတြ ျပန္ဆုတ္လာတဲ့ ႐ုပ္သံကို ႐ိုက္တာသတင္းဌာနက ျပသပါတယ္။ အဓိက႐ုဏ္း ႏွိမ္နင္းေရးရဲေတြကို ေရသန႔္ဘူးေတြ၊ တျခားပစၥည္းေတြနဲ႔ ပစ္ေပါက္ေနတဲ့ ဆႏၵျပသူေတြကို ရဲေတြက ရာဘာက်ည္ဆန္နဲ႔ မပစ္ခင္ က်ေနာ္တို႔က သတင္းေထာက္ေတြပါလို႔ သတင္းေထာက္ေတြ ေအာ္ခဲ့တဲ့အသံကိုလည္း ၾကားရပါတယ္။ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇ဝ ျပည့္ ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ အဂၤါေန႔မွာ ေဟာင္ေကာင္သားအားလုံး မဲေပးခြင့္အတြက္ ဆႏၵျပပြဲေတြလုပ္ဖို႔လည္း ေဆာ္ၾသ ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up