ဟောင်ကောင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ တရုတ်အစိုးရထောက်ခံသူတဦး တိုက်ခိုက်ခံရ

ဗြိတိန်ကိုလိုနီဟောင်းဖြစ်ပြီး တရုတ်ပြည်မကြီး အုပ်ချုပ်မှုအောက်ကို ပြန်ရောက်နေတဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေ၊ တရုတ်ပြည်မကြီးကို လိုလားသူတွေကြား အကြမ်းဖက် ထိပ်တိုက်တွေ့တာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာတော့ ဟောင်ကောင် ဆန္ဒပြသူတွေဟာ တရုတ်ပြည်မကြီးကို ထောက်ခံသူလို့ပြောတဲ့ အမျိုးသားတယောက်ကို တိုက်ခိုက်ခဲ့ကြပါတယ်။  သူဟာ ဝတ်စုံနက် ဝတ်ဆန္ဒပြသူတချို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး လူအုပ်က အဝေးကိုဆွဲထုတ် မသွားခင် မြေပေါ်မှာ အကန်ခံခဲ့ရပါတယ်။  ဝမ်ချိုင်းဘားတွေနဲ့ မြေအောက်ဘူတာ ရှိရာနေရာ၊ အစိုးရရုံးတွေ နဲ့ ရဲဌာနချုပ် ရှိတဲ့ခရိုင်နဲ့ ကော့စ်ဝေးပင်လယ်အော်က ဈေးတန်းတွေ၊ စည်ကားတဲ့ ခရိုင်ထဲမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။  တရုတ်နိုင်ငံကို တည်ထောင်ခဲ့တဲ့ နှစ် ၇ဝ ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်တဲ့ အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့ မတိုင်ခင်ထိ ဆန္ဒပြပွဲတွေကို ပိုလုပ်ဖို့ စီစဉ်ထားပါတယ်။ အကြမ်းဖက် ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ရဲတွေဟာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းခဲ့ပါတယ်။  ရဲတွေက ရေအမြောက်တွေ၊ ရာဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကိုသုံးပြီး ဆန္ဒပြသူတွေကို ပစ်မှတ်ထား ဖြိုခွဲချိန်မှာ ဆန္ဒပြသူတွေကလည်း ဓာတ်ဆီပုလင်းဗုံးတွေ အုတ်ခဲတွေနဲ့ ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး မငြိမ်သက်မှုတွေ စဖြစ်တည်းက အကျယ်ပြန့်ဆုံး အကြမ်းဖက်မှုတချို့လည်း ဖြစ်ပါတယ်။  ရဲတွေက ရေအမြောက်တွေ မျက်ရည်ယိုဓာတ်ငွေ့တွေကို မသုံးခင် ဗြိတိန်အုပ်ချုပ်ချိန် အစဉ်အလာအတိုင်း လက်တုံ့ပြန်မယ်လို့ သတိပေးထားတဲ့ ပိုစတာတွေကို လွှင့်ထူခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ပိုလွယ်လွယ် ခွဲခြားနိုင်ဖို့ ရေအမြောက်က အပြာရောင် ဆေးဆိုး ထားတဲ့ ရေတွေနဲ့ ပက်ခဲ့ပါတယ်။  တရုတ်ပြည်မကြီးက သံသယရှိသူတွေကို တရားရုံးတွေမှာ စစ်ဆေးဖို့ ရာဇဝတ်သား သံသယရှိသူတွေကို ပြည်မကြီးဆီ လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ ဇွန်လမှာ စတင်ပေါ်ပေါက်လာတာပါ။ အငြင်းပွား ဥပဒေမူကြမ်းကို အခု ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြပွဲတွေ ရပ်မသွားဘဲ ဟောင်ကောင်မှာ လွတ်လပ်စွာ မဲပေးခွင့်အတွက် တောင်းဆိုမှု ပိုကျယ်ပြန့်လာခဲ့ပါတယ်။ =============================== ေဟာင္ေကာင္ ဆႏၵျပသူမ်ားႏွင့္ရဲတပ္ဖြဲ႕ ႐ုန္းရင္းဆန္ခတ္ျဖစ္၊ တ႐ုတ္အစိုးရေထာက္ခံသူတဦး တိုက္ခိုက္ခံရ DVB ၿဗိတိန္ကိုလိုနီေဟာင္းျဖစ္ၿပီး တ႐ုတ္ျပည္မႀကီး အုပ္ခ်ဳပ္မႈေအာက္ကို ျပန္ေရာက္ေနတဲ့ ေဟာင္ေကာင္မွာ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူေတြနဲ႔ ရဲေတြ၊ တ႐ုတ္ျပည္မႀကီးကို လိုလားသူေတြၾကား အၾကမ္းဖက္ ထိပ္တိုက္ေတြ႕တာေတြ ဆက္တိုက္ျဖစ္ေနပါတယ္။ စက္တင္ဘာ ၂၉ ရက္မွာေတာ့ ေဟာင္ေကာင္ ဆႏၵျပသူေတြဟာ တ႐ုတ္ျပည္မႀကီးကို ေထာက္ခံသူလို႔ေျပာတဲ့ အမ်ိဳးသားတေယာက္ကို တိုက္ခိုက္ခဲ့ၾကပါတယ္။ သူဟာ ဝတ္စုံနက္ ဝတ္ဆႏၵျပသူတခ်ိဳ႕နဲ႔ ထိပ္တိုက္ေတြ႕ခဲ့ၿပီး လူအုပ္က အေဝးကိုဆြဲထုတ္ မသြားခင္ ေျမေပၚမွာ အကန္ခံခဲ့ရပါတယ္။ ဝမ္ခ်ိဳင္းဘားေတြနဲ႔ ေျမေအာက္ဘူတာ ရွိရာေနရာ၊ အစိုးရ႐ုံးေတြ နဲ႔ ရဲဌာနခ်ဳပ္ ရွိတဲ့ခ႐ိုင္နဲ႔ ေကာ့စ္ေဝးပင္လယ္ေအာ္က ေဈးတန္းေတြ၊ စည္ကားတဲ့ ခ႐ိုင္ထဲမွာ ရဲေတြနဲ႔ ဆႏၵျပသူေတြ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံကို တည္ေထာင္ခဲ့တဲ့ ႏွစ္ ၇ဝ ျပည့္ ႏွစ္ပတ္လည္ေန႔လည္းျဖစ္တဲ့ ေအာက္တိုဘာ ၁ ရက္ တ႐ုတ္အမ်ိဳးသားေန႔ မတိုင္ခင္ထိ ဆႏၵျပပြဲေတြကို ပိုလုပ္ဖို႔ စီစဥ္ထားပါတယ္။ အၾကမ္းဖက္ ဆႏၵျပပြဲေတြေၾကာင့္ ေဟာင္ေကာင္ရဲေတြဟာ ဒါဇင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို ဖမ္းခဲ့ပါတယ္။ ရဲေတြက ေရအေျမာက္ေတြ၊ ရာဘာက်ည္ဆန္ေတြနဲ႔ မ်က္ရည္ယိုဓာတ္ေငြ႕ေတြကိုသုံးၿပီး ဆႏၵျပသူေတြကို ပစ္မွတ္ထား ၿဖိဳခြဲခ်ိန္မွာ ဆႏၵျပသူေတြကလည္း ဓာတ္ဆီပုလင္းဗုံးေတြ အုတ္ခဲေတြနဲ႔ ပစ္ခတ္တုံ႔ျပန္ခဲ့ပါတယ္။ ဒါဟာ ေဟာင္ေကာင္မွာ အစိုးရဆန႔္က်င္ေရး မၿငိမ္သက္မႈေတြ စျဖစ္တည္းက အက်ယ္ျပန႔္ဆုံး အၾကမ္းဖက္မႈတခ်ိဳ႕လည္း ျဖစ္ပါတယ္။ ရဲေတြက ေရအေျမာက္ေတြ မ်က္ရည္ယိုဓာတ္ေငြ႕ေတြကို မသုံးခင္ ၿဗိတိန္အုပ္ခ်ဳပ္ခ်ိန္ အစဥ္အလာအတိုင္း လက္တုံ႔ျပန္မယ္လို႔ သတိေပးထားတဲ့ ပိုစတာေတြကို လႊင့္ထူခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြကို ပိုလြယ္လြယ္ ခြဲျခားႏိုင္ဖို႔ ေရအေျမာက္က အျပာေရာင္ ေဆးဆိုး ထားတဲ့ ေရေတြနဲ႔ ပက္ခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီးက သံသယရွိသူေတြကို တရား႐ုံးေတြမွာ စစ္ေဆးဖို႔ ရာဇဝတ္သား သံသယရွိသူေတြကို ျပည္မႀကီးဆီ လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္ၿပီး ဆႏၵျပပြဲေတြ ဇြန္လမွာ စတင္ေပၚေပါက္လာတာပါ။ အျငင္းပြား ဥပေဒမူၾကမ္းကို အခု ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္ေပမယ့္ ဆႏၵျပပြဲေတြ ရပ္မသြားဘဲ ေဟာင္ေကာင္မွာ လြတ္လပ္စြာ မဲေပးခြင့္အတြက္ ေတာင္းဆိုမႈ ပိုက်ယ္ျပန႔္လာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up