လက်ဘနွန်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် စီးပွားရေးအခြေအနေ ဆိုးရွားမှုကို ဆန့်ကျင့်ဆန္ဒပြ

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ စက်တင်ဘာ ၂၉ ရက်က ရာချီတဲ့လူတွေ စုဝေးပြီး နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေးအခြေအနေ ဆိုးရွားလာတာကို ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပါတယ်။
ဆိုင်းဘုတ်တွေ အလံတွေ ကိုင်ဆောင်ချီတက်လာတဲ့ ဆန္ဒပြသူတွေဟာ ဘီရွတ်မြို့လယ်ခေါင်က အဓိက လမ်းမကြီးတွေကို ပိတ်ဆို့ပြီး တာရာနဲ့ အမှိုက်ပုံးတွေကို မီးရှို့ခဲ့ကြပါတယ်။
ဆန္ဒပြနေရာမှာ လုံခြုံရေးအခြေအနေ တိုးမြှင့်ထားချိန် လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာလည်း ဆန္ဒပြသူတချို့ စုဝေးခဲ့ကြပါတယ်။
ဆီးရီးယားနိုင်ငံ မြို့တော်ဒမာစကတ်ကိုသွားတဲ့ အဝေးပြေးလမ်းမကြီး အပါအဝင် တနင်္ဂနွေနေ့က လက်ဘနွန်နိုင်ငံတစ်လွှား နေရာသုံးနေရာထက်မနည်းမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။
လက်ရှိမှာ လက်ဘနွန်နိုင်ငံဟာ ဝင်ငွေလျော့ကျလာတဲ့ ပြဿနာနဲ့အတူ အကြွေးတွေ ပိနေပြီး ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေပါတယ်။
==============================
လက္ဘႏြန္တြင္ အက်င့္ပ်က္ျခစားမႈႏွင့္ စီးပြားေရးအေျခအေန ဆိုး႐ြားမႈကို ဆန႔္က်င့္ဆႏၵျပ
DVB
လက္ဘႏြန္ႏိုင္ငံ ၿမိဳ႕ေတာ္ေဘ႐ြတ္မွာ စက္တင္ဘာ ၂၉ ရက္က ရာခ်ီတဲ့လူေတြ စုေဝးၿပီး ႏိုင္ငံတြင္း အက်င့္ပ်က္ျခစားမႈနဲ႔ စီးပြားေရးအေျခအေန ဆိုး႐ြားလာတာကို ဆန႔္က်င္ဆႏၵျပ ခဲ့ၾကပါတယ္။
ဆိုင္းဘုတ္ေတြ အလံေတြ ကိုင္ေဆာင္ခ်ီတက္လာတဲ့ ဆႏၵျပသူေတြဟာ ဘီ႐ြတ္ၿမိဳ႕လယ္ေခါင္က အဓိက လမ္းမႀကီးေတြကို ပိတ္ဆို႔ၿပီး တာရာနဲ႔ အမႈိက္ပုံးေတြကို မီးရႈိ႕ခဲ့ၾကပါတယ္။
ဆႏၵျပေနရာမွာ လုံၿခဳံေရးအေျခအေန တိုးျမႇင့္ထားခ်ိန္ လႊတ္ေတာ္အေဆာက္အအုံ အျပင္ဘက္မွာလည္း ဆႏၵျပသူတခ်ိဳ႕ စုေဝးခဲ့ၾကပါတယ္။
ဆီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ဒမာစကတ္ကိုသြားတဲ့ အေဝးေျပးလမ္းမႀကီး အပါအဝင္ တနဂၤေႏြေန႔က လက္ဘႏြန္ႏိုင္ငံတစ္လႊား ေနရာသုံးေနရာထက္မနည္းမွာ ဆႏၵျပသူေတြ စုေဝးခဲ့ၾကတယ္လို႔ ႏိုင္ငံပိုင္သတင္းဌာနက ေျပာပါတယ္။
လက္ရွိမွာ လက္ဘႏြန္ႏိုင္ငံဟာ ဝင္ေငြေလ်ာ့က်လာတဲ့ ျပႆနာနဲ႔အတူ အေႂကြးေတြ ပိေနၿပီး ဘ႑ာေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနပါတယ္။