A d v e r t i s e m e n t With Us

သူ့ကြိုးစားအားထုတ်မှုအတွက် နိုဘယ်လ်ဆုတခု ရသင့်ဟု သမ္မတထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် နိုဘယ်လ်ဆုတခု ရသင့်တယ်လို့ ပြောလိုက်ပါတယ်။  ထရမ့်ဟာ မြောက်ကိုရီးယားအရေးနဲ့ ဆီးရီးယားအရေး စတဲ့ သူ့ရဲ့ အားထုတ်မှုတွေအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရဖို့ ထိုက်တန်တဲ့အကြောင်း ထပ်ခါတလဲလဲ ပြောလေ့ရှိပေမယ့် နိုဘယ်လ်ဆုတခါမှ မချီးမြှင့်ခံရတာကိုလည်း သူက စောဒကတက်လေ့ရှိပါတယ်။  “အိုဘားမားကို နိုဘယ်လ်ဆုပေးလိုက်ကြတယ်။ အိုဘားမားက သူဘာအတွက် ဒီဆုရလိုက်လဲ ဆိုတာတောင် မသိဘူး” လို့ ထရမ့်က ဝေဖန်ခဲ့ပါတယ်။  ထရမ့်ဟာ  မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြေလျော့ပြီး ဆွေးနွေးပွဲတွေ လမ်းဖွင့်ပေးခဲ့တဲ့ လုပ်ရပ်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၂၀၁၉ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် သူ့ကို အမည်စာရင်းတင်သွင်းခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။  လွှတ်တော်အမတ်တွေ၊ အစိုးရအရာရှိတွေ၊ နိုင်ငံ့အကြီးအကဲတွေ၊ သမိုင်းဆိုင်ရာ၊ လူမှုသိပ္ပံနဲ့ ဥပဒေဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေ အပါအဝင် နိုဘယ်လ်ဆုရှင်ဟောင်းတွေဟာ  နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်း နိုင်ပါတယ်။ ============================= သူ႔ႀကိဳးစားအားထုတ္မႈအတြက္ ႏိုဘယ္လ္ဆုတခု ရသင့္ဟု သမၼတထရမ့္ ေျပာ DVB အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြအတြက္ ႏိုဘယ္လ္ဆုတခု ရသင့္တယ္လို႔ ေျပာလိုက္ပါတယ္။ ထရမ့္ဟာ ေျမာက္ကိုရီးယားအေရးနဲ႔ ဆီးရီးယားအေရး စတဲ့ သူ႔ရဲ႕ အားထုတ္မႈေတြအတြက္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရဖို႔ ထိုက္တန္တဲ့အေၾကာင္း ထပ္ခါတလဲလဲ ေျပာေလ့ရွိေပမယ့္ ႏိုဘယ္လ္ဆုတခါမွ မခ်ီးျမႇင့္ခံရတာကိုလည္း သူက ေစာဒကတက္ေလ့ရွိပါတယ္။ “အိုဘားမားကို ႏိုဘယ္လ္ဆုေပးလိုက္ၾကတယ္။ အိုဘားမားက သူဘာအတြက္ ဒီဆုရလိုက္လဲ ဆိုတာေတာင္ မသိဘူး” လို႔ ထရမ့္က ေဝဖန္ခဲ့ပါတယ္။ ထရမ့္ဟာ  ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရး တင္းမာမႈေတြ ေျဖေလ်ာ့ၿပီး ေဆြးေႏြးပြဲေတြ လမ္းဖြင့္ေပးခဲ့တဲ့ လုပ္ရပ္အတြက္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ၂၀၁၉ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရး ဆုအတြက္ သူ႔ကို အမည္စာရင္းတင္သြင္းခဲ့တယ္လို႔ ထရမ့္ကေျပာပါတယ္။ လႊတ္ေတာ္အမတ္ေတြ၊ အစိုးရအရာရွိေတြ၊ ႏိုင္ငံ့အႀကီးအကဲေတြ၊ သမိုင္းဆိုင္ရာ၊ လူမႈသိပၸံနဲ႔ ဥပေဒဆိုင္ရာ တကၠသိုလ္ပါေမာကၡေတြ အပါအဝင္ ႏိုဘယ္လ္ဆုရွင္ေဟာင္းေတြဟာ  ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ အမည္စာရင္း တင္သြင္း ႏိုင္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up