ဂရိနိုင်ငံ ဒုက္ခသည်စခန်းတခုတွင် မီးလောင်

ဂရိနိုင်ငံအရှေ့ပိုင်း လက်စ်ဘော်မြို့က လူတွေပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတခုထဲမှာ စက်တင်ဘာ ၂၉ ရက်က ကုန်သေတ္တာတလုံး မီးလောင်တာကြောင့် လူတယောက် သေဆုံးခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဒုက္ခသည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် မိုရီယာ ဒုက္ခသည်စခန်းကနေ မီးခိုးတွေ ထွက်ပေါ်လာတာပါ။
မိုရီယာဒုက္ခသည်စခန်းမှာ လူဦးရေ ၁၂၀၀၀ ကျော်လောက် နေထိုင်နေကြပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်သမားတွေရောက်လာပြီး ငြိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်ကျွမ်း သေဆုံးနေတဲ့ အလောင်းတလောင်းကို ဆေးရုံပို့ဆောင်ခဲ့ပြီး မှုခင်း စုံစမ်းရေးအရာရှိတွေက ဆက်စစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒုက္ခသည်စခန်းမှာ အခြေအနေတွေ ပြန်တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ဒေသန္တရ ရဲတပ်ဖွဲ့ အကြီးအကဲ အပါအဝင် ရဲအင်အား အပြည့်စေလွှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆက်ပြောပါတယ်။
ကုန်သေတ္တာမီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါ့အပြင် အခင်းဖြစ်တဲ့နေရာမှာ နောက်ထပ်အလောင်း တလောင်းတွေ့တဲ့အကြောင်း သတင်းတွေ ထွက်လာတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
==============================================
ဂရိႏိုင္ငံ ဒုကၡသည္စခန္းတခုတြင္ မီးေလာင္
DVB
ဂရိႏိုင္ငံအေရွ႕ပိုင္း လက္စ္ေဘာ္ၿမိဳ႕က လူေတြျပည့္ၾကပ္ေနတဲ့ ဒုကၡသည္စခန္းတခုထဲမွာ စက္တင္ဘာ ၂၉ ရက္က ကုန္ေသတၱာတလုံး မီးေလာင္တာေၾကာင့္ လူတေယာက္ ေသဆုံးခဲ့တယ္လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။
ဒုကၡသည္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြအၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ေနခ်ိန္ မိုရီယာ ဒုကၡသည္စခန္းကေန မီးခိုးေတြ ထြက္ေပၚလာတာပါ။
မိုရီယာဒုကၡသည္စခန္းမွာ လူဦးေရ ၁၂၀၀၀ ေက်ာ္ေလာက္ ေနထိုင္ေနၾကပါတယ္။ မီးေလာင္တဲ့ေနရာကို မီးသတ္သမားေတြေရာက္လာၿပီး ၿငိမ္းသတ္ခဲ့ၾကပါတယ္။
မီးေလာင္ကြၽမ္း ေသဆုံးေနတဲ့ အေလာင္းတေလာင္းကို ေဆး႐ုံပို႔ေဆာင္ခဲ့ၿပီး မႈခင္း စုံစမ္းေရးအရာရွိေတြက ဆက္စစ္ေဆးသြားမယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဒုကၡသည္စခန္းမွာ အေျခအေနေတြ ျပန္တည္ၿငိမ္ေအာင္ ထိန္းသိမ္းဖို႔ ေဒသႏၲရ ရဲတပ္ဖြဲ႕ အႀကီးအကဲ အပါအဝင္ ရဲအင္အား အျပည့္ေစလႊတ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဆက္ေျပာပါတယ္။
ကုန္ေသတၱာမီးေလာင္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ တိတိက်က် မသိရေသးပါဘူး။ ဒါ့အျပင္ အခင္းျဖစ္တဲ့ေနရာမွာ ေနာက္ထပ္အေလာင္း တေလာင္းေတြ႕တဲ့အေၾကာင္း သတင္းေတြ ထြက္လာတယ္လို႔ အတည္မျပဳႏိုင္တဲ့ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။