ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၏ ဗွီဒီယိုဖိုင်ကို ဟူသီသူပုန်များ ပြသ

ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေဟာ  ဆော်ဒီအာရေဗျနိုင်ငံနဲ့ နယ်စပ်နားက တိုက်ပွဲတခုအတွင်း သိမ်းဆည်းရမိတဲ့ ယာဉ်တွေနဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်တခုကို စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ဖော် ပြသလိုက်ပါတယ်။  ဆော်ဒီအာရေဗျတောင်ပိုင်း နာဂျရန်မြို့နဲ့ နယ်စပ်နားမှာ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အီရန်နဲ့ မဟာမိတ်ဟူသီတွေက အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ စက်တင်ဘာ ၂၈ ရက်မှာ ကြေညာခဲ့ပေမယ့် ဆော်ဒီဘက်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ကြေညာတာ မရှိသေးပါဘူး။  အဲဒီရုပ်သံဖိုင်မှာ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးနေတဲ့ ယာဉ်တွေကိုတွေ့ရပြီး တိုက်ခိုက်ရေးသမားတွေဟာ လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ ဟူသီတွေက ပြောပါတယ်။ ၇၂ နာရီကြာတဲ့ အဲဒီစစ်ဆင်ရေးမှာ အသေအပျောက်များပြီး ဆော်ဒီစစ်ဘက် အရာရှိတွေ၊ စစ်သားတွေအပါအဝင် ထောင်ချီတဲ့ တပ်သားတွေကို ဖမ်းမိခဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ စစ်ကားတွေကိုလည်း ရာနဲ့ချီ သိမ်းဆည်းရမိခဲ့တယ်လို့ ဟူသီစစ်တပ်ပြောခွင့်ရ ဟာယာဆာရီယာက ပြောပါတယ်။  ဒါပေမယ့် အဲဒီရုပ်သံဖိုင်ကို ဘယ်နေ့က ရိုက်ကူးခဲ့တယ်ဆိုတာကိုတော့ ဆာရီယာက မပြောခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ============================= ဖမ္းဆီးရမိသည့္ စစ္သုံ႔ပန္းမ်ား၏ ဗြီဒီယိုဖိုင္ကို ဟူသီသူပုန္မ်ား ျပသ DVB ယီမင္ႏိုင္ငံအေျခစိုက္ ဟူသီသူပုန္ေတြဟာ  ေဆာ္ဒီအာေရဗ်ႏိုင္ငံနဲ႔ နယ္စပ္နားက တိုက္ပြဲတခုအတြင္း သိမ္းဆည္းရမိတဲ့ ယာဥ္ေတြနဲ႔ စစ္သုံ႔ပန္းေတြရဲ႕ ႐ုပ္သံဗြီဒီယိုဖိုင္တခုကို စက္တင္ဘာ ၂၉ ရက္ေန႔က ထုတ္ေဖာ္ ျပသလိုက္ပါတယ္။ ေဆာ္ဒီအာေရဗ်ေတာင္ပိုင္း နာဂ်ရန္ၿမိဳ႕နဲ႔ နယ္စပ္နားမွာ တိုက္ပြဲျဖစ္ခဲ့ၾကတာပါ။ အီရန္နဲ႔ မဟာမိတ္ဟူသီေတြက အဲဒီတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္လို႔ စက္တင္ဘာ ၂၈ ရက္မွာ ေၾကညာခဲ့ေပမယ့္ ေဆာ္ဒီဘက္ကေတာ့ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ခ်က္ခ်င္း တုံ႔ျပန္ေၾကညာတာ မရွိေသးပါဘူး။ အဲဒီ႐ုပ္သံဖိုင္မွာ တိုက္ပြဲအတြင္း မီးေလာင္ပ်က္စီးေနတဲ့ ယာဥ္ေတြကိုေတြ႕ရၿပီး တိုက္ခိုက္ေရးသမားေတြဟာ လက္နက္ခ် အညံ့ခံခဲ့ၾကတယ္လို႔ ဟူသီေတြက ေျပာပါတယ္။ ၇၂ နာရီၾကာတဲ့ အဲဒီစစ္ဆင္ေရးမွာ အေသအေပ်ာက္မ်ားၿပီး ေဆာ္ဒီစစ္ဘက္ အရာရွိေတြ၊ စစ္သားေတြအပါအဝင္ ေထာင္ခ်ီတဲ့ တပ္သားေတြကို ဖမ္းမိခဲ့ၿပီး လက္နက္တပ္ဆင္ထားတဲ့ စစ္ကားေတြကိုလည္း ရာနဲ႔ခ်ီ သိမ္းဆည္းရမိခဲ့တယ္လို႔ ဟူသီစစ္တပ္ေျပာခြင့္ရ ဟာယာဆာရီယာက ေျပာပါတယ္။ ဒါေပမယ့္ အဲဒီ႐ုပ္သံဖိုင္ကို ဘယ္ေန႔က ႐ိုက္ကူးခဲ့တယ္ဆိုတာကိုေတာ့ ဆာရီယာက မေျပာခဲ့ဘူးလို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up