Home
ဆောင်းပါး
အနာဂတ်မျှော် လူ့အဖွဲ့အစည်းသစ် 5.0
DVB
·
September 30, 2019
"ပြောင်းလဲခြင်းတရားဟာ မပြောင်းလဲဘူး"ဆိုတဲ့ ဟီရာကလိုက်တပ်စ်ရဲ့ စကားလိုပဲ ကမ္ဘာကြီးဟာလည်း အစဉ်အမြဲ ပြောင်းလဲနေတာပါပဲ။ ဖြတ်သန်းခဲ့တဲ့ နှစ်သန်းချီ ကာလတွေမှာ သဘာဝတရားတွေ သက်ရှိသတ္တဝါတွေ၊ ပြောင်းလဲခဲ့ပြီးပြီ။ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ရဲ့ ရလဒ်တွေ၊ တရွေ့ရွေ့ချင်း ပေါ်လာတဲ့ တွေ့ရှိချက်တွေကလည်း လောကစံနှုန်းတွေကို ရွေ့လျားစေခဲ့ပြန်သည်။ သမိုင်းတင်ကာလတွေဆီသို့ ခြေလှမ်းစိတ်စိတ်နှင့် လှမ်းခဲ့သည်။ ပညာရှင် အဆက်ဆက်မှလည်း မှတ်သားရလွယ်အောင် ခေတ်ကို အမည်သညာပြု၍ ခွဲခြမ်းခဲ့ကြသည်။ ကားလ်မတ်စ်ကလည်း ခေတ် ၅ ခေတ် ခွဲခြမ်းလေ့လာခဲ့သည်။ (၁) သမိုင်းဦးဘုံမြေခေတ်၊ (၂) မြေရှင်ပဒေသရာဇ်ခေတ်၊ (၃) ကျေးပိုင်ကျွန်ပိုင်ခေတ်၊ (၄) အရင်းရှင်ခေတ်နှင့် (၅) ဆိုရှယ်လစ်ခေတ် ဟူ၍ပင်။ သူ့ခေတ် သူ့ကာလ သူ့မျှော်မှန်းချက်နှင့် သူ့လိုအပ်ချက်အရ ဖွင့်ဆိုသတ်မှတ်ခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ ၁၉ ရာစုမှ ယနေ့အထိ သူ့ကန့်သတ်ပေးထားချက်အတိုင်း ခေတ်ကြီး ၅ ခေတ်ကို ကိုးကားပြောဆိုနေကြဆဲပင်။ သို့သော် အချို့သော ဖွံ့ဖြိုးပြီးဒေသ၏ ပညာရှင်တို့ကမူ ခေတ် ၅ ခေတ် အယူကို ပြောဆိုခြင်း မပြုကြတော့။ အသစ် အသစ်သော ပိုင်းခြားမှုအတွက် အနာဂတ်မျှော် ဖော်ထုတ်လာကြပြန်သည်။ ၎င်းတို့ ခွဲခြမ်းပြခဲ့သော ခေတ်ကြီး ၅ ခေတ်မှာ (က) Society 1.0၊ (ခ) Society 2.0 ၊ (ဂ) Society 3.0 ၊ (ဃ) Soviety 4.0 ၊ (င) Society 5.0 ဟူ၍ သတ်မှတ်ချက် ပေးကြသည်ကိုတွေ့ရသည်။ Society 1.0 မှာ အမဲလိုက်လူ့အဖွဲ့အစည်း (Hunting Society)။ ဤကာလတွင် လူသားနှင့် သဘာဝတရားတို့ ကွဲပြားခြင်းမရှိဘဲ ပူးတွဲနေထိုင်ရာကာလ။ ဂူအောင်းသတ္တဝါ ဘဝမျိုးမှာပဲ ရှိသည်။ သဘာဝကို လိုအပ်သလို ပြုပြင်နေထိုင်နိုင်စွမ်း ချည့်နဲ့နေသေးတဲ့ အချိန်ပင်။ အစားအစာအတွက် အမဲလိုက်မည်။ သားငါး အစိမ်းစားသည့် ဘဝများသာ။ အနေအထိုင်အတွက် သဘာဝဂူများ ရှိသည်။ ထိုကာလကို အခြားသက်ရှိသတ္တဝါများနှင့်မတူ၊ လူသားဟူ၍ ထင်ထင်ရှားရှား ကွဲပြားစွာ ဖြစ်တည်လာတဲ့အချိန်မှစပြီး ခရစ်မပေါ်မီ နှစ်ပေါင်း ၁၃၀၀၀ BC ခန့်အထိ ရှည်ကြာခဲ့သည်ဟု ဆိုသည်။ တထပ်တည်း မကျသော်လည်း မတ်ခ်စ်၏ သမိုင်းဦးဘုံမြေခေတ်နှင့် ဆင်တူဟန်ရှိပါသည်။     Society 2.0 ကိုတော့ နှစ်ပေါင်း ၁၃၀၀၀ BC မှ အစပြု ပြောလေ့ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်း လူ့အဖွဲ့အစည်းတခုကို ရောက်လာသည့် ကာလများပင်။ ဤအဖွဲ့အစည်းကိုတော့ Agrarian Society ဟုဆိုသည်။ ယင်းအဆင့်မှာ လယ်ယာမြေများ တည်လာကြသည်။ ဆည်တွေ၊ မြောင်းတွေ ဖောက်ပြီး ရေသွယ်ယူကာ စိုက်ပျိုးသော အခြေအနေအထိ တိုးတက်လာသည်။ သဘာဝတရားကို လူသားက ပြုပြင်စီမံလာနိုင်ခဲ့သည်။ နေထိုင်ရန်အတွက် အိုးအိမ် အတည်တကျနှင့် အခြေစိုက်လာသည်။  ကားမတ်ခ်စ် အလိုအရ ဤကာလကို မြေရှင်ပဒေသရာဇ်ခေတ်ဟု အမည်နာမပြုခဲ့သည်။ စူး၊ ဆောက်၊ ဓား၊ ထွန်၊ ထယ် စသော ကိရိယာတန်ဆာပလာတွေ အသုံးပြုမှု မြင့်မားလာခဲ့သည်။ ကာလအားဖြင့် ၁၃၀၀၀ BC ကနေ ၁၈ ရာစု စက်မှုတော်လှန်ရေးကာလ ရောက်သည်အထိဟု ဆိုနိုင်သည်။ Society 3.0 မှာလည်း ကားလ်မတ်ခ် ပြောသကဲ့သို့ Society 2.0 ထဲတွင် သန္ဓေတည်ပြီး စက်မှုတော်လှန်ရေး ပထမအဆင့်သို့ ကူးပြောင်းလာခဲ့သည်။ Society 3.0 အဆင့်သုံးဆင့် ခွဲလေ့လာပြခဲ့သည်။ ပထမစက်မှုတော်လှန်ရေး အဆင့်ကိုတော့ အသေးစား စက်မှုတော်လှန်ရေးကာလ။ ဒုတိယစက်မှုတော်လှန်ရေးအဆင့်တွင် အကြီးစား စက်မှုလုပ်ငန်းနှင့် ဓာတုစက်ရုံတွေ ပေါ်လာခဲ့သည့်ကာလ။ တတိယစက်မှုတော်လှန်ရေးကာလမှာ ကွန်ပျူတာနှင့် အင်တာနက်တွေ ပေါ်လာသည့်ကာလ။ သူတို့၏ ကာလအပိုင်းအခြားကိုတော့ ၁၈ ရာစု အဆုံးပိုင်းနှင့် ၁၉ ရာစုအလယ်ပိုင်းအထိ ပထမနဲ့ ဒုတိယစက်မှုတော်လှန်ရေးကာလဟု ဆိုရန်သင့်မည် ထင်သည်။ ၁၉ ရာစုနှောင်းပိုင်းမှ ၂၀ ရာစုဆန်းစ ကာလများမှာ Society 4.0 အကူးအပြောင်းကာလ။ မတ်စ်အလိုအရဆိုလျှင် စက်မှုအရင်းရှင်ခေတ် အလွန်။ Society 4.0 ကို ကူးလာတာက ကွန်ပျူတာနှင့် အင်တာနက် နည်းပညာပေါ်ချိန်တွင် စတင်ခြင်းဟု ဆိုရန်သင့်မည် ထင်သည်။ ဤကဲ့သို့ ကွန်ပျူတာနှင့် အင်တာနက်တွေ ပေါ်လာပြီးနောက်တွင် Society 4.0 ကို ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။ သတင်းအချက်လက်များ မျှဝေဖြန့်ဖြူးရာခေတ်ဆီ ရောက်ခဲ့သည်။ တနည်းအားဖြင့် ကျွန်ပ်တို့ မျက်မှောက်ပြုရာ ခေတ်ပင်။ ၂၀ ရာစုအဆုံးကို သတင်းနည်းပညာခေတ် ကုန်ဆုံးစပြုခဲ့သည့်ကာလဟုပင် ဆိုရမည် ထင်ပါသည်။  ဒုတိယကမ္ဘာစစ်အတွင်း ကွန်ပျူတာနည်းပညာကို အကြောင်းပြု၍ ဘာထရန်ရပ်ဆဲက “ကမ္ဘာစစ်ကြီးပြီးရင် သတင်းအချက်လက်နည်းပညာက ရှေ့တန်းရောက် လွှမ်းမိုးလာလိမ့်မယ်” ဟု ဟောကိန်းထုတ်ခဲ့သည်။ ထိုစဉ်ကတည်းက တတိယစက်မှုတော်လှန်ရေးခေတ်သို့ ကူးပြောင်းလာခဲ့သည်ဟု ဆိုရန် သင့်ပေသည်။ Society 5.0 ကတော့ ၂၁ ရာစုအစမှာကတည်းက တာစူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာလည်း Society 4.0 အတွင်း၌ သန္ဓေတည် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ လူ့အဖွဲ့အစည်းကို Super Smart Society တခု ဖြစ်သည်ဟု ဆိုသည်။ ထိုအဆင့်သည် ယခု ကျွန်ုပ်တို့ မျက်မှောက်ပြုရာ Information Society အလွန်ကာလဖြစ်သည်။ ယင်းကို စတုတ္ထစက်မှုတော်လှန်ရေးဟုလည်း ခေါ်ကြသည်။ တနည်းအားဖြင့် Degital Transformation လည်း ဖြစ်သည်။ အဆိုပါ Drgital Transformation ကို AI (Artificial Intelligent) နည်းပညာနှင့် IoT (Internet Of Things) Blockchain တို့ အားဖြည့်ထားခြင်း ဖြစ်သည်။ လောလောဆယ် မရောက်ရှိသေးသော်လည်း Society 5.0 သို့ ချီတက်ရန် ဂျပန်နှင့် ဂျာမန် ဥရောပအသိုင်းဝိုင်းတို့ ၂၀၁၆ ခုနှစ်ကတည်းက တာစူနေခဲ့ကြသည်။ သူတို့မျှော်မှန်းရာ 5.0 လူ့အဖွဲ့အစည်းကို ဖွင့်ဆိုရာတွင် “လူသားဗဟိုပြု လူ့အဖွဲ့အစည်းတခု ဖြစ်သည်။ ဤသို့ ဗဟိုပြုရာတွင် Cyberspace နှင့် Physcialspace တို့အား မြင့်မားစွာ ပေါင်းစပ်သောစနစ်ဖြင့် တိုးတက်လာသော စီးပွားရေးနှင့် လူမှုပြဿနာရပ်များ မဲတင်းညှိယူပေးနိုင်သော လူ့အဖွဲ့အစည်းသစ်တခု ဖြစ်သည်”ဟု ဆိုပါသည်။ လူကို ဗဟိုပြုထားသည် ဆိုသော်လည်း အရာအားလုံးရဲ့ ဗဟိုချုပ်ကိုင်မှုကိုကား လျှော့ချထားသည်ဟု ဆိုပါသည်။ တနည်းဆိုသော် ဗဟိုချက်ကို ခွဲဝေဖြန့်ကြက် လျှော့ချထားခြင်း ဖြစ်သည်။  မျက်မှောက်ခေတ်၏ 4.0 Society တွင် အသုံးပြုသော အသိပညာနှင့် သတင်းအချက်အလက် ဖြန့်ဝေမှုသည် လုံလောက်မှု မရှိတော့။ ပူးပေါင်းလုပ်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာသည်။ အကန့်အသတ်တို့ များလာသည်။ ဤသည်မှာ လက်ရှိ အသုံးပြုနေသော Cyberspace သည် Cloud ကို အခြေခံတခုချင်းကို သီးခြားစီ ချိတ်ဆက်ရသည်။ အတူတကွ ပူးပေါင်းချိတ်ဆက်မရ။ ထိုသို့ ဖြစ်ရသည်မှာ Cloud သည် Database ဖြစ်သည်။ ထို့ကြောင့် သတင်းဖြန့်ဝေမှုနှင့် သရုပ်ခွဲမှုတွင် အကန့်အသတ် ရှိနေသည်။ 5.0 မှာမူ Cyberspace (virtual space) နှင့် Physcial space (real space) တို့ကြားတွင် မြုင့်မားစွာ ပေါင်းစပ်ထားသော မော်ကွန်းတိုက်တခု ဖြစ်သည်။ Cyberspace ထဲတွင်ရှိသော Psyscialspace ၏ မရေတွက်နိုင်အောင် များလွန်းသော စုပြုံနေသော သတင်းအချက်လက် အမှိုက်ပုံကြီး၊ တနည်း Big Data ရှိသည်။ အဆိုပါ Big Data ကြီးကို AI နည်းပညာက ခွဲခြမ်းစိတ်ဖြာပေးပြီး ရသည့်အဖြေ၏ အကျိုးဆက်ကို ပုံစံမျိုးစုံနှင့် ရှိနေသော Physcial space ဆီကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်သည်။ 4.0 ၏ သတင်းအချက်အလက်များသည် လူသား၏ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် Network မှတဆင့် သတင်းအချက်အလက် သယ်ယူနိုင်ခဲ့သည်။ 5.0 တွင် လူသားစွမ်းရည်ကို အလွန်အကျူး ကျော်လွန်ထားသော AI နည်းပညာနှင့် Cyberspace မှတဆင့် အရာဝတ္ထုများ၊ လူများနှင့် ချိတ်ဆက်ပြီး လိုအပ်သောအရာကို ရယူနိုင်မည် ဖြစ်သည်ဟု ဆိုပါသည်။ ဤကား “အနာဂတ်မျှော် လူ့အဖွဲ့အစည်းသစ်”၏ လျှောက်လှမ်းနေသော ပန်းတိုင် ဖြစ်သည်။ ယင်းပန်းတိုင်ဆီသို့ နည်းပညာထွန်းကားသော ဂျပန်နှင့် ဥရောပတို့ကမူ ရှေ့တဆင့်ချင်း တက်လှမ်းရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ထိုခေတ်ကလကို ရောက်သည်နှင့် လက်ရှိ ကျင့်သုံးနေသော “သတင်းနည်းပညာခေတ်”သည်လည်း ကုန်ဆုံးပေတော့မည်။  Information Society ကို ကျော်လွန်၍ Digitalization Society  သို့မဟုတ် Society 5.0 သည် “အမှန်တကယ် ကျွန်ုပ်တို့ ကမ္ဘာကြီးအား ကြိုဆိုနေမည်လား” ဆိုသည်ကိုတော့ နောက်ထပ် ဆယ်စုနှစ် ကာလအတွင်း စောင့်မျှော်ကြည့်ရှုကြရဦးမည်သာ ဖြစ်ပါကြောင်း။ ထွန်းဇော်ဌေး  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အနာဂတ္ေမွ်ာ္ လူ႔အဖြဲ႕အစည္းသစ္ 5.0 "ေျပာင္းလဲျခင္းတရားဟာ မေျပာင္းလဲဘူး"ဆိုတဲ့ ဟီရာကလိုက္တပ္စ္ရဲ႕ စကားလိုပဲ ကမာၻႀကီးဟာလည္း အစဥ္အၿမဲ ေျပာင္းလဲေနတာပါပဲ။ ျဖတ္သန္းခဲ့တဲ့ ႏွစ္သန္းခ်ီ ကာလေတြမွာ သဘာဝတရားေတြ သက္ရွိသတၱဝါေတြ၊ ေျပာင္းလဲခဲ့ၿပီးၿပီ။ ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္ရဲ႕ ရလဒ္ေတြ၊ တေ႐ြ႕ေ႐ြ႕ခ်င္း ေပၚလာတဲ့ ေတြ႕ရွိခ်က္ေတြကလည္း ေလာကစံႏႈန္းေတြကို ေ႐ြ႕လ်ားေစခဲ့ျပန္သည္။ သမိုင္းတင္ကာလေတြဆီသို႔ ေျခလွမ္းစိတ္စိတ္ႏွင့္ လွမ္းခဲ့သည္။ ပညာရွင္ အဆက္ဆက္မွလည္း မွတ္သားရလြယ္ေအာင္ ေခတ္ကို အမည္သညာျပဳ၍ ခြဲျခမ္းခဲ့ၾကသည္။ ကားလ္မတ္စ္ကလည္း ေခတ္ ၅ ေခတ္ ခြဲျခမ္းေလ့လာခဲ့သည္။ (၁) သမိုင္းဦးဘုံေျမေခတ္၊ (၂) ေျမရွင္ပေဒသရာဇ္ေခတ္၊ (၃) ေက်းပိုင္ကြၽန္ပိုင္ေခတ္၊ (၄) အရင္းရွင္ေခတ္ႏွင့္ (၅) ဆိုရွယ္လစ္ေခတ္ ဟူ၍ပင္။ သူ႔ေခတ္ သူ႔ကာလ သူ႔ေမွ်ာ္မွန္းခ်က္ႏွင့္ သူ႔လိုအပ္ခ်က္အရ ဖြင့္ဆိုသတ္မွတ္ခဲ့ျခင္း ျဖစ္ဟန္ရွိသည္။ ၁၉ ရာစုမွ ယေန႔အထိ သူ႔ကန႔္သတ္ေပးထားခ်က္အတိုင္း ေခတ္ႀကီး ၅ ေခတ္ကို ကိုးကားေျပာဆိုေနၾကဆဲပင္။ သို႔ေသာ္ အခ်ိဳ႕ေသာ ဖြံ႕ၿဖိဳးၿပီးေဒသ၏ ပညာရွင္တို႔ကမူ ေခတ္ ၅ ေခတ္ အယူကို ေျပာဆိုျခင္း မျပဳၾကေတာ့။ အသစ္ အသစ္ေသာ ပိုင္းျခားမႈအတြက္ အနာဂတ္ေမွ်ာ္ ေဖာ္ထုတ္လာၾကျပန္သည္။ ၎တို႔ ခြဲျခမ္းျပခဲ့ေသာ ေခတ္ႀကီး ၅ ေခတ္မွာ (က) Society 1.0၊ (ခ) Society 2.0 ၊ (ဂ) Society 3.0 ၊ (ဃ) Soviety 4.0 ၊ (င) Society 5.0 ဟူ၍ သတ္မွတ္ခ်က္ ေပးၾကသည္ကိုေတြ႕ရသည္။ Society 1.0 မွာ အမဲလိုက္လူ႔အဖြဲ႕အစည္း (Hunting Society)။ ဤကာလတြင္ လူသားႏွင့္ သဘာဝတရားတို႔ ကြဲျပားျခင္းမရွိဘဲ ပူးတြဲေနထိုင္ရာကာလ။ ဂူေအာင္းသတၱဝါ ဘဝမ်ိဳးမွာပဲ ရွိသည္။ သဘာဝကို လိုအပ္သလို ျပဳျပင္ေနထိုင္ႏိုင္စြမ္း ခ်ည့္နဲ႔ေနေသးတဲ့ အခ်ိန္ပင္။ အစားအစာအတြက္ အမဲလိုက္မည္။ သားငါး အစိမ္းစားသည့္ ဘဝမ်ားသာ။ အေနအထိုင္အတြက္ သဘာဝဂူမ်ား ရွိသည္။ ထိုကာလကို အျခားသက္ရွိသတၱဝါမ်ားႏွင့္မတူ၊ လူသားဟူ၍ ထင္ထင္ရွားရွား ကြဲျပားစြာ ျဖစ္တည္လာတဲ့အခ်ိန္မွစၿပီး ခရစ္မေပၚမီ ႏွစ္ေပါင္း ၁၃၀၀၀ BC ခန႔္အထိ ရွည္ၾကာခဲ့သည္ဟု ဆိုသည္။ တထပ္တည္း မက်ေသာ္လည္း မတ္ခ္စ္၏ သမိုင္းဦးဘုံေျမေခတ္ႏွင့္ ဆင္တူဟန္ရွိပါသည္။ Society 2.0 ကိုေတာ့ ႏွစ္ေပါင္း ၁၃၀၀၀ BC မွ အစျပဳ ေျပာေလ့ရွိသည္။ စိုက္ပ်ိဳးေရးလုပ္ငန္း လူ႔အဖြဲ႕အစည္းတခုကို ေရာက္လာသည့္ ကာလမ်ားပင္။ ဤအဖြဲ႕အစည္းကိုေတာ့ Agrarian Society ဟုဆိုသည္။ ယင္းအဆင့္မွာ လယ္ယာေျမမ်ား တည္လာၾကသည္။ ဆည္ေတြ၊ ေျမာင္းေတြ ေဖာက္ၿပီး ေရသြယ္ယူကာ စိုက္ပ်ိဳးေသာ အေျခအေနအထိ တိုးတက္လာသည္။ သဘာဝတရားကို လူသားက ျပဳျပင္စီမံလာႏိုင္ခဲ့သည္။ ေနထိုင္ရန္အတြက္ အိုးအိမ္ အတည္တက်ႏွင့္ အေျခစိုက္လာသည္။ ကားမတ္ခ္စ္ အလိုအရ ဤကာလကို ေျမရွင္ပေဒသရာဇ္ေခတ္ဟု အမည္နာမျပဳခဲ့သည္။ စူး၊ ေဆာက္၊ ဓား၊ ထြန္၊ ထယ္ စေသာ ကိရိယာတန္ဆာပလာေတြ အသုံးျပဳမႈ ျမင့္မားလာခဲ့သည္။ ကာလအားျဖင့္ ၁၃၀၀၀ BC ကေန ၁၈ ရာစု စက္မႈေတာ္လွန္ေရးကာလ ေရာက္သည္အထိဟု ဆိုႏိုင္သည္။ Society 3.0 မွာလည္း ကားလ္မတ္ခ္ ေျပာသကဲ့သို႔ Society 2.0 ထဲတြင္ သေႏၶတည္ၿပီး စက္မႈေတာ္လွန္ေရး ပထမအဆင့္သို႔ ကူးေျပာင္းလာခဲ့သည္။ Society 3.0 အဆင့္သုံးဆင့္ ခြဲေလ့လာျပခဲ့သည္။ ပထမစက္မႈေတာ္လွန္ေရး အဆင့္ကိုေတာ့ အေသးစား စက္မႈေတာ္လွန္ေရးကာလ။ ဒုတိယစက္မႈေတာ္လွန္ေရးအဆင့္တြင္ အႀကီးစား စက္မႈလုပ္ငန္းႏွင့္ ဓာတုစက္႐ုံေတြ ေပၚလာခဲ့သည့္ကာလ။ တတိယစက္မႈေတာ္လွန္ေရးကာလမွာ ကြန္ပ်ဴတာႏွင့္ အင္တာနက္ေတြ ေပၚလာသည့္ကာလ။ သူတို႔၏ ကာလအပိုင္းအျခားကိုေတာ့ ၁၈ ရာစု အဆုံးပိုင္းႏွင့္ ၁၉ ရာစုအလယ္ပိုင္းအထိ ပထမနဲ႔ ဒုတိယစက္မႈေတာ္လွန္ေရးကာလဟု ဆိုရန္သင့္မည္ ထင္သည္။ ၁၉ ရာစုေႏွာင္းပိုင္းမွ ၂၀ ရာစုဆန္းစ ကာလမ်ားမွာ Society 4.0 အကူးအေျပာင္းကာလ။ မတ္စ္အလိုအရဆိုလွ်င္ စက္မႈအရင္းရွင္ေခတ္ အလြန္။ Society 4.0 ကို ကူးလာတာက ကြန္ပ်ဴတာႏွင့္ အင္တာနက္ နည္းပညာေပၚခ်ိန္တြင္ စတင္ျခင္းဟု ဆိုရန္သင့္မည္ ထင္သည္။ ဤကဲ့သို႔ ကြန္ပ်ဴတာႏွင့္ အင္တာနက္ေတြ ေပၚလာၿပီးေနာက္တြင္ Society 4.0 ကို ကူးေျပာင္းလာခဲ့ၿပီ ျဖစ္သည္။ သတင္းအခ်က္လက္မ်ား မွ်ေဝျဖန႔္ျဖဴးရာေခတ္ဆီ ေရာက္ခဲ့သည္။ တနည္းအားျဖင့္ ကြၽန္ပ္တို႔ မ်က္ေမွာက္ျပဳရာ ေခတ္ပင္။ ၂၀ ရာစုအဆုံးကို သတင္းနည္းပညာေခတ္ ကုန္ဆုံးစျပဳခဲ့သည့္ကာလဟုပင္ ဆိုရမည္ ထင္ပါသည္။ ဒုတိယကမာၻစစ္အတြင္း ကြန္ပ်ဴတာနည္းပညာကို အေၾကာင္းျပဳ၍ ဘာထရန္ရပ္ဆဲက “ကမာၻစစ္ႀကီးၿပီးရင္ သတင္းအခ်က္လက္နည္းပညာက ေရွ႕တန္းေရာက္ လႊမ္းမိုးလာလိမ့္မယ္” ဟု ေဟာကိန္းထုတ္ခဲ့သည္။ ထိုစဥ္ကတည္းက တတိယစက္မႈေတာ္လွန္ေရးေခတ္သို႔ ကူးေျပာင္းလာခဲ့သည္ဟု ဆိုရန္ သင့္ေပသည္။ Society 5.0 ကေတာ့ ၂၁ ရာစုအစမွာကတည္းက တာစူလာခဲ့ျခင္း ျဖစ္သည္။ ၎မွာလည္း Society 4.0 အတြင္း၌ သေႏၶတည္ ထြက္ေပၚလာခဲ့သည္။ အဆိုပါ လူ႔အဖြဲ႕အစည္းကို Super Smart Society တခု ျဖစ္သည္ဟု ဆိုသည္။ ထိုအဆင့္သည္ ယခု ကြၽႏ္ုပ္တို႔ မ်က္ေမွာက္ျပဳရာ Information Society အလြန္ကာလျဖစ္သည္။ ယင္းကို စတုတၳစက္မႈေတာ္လွန္ေရးဟုလည္း ေခၚၾကသည္။ တနည္းအားျဖင့္ Degital Transformation လည္း ျဖစ္သည္။ အဆိုပါ Drgital Transformation ကို AI (Artificial Intelligent) နည္းပညာႏွင့္ IoT (Internet Of Things) Blockchain တို႔ အားျဖည့္ထားျခင္း ျဖစ္သည္။ ေလာေလာဆယ္ မေရာက္ရွိေသးေသာ္လည္း Society 5.0 သို႔ ခ်ီတက္ရန္ ဂ်ပန္ႏွင့္ ဂ်ာမန္ ဥေရာပအသိုင္းဝိုင္းတို႔ ၂၀၁၆ ခုႏွစ္ကတည္းက တာစူေနခဲ့ၾကသည္။ သူတို႔ေမွ်ာ္မွန္းရာ 5.0 လူ႔အဖြဲ႕အစည္းကို ဖြင့္ဆိုရာတြင္ “လူသားဗဟိုျပဳ လူ႔အဖြဲ႕အစည္းတခု ျဖစ္သည္။ ဤသို႔ ဗဟိုျပဳရာတြင္ Cyberspace ႏွင့္ Physcialspace တို႔အား ျမင့္မားစြာ ေပါင္းစပ္ေသာစနစ္ျဖင့္ တိုးတက္လာေသာ စီးပြားေရးႏွင့္ လူမႈျပႆနာရပ္မ်ား မဲတင္းညႇိယူေပးႏိုင္ေသာ လူ႔အဖြဲ႕အစည္းသစ္တခု ျဖစ္သည္”ဟု ဆိုပါသည္။ လူကို ဗဟိုျပဳထားသည္ ဆိုေသာ္လည္း အရာအားလုံးရဲ႕ ဗဟိုခ်ဳပ္ကိုင္မႈကိုကား ေလွ်ာ့ခ်ထားသည္ဟု ဆိုပါသည္။ တနည္းဆိုေသာ္ ဗဟိုခ်က္ကို ခြဲေဝျဖန႔္ၾကက္ ေလွ်ာ့ခ်ထားျခင္း ျဖစ္သည္။ မ်က္ေမွာက္ေခတ္၏ 4.0 Society တြင္ အသုံးျပဳေသာ အသိပညာႏွင့္ သတင္းအခ်က္အလက္ ျဖန႔္ေဝမႈသည္ လုံေလာက္မႈ မရွိေတာ့။ ပူးေပါင္းလုပ္ေဆာင္ရာတြင္ အခက္အခဲမ်ား ျဖစ္ေပၚလာသည္။ အကန႔္အသတ္တို႔ မ်ားလာသည္။ ဤသည္မွာ လက္ရွိ အသုံးျပဳေနေသာ Cyberspace သည္ Cloud ကို အေျခခံတခုခ်င္းကို သီးျခားစီ ခ်ိတ္ဆက္ရသည္။ အတူတကြ ပူးေပါင္းခ်ိတ္ဆက္မရ။ ထိုသို႔ ျဖစ္ရသည္မွာ Cloud သည္ Database ျဖစ္သည္။ ထို႔ေၾကာင့္ သတင္းျဖန႔္ေဝမႈႏွင့္ သ႐ုပ္ခြဲမႈတြင္ အကန႔္အသတ္ ရွိေနသည္။ 5.0 မွာမူ Cyberspace (virtual space) ႏွင့္ Physcial space (real space) တို႔ၾကားတြင္ ျမဳင့္မားစြာ ေပါင္းစပ္ထားေသာ ေမာ္ကြန္းတိုက္တခု ျဖစ္သည္။ Cyberspace ထဲတြင္ရွိေသာ Psyscialspace ၏ မေရတြက္ႏိုင္ေအာင္ မ်ားလြန္းေသာ စုၿပဳံေနေသာ သတင္းအခ်က္လက္ အမႈိက္ပုံႀကီး၊ တနည္း Big Data ရွိသည္။ အဆိုပါ Big Data ႀကီးကို AI နည္းပညာက ခြဲျခမ္းစိတ္ျဖာေပးၿပီး ရသည့္အေျဖ၏ အက်ိဳးဆက္ကို ပုံစံမ်ိဳးစုံႏွင့္ ရွိေနေသာ Physcial space ဆီကို ျပန္လည္ေပးပို႔ေပးမွာ ျဖစ္သည္။ 4.0 ၏ သတင္းအခ်က္အလက္မ်ားသည္ လူသား၏ ခြဲျခမ္းစိတ္ျဖာျခင္းႏွင့္ Network မွတဆင့္ သတင္းအခ်က္အလက္ သယ္ယူႏိုင္ခဲ့သည္။ 5.0 တြင္ လူသားစြမ္းရည္ကို အလြန္အက်ဴး ေက်ာ္လြန္ထားေသာ AI နည္းပညာႏွင့္ Cyberspace မွတဆင့္ အရာဝတၳဳမ်ား၊ လူမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး လိုအပ္ေသာအရာကို ရယူႏိုင္မည္ ျဖစ္သည္ဟု ဆိုပါသည္။ ဤကား “အနာဂတ္ေမွ်ာ္ လူ႔အဖြဲ႕အစည္းသစ္”၏ ေလွ်ာက္လွမ္းေနေသာ ပန္းတိုင္ ျဖစ္သည္။ ယင္းပန္းတိုင္ဆီသို႔ နည္းပညာထြန္းကားေသာ ဂ်ပန္ႏွင့္ ဥေရာပတို႔ကမူ ေရွ႕တဆင့္ခ်င္း တက္လွမ္းရန္ ျပင္ဆင္ေနၾကျခင္း ျဖစ္သည္။ ထိုေခတ္ကလကို ေရာက္သည္ႏွင့္ လက္ရွိ က်င့္သုံးေနေသာ “သတင္းနည္းပညာေခတ္”သည္လည္း ကုန္ဆုံးေပေတာ့မည္။ Information Society ကို ေက်ာ္လြန္၍ Digitalization Society  သို႔မဟုတ္ Society 5.0 သည္ “အမွန္တကယ္ ကြၽႏ္ုပ္တို႔ ကမာၻႀကီးအား ႀကိဳဆိုေနမည္လား” ဆိုသည္ကိုေတာ့ ေနာက္ထပ္ ဆယ္စုႏွစ္ ကာလအတြင္း ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရဦးမည္သာ ျဖစ္ပါေၾကာင္း။ ထြန္းေဇာ္ေဌး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024