အီရန် ပြန်လွှတ်လိုက်သည့် ဗြိတိန်ရေနံတင်သင်္ဘော ဒူဘိုင်းသို့ ရောက်ရှိ

838
အီရန်က သီတင်းပတ်ဆယ်ပတ်ကြာ ဖမ်းထားခံရပြီး ပြန်လွှတ်ပေးလိုက်တဲ့ ဗြိတိန် အလံလွှင့် ရေနံတင်သင်္ဘောတစီးဟာ စက်တင်ဘာ ၂၈ ရက်မှာ ဒူဘိုင်းမြို့ကို ရောက်ရှိ ကျောက်ချ နိုင်ခဲ့ပါတယ်။
ရေနံအတွက် ကမ္ဘာ့ အရေးကြီး ဆုံး သင်္ဘောလမ်းကြောတွေထဲက တခုမှာ တင်းမာမှု တိုးလာအပြီး ခုလို ပြန်လွှတ်ပေးလိုက်တာပါ၊
သစတီနာအင်မ်ပေရို သင်္ဘောဟာ စက်တင်ဘာ ၂၇ ရက်မှာ အီရန်ရေပိုင်နက်ထဲက ထွက်လာခဲ့တာပါ။
ဗြိတိန်တပ်တွေက ဂျီဘရော်တာ ရေလက်ကြားကနေ ထွက်လာတဲ့ အီရန် ရေနံတင်သင်္ဘောကို ဖမ်းအပြီးမှာ အီရန်တော်လှန်ရေး အစောင့်တပ်က ဒီသင်္ဘောကို ဇူလိုင် ၁၉ရက်နေ့က ထိန်းသိမ်းထားခဲ့ပါတယ်။
အီရန်သင်္ဘောကိုတော့ သြဂတ်စ်လထဲမှာ ပြန်လွှတ်ပေးပြီးပါပြီ။ သင်္ဘောဝန်ထမ်းတွေ မိသားစုဆီ မပြန်ခင် ဒူဘိုင်းမှာ ဆေးစစ်ပေးမယ်လို့ သင်္ဘောပိုင်ရှင်က ပြောပါတယ်။
သင်္ဘောသား ၂၃ ယောက်ထဲက ၇ ယောက်ကတော့ ဒီလအစောပိုင်းမှာ လွတ်မြောက်ခဲ့ ပြီးပါပြီ။
မေလနဲ့ ဇွန်လအတွင်း ပင်လယ်ကွေ့ထဲမှာ ကုန်သင်္ဘောတွေ တိုက်ခိုက်ခံရအပြီးမှာ ပင်လယ်ရေကြေင်း ချိုးဖောက်မှုတွေအတွက် ဒီသင်္ဘောကို ဖမ်းခဲ့တာလို့ အီရန် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
==================================
အီရန္ ျပန္လႊတ္လိုက္သည့္ ၿဗိတိန္ေရနံတင္သေဘၤာ ဒူဘိုင္းသို႔ ေရာက္ရွိ
DVB
အီရန္က သီတင္းပတ္ဆယ္ပတ္ၾကာ ဖမ္းထားခံရၿပီး ျပန္လႊတ္ေပးလိုက္တဲ့ ၿဗိတိန္ အလံလႊင့္ ေရနံတင္သေဘၤာတစီးဟာ စက္တင္ဘာ ၂၈ ရက္မွာ ဒူဘိုင္းၿမိဳ႕ကို ေရာက္ရွိ ေက်ာက္ခ် ႏိုင္ခဲ့ပါတယ္။
ေရနံအတြက္ ကမာၻ႔ အေရးႀကီး ဆုံး သေဘၤာလမ္းေၾကာေတြထဲက တခုမွာ တင္းမာမႈ တိုးလာအၿပီး ခုလို ျပန္လႊတ္ေပးလိုက္တာပါ၊
သစတီနာအင္မ္ေပ႐ို သေဘၤာဟာ စက္တင္ဘာ ၂၇ ရက္မွာ အီရန္ေရပိုင္နက္ထဲက ထြက္လာခဲ့တာပါ။
ၿဗိတိန္တပ္ေတြက ဂ်ီဘေရာ္တာ ေရလက္ၾကားကေန ထြက္လာတဲ့ အီရန္ ေရနံတင္သေဘၤာကို ဖမ္းအၿပီးမွာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္က ဒီသေဘၤာကို ဇူလိုင္ ၁၉ရက္ေန႔က ထိန္းသိမ္းထားခဲ့ပါတယ္။
အီရန္သေဘၤာကိုေတာ့ ၾသဂတ္စ္လထဲမွာ ျပန္လႊတ္ေပးၿပီးပါၿပီ။ သေဘၤာဝန္ထမ္းေတြ မိသားစုဆီ မျပန္ခင္ ဒူဘိုင္းမွာ ေဆးစစ္ေပးမယ္လို႔ သေဘၤာပိုင္ရွင္က ေျပာပါတယ္။
သေဘၤာသား ၂၃ ေယာက္ထဲက ၇ ေယာက္ကေတာ့ ဒီလအေစာပိုင္းမွာ လြတ္ေျမာက္ခဲ့ ၿပီးပါၿပီ။
ေမလနဲ႔ ဇြန္လအတြင္း ပင္လယ္ေကြ႕ထဲမွာ ကုန္သေဘၤာေတြ တိုက္ခိုက္ခံရအၿပီးမွာ ပင္လယ္ေရေၾကင္း ခ်ိဳးေဖာက္မႈေတြအတြက္ ဒီသေဘၤာကို ဖမ္းခဲ့တာလို႔ အီရန္ အာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။