ဗြိတိန်ကားမောင်းသမား ဟာမီလ်တန် ထပ်မံဗိုလ်စွဲ

ကျင်းပပြီးစီးခဲ့တဲ့ ဖော်မြူလာဝမ်း ရရှန်ဂရင်းပရစ်ခ်မှာ ဗြိတိန်ကားမောင်းသမား ဟာမီလ်တန် ထပ်မံဗိုလ်စွဲခဲ့လို့ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ လက်တကမ်းအကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသမိုင်းတလျှောက် ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ထိ ဖြစ်ထားပြီး စံချိန်တင်ထားနိုင်ခဲ့တဲ့ ဟာမီလ်တန်အနေနဲ့ ၆ ကြိမ်‌မြောက်ချန်ပီယံဖြစ်နိုင်ဖို့ ဂျပန်၊  မက်ဆီကို၊ အမေရိကန်၊ ဘရာဇီး၊ အဘူဒါဘီ ပွဲစဉ်တို့မှာ ချန်ပီယံဆု ၂‌ ဆုလောက်ရရှိဖို့ပဲ လိုအပ်ပါတယ်။  ရရှန်ဂရင်းပရစ်ခ်မှာ ဗိုလ်စွဲခဲ့တဲ့ ဟာမီလ်တန်ဟာ ရာသီအလိုက် ကားမောင်းသမားတွေ ရပ်တည်မှုမှာ ၃၂၂ မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်နေသလို မာစီဒီးစ် အသင်းဖော် ဘိုတက်စ်ဟာလည်း အခုပြိုင်ပွဲမှာ ဒုတိယနေရာက ပန်းဝင်ပြီး ၂၄၉ မှတ်ရရှိထားပါတယ်။ ======================== ၿဗိတိန္ကားေမာင္းသမား ဟာမီလ္တန္ ထပ္မံဗိုလ္စြဲ DVB က်င္းပၿပီးစီးခဲ့တဲ့ ေဖာ္ျမဴလာဝမ္း ရရွန္ဂရင္းပရစ္ခ္မွာ ၿဗိတိန္ကားေမာင္းသမား ဟာမီလ္တန္ ထပ္မံဗိုလ္စြဲခဲ့လို႔ ၂၀၁၉ ခုႏွစ္အတြက္ ကမာၻ႔ခ်န္ပီယံျဖစ္ဖို႔ လက္တကမ္းအကြာကို ေရာက္ရွိလာခဲ့ပါတယ္။ ေဖာ္ျမဴလာဝမ္း ကားေမာင္းၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ကမာၻ႔ခ်န္ပီယံ ၅ ႀကိမ္ထိ ျဖစ္ထားၿပီး စံခ်ိန္တင္ထားႏိုင္ခဲ့တဲ့ ဟာမီလ္တန္အေနနဲ႔ ၆ ႀကိမ္‌ေျမာက္ခ်န္ပီယံျဖစ္ႏိုင္ဖို႔ ဂ်ပန္၊  မက္ဆီကို၊ အေမရိကန္၊ ဘရာဇီး၊ အဘူဒါဘီ ပြဲစဥ္တို႔မွာ ခ်န္ပီယံဆု ၂‌ ဆုေလာက္ရရွိဖို႔ပဲ လိုအပ္ပါတယ္။ ရရွန္ဂရင္းပရစ္ခ္မွာ ဗိုလ္စြဲခဲ့တဲ့ ဟာမီလ္တန္ဟာ ရာသီအလိုက္ ကားေမာင္းသမားေတြ ရပ္တည္မႈမွာ ၃၂၂ မွတ္နဲ႔ ထိပ္ဆုံးက ရပ္တည္ေနသလို မာစီဒီးစ္ အသင္းေဖာ္ ဘိုတက္စ္ဟာလည္း အခုၿပိဳင္ပြဲမွာ ဒုတိယေနရာက ပန္းဝင္ၿပီး ၂၄၉ မွတ္ရရွိထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up