Home
မြန်မာသတင်း
မြောက်ဦးမြို့တွင် ရှေးဟောင်းဌာပနာ ဘုရားအဆူ ၈၀ တူးဖော်တွေ့ရှိ
DVB
·
January 1, 2013
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့ မြတန်ဆောင်းဘုရားမှာ ဌာနပနာဆင်းတုတော် အဆူ ၈၀ ကို တူးဖော်တွေ့ရှိတယ်လို့ ပြည်ထောင်စုအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အရှေ့မြတန်ဆောင်း အရန်စေတီနဲ့ ငွေထီးဆောင်းစေတီတို့ကို အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ထိန်းသိမ်းပြုပြင်ဖို့ ပေါင်းမြက်တွေရှင်းလင်းပြီး ပြိုကျနေတဲ့ အုတ်တွေကို ဖယ်ရှားပြီး အောက်ခြေပတ်လည် သဲခဲတူးဖော်မှုလုပ်ငန်း လုပ်ဆောင်နေစဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အရှေ့မြတန်ဆောင်း အရန်စေတီ အနောက်ဘက်အောက်ခြေက အမြင့် ၁ လက်မစီရှိတဲ့ မြောက်ဦးခေတ် ဌာပနာဘုရား အဆူ ၈၀ ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်၊ ဌာပနာဘုရားတွေဟာ ခဲနဲ့ သွန်းလုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီဌာနပနာဘုရားတွေကို မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်မှာ ခေတ္တသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ အရှေ့မြတန်ဆောင်းအရန်စေတီဟာ မြောက်ဦးနန်းတော်ကုန်းရဲ့ မြောက်ဘက် မိုင်ဝက်အကွာမှာ တည်ရှိပြီး အေဒီ ၁၄၃၀ ခုနှစ်မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထားကိုးကွယ်ခဲ့ပြီး မြောက်ဦးမြို့တည် ဘုရားများအနက် တဆူအပါအ၀င်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024