A d v e r t i s e m e n t With Us

ဝမ်းတွင်းတွင် စစ်ကျန် အမြောက်ကျည်ဆန်ဟောင်း တွေ့ရှိ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ စက်တင်ဘာ ၂၉ ရက်က စစ်ကျန် အမြောက်ကျည်ဆန်ဟောင်း တလုံး တွေ့ရှိခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့ အမှတ်-၂ နယ်မြေ၊ အမှတ်-၅ ရပ်ကွက်ရှိ ကိုအောင်ထူး နေအိမ် အနောက်ဘက်ခြံစည်းရိုးမှာ မိုးရေတိုက်စားမှုကြောင့် မြေသားချိုင့်ခွက်ဖြစ်ရာမှ စစ်ကျန် အမြောက်ကျည်ဆန် တလုံး တွေ့ရှိခဲ့တာဖြစ်ပြီး အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မလောက် ရှိပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ရွှေရည်ဝေက “စစ်ကျန် အမြောက်ကျည်ဆန်လို့ ယူဆတယ်၊ သံချေးတက်နေတယ်၊ အမှတ်-၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့ အမှတ်-၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ မောင်မောင်လင်း ~~~~~~~~~~~~~~~ Zawgyi_version ဝမ္းတြင္းတြင္ စစ္က်န္ အေျမာက္က်ည္ဆန္ေဟာင္း ေတြ႕ရွိ မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕မွာ စက္တင္ဘာ ၂၉ ရက္က စစ္က်န္ အေျမာက္က်ည္ဆန္ေဟာင္း တလုံး ေတြ႕ရွိခဲ့တယ္လို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။ ဝမ္းတြင္းၿမိဳ႕ အမွတ္-၂ နယ္ေျမ၊ အမွတ္-၅ ရပ္ကြက္ရွိ ကိုေအာင္ထူး ေနအိမ္ အေနာက္ဘက္ၿခံစည္း႐ိုးမွာ မိုးေရတိုက္စားမႈေၾကာင့္ ေျမသားခ်ိဳင့္ခြက္ျဖစ္ရာမွ စစ္က်န္ အေျမာက္က်ည္ဆန္ တလုံး ေတြ႕ရွိခဲ့တာျဖစ္ၿပီး အရွည္ ၁ ေပ၊ လုံးပတ္ ၄ လက္မေလာက္ ရွိပါတယ္။ ဝမ္းတြင္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္ေ႐ႊရည္ေဝက “စစ္က်န္ အေျမာက္က်ည္ဆန္လို႔ ယူဆတယ္၊ သံေခ်းတက္ေနတယ္၊ အမွတ္-၉၁၁ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ကို စနစ္တက် လႊဲေျပာင္းေပးလိုက္ပါတယ္” လို႔ ေျပာပါတယ္။ မိတၳီလာၿမိဳ႕ အမွတ္-၉၁၁ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ကို စနစ္တက် လႊဲေျပာင္းေပးလိုက္တယ္လို႔ သိရပါတယ္။ ေမာင္ေမာင္လင္း

A d v e r t i s e m e n t With Us

More News
Up