A d v e r t i s e m e n t With Us

ကြယ်သေတလုံးကို ဧရာမတွင်းနက်ကြီးက ဆွဲမျိုဖျက်ဆီး (ရုပ်သံ)

ကြယ်သေတလုံးကို ဧရာမတွင်းနက်ကြီးတခုက ဆိုးဆိုးရွားရွား ဆွဲမျို ဖျက်ဆီးနေတာကို သိပ္ပံပညာရှင်တွေက ဖမ်းယူ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။  ဒါဟာ နာဆာရဲ့ ဂြိုဟ်တွေကို လိုက်ရှာတဲ့ အဝေးကြည့်မှန်ပြောင်းကိုသုံးပြီး ပရမ်းပတာ ဖြစ်နေတဲ့ စကြာဝဠာတွင်းက အဖြစ်အပျက်တခုကို အစအဆုံး ဖော်ကျူးနိုင်တဲ့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တခုပေ။ အလင်းနှစ် ၃၇၅ သန်းအကွာက ကြယ်တလုံးကို အင်မတန်ကြီးတဲ့ တွင်းနက်ကြီးတခုက ဆွဲမျိုသွားတဲ့ ဖြစ်စဉ် အသေးစိတ်ကို အမေရိကန် အာကာသအေဂျင်စီက လွှတ်တင်ထားတဲ့ TESS လို့ သိကြတဲ့ ဂြိုဟ်တုကနေ ဖမ်းယူ ရရှိခဲ့တာပါ။ ကြယ်သေတလုံးကို တွင်းနက်တခုက အကြမ်းပတမ်း မျိုသွားတဲ့ ဖြစ်စဉ်ဟာ ရှားတယ်လို့ နာဆာရဲ့ သိပ္ပံပညာရှင် နီကိုး ကိုလွန်းက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ ===================================== ၾကယ္ေသတလုံးကို ဧရာမတြင္းနက္ႀကီးက ဆြဲမ်ိဳဖ်က္ဆီး (႐ုပ္သံ) DVB ၾကယ္ေသတလုံးကို ဧရာမတြင္းနက္ႀကီးတခုက ဆိုးဆိုး႐ြား႐ြား ဆြဲမ်ိဳ ဖ်က္ဆီးေနတာကို သိပၸံပညာရွင္ေတြက ဖမ္းယူ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒါဟာ နာဆာရဲ႕ ၿဂိဳဟ္ေတြကို လိုက္ရွာတဲ့ အေဝးၾကည့္မွန္ေျပာင္းကိုသုံးၿပီး ပရမ္းပတာ ျဖစ္ေနတဲ့ စၾကာဝဠာတြင္းက အျဖစ္အပ်က္တခုကို အစအဆုံး ေဖာ္က်ဴးႏိုင္တဲ့ ႀကဳံေတာင့္ႀကဳံခဲ ျဖစ္ရပ္တခုေပ။ အလင္းႏွစ္ ၃၇၅ သန္းအကြာက ၾကယ္တလုံးကို အင္မတန္ႀကီးတဲ့ တြင္းနက္ႀကီးတခုက ဆြဲမ်ိဳသြားတဲ့ ျဖစ္စဥ္ အေသးစိတ္ကို အေမရိကန္ အာကာသေအဂ်င္စီက လႊတ္တင္ထားတဲ့ TESS လို႔ သိၾကတဲ့ ၿဂိဳဟ္တုကေန ဖမ္းယူ ရရွိခဲ့တာပါ။ ၾကယ္ေသတလုံးကို တြင္းနက္တခုက အၾကမ္းပတမ္း မ်ိဳသြားတဲ့ ျဖစ္စဥ္ဟာ ရွားတယ္လို႔ နာဆာရဲ႕ သိပၸံပညာရွင္ နီကိုး ကိုလြန္းက စက္တင္ဘာ ၂၇ ရက္မွာ ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up