ပိုချက်တီနို ထွက်ပါက အင်္ဂလန်နည်းပြကို စပါးအသင်း ပစ်မှတ်ထားနေ

စပါးအသင်းဟာ နည်းပြပိုချက်တီနိုအသင်းကနေ ထွက်ခွာပါက ပထမဦးစားပေး နည်းပြအဖြစ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ပိုချက်တီနိုဟာ အသင်းကို စိတ်ပျက်နေပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၀ မှတ်ထိ ကွာဟနေတာကိုလည်း စိတ်မချမ်းမသာ ဖြစ်နေပုံပေါ်ပါတယ်။  ပိုချက်တီနိုအနေနဲ့ မနှစ်ကလည်း စပါးချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့မယ်ဆိုရင် ရာသီအကုန်မှာ ထွက်ခွာမယ်လို့ ပြောကြးခဲ့ဖူးပါတယ်။  လတ်တလောမှာ အာဂျင်တီးနားသားနည်းပြကို ချိတ်ဆက်နေတဲ့အသင်းကြီး ၂ သင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်လက်ရွေးစင်အသင်းကို စတုတ္ထဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။ ====================================== ပိုချက်တီနို ထွက်ပါက အင်္ဂလန်နည်းပြကို စပါးအသင်း ပစ်မှတ်ထားနေ DVB စပါးအသင်းဟာ နည်းပြပိုချက်တီနိုအသင်းကနေ ထွက်ခွာပါက ပထမဦးစားပေး နည်းပြအဖြစ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ပိုချက်တီနိုဟာ အသင်းကို စိတ်ပျက်နေပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၀ မှတ်ထိ ကွာဟနေတာကိုလည်း စိတ်မချမ်းမသာ ဖြစ်နေပုံပေါ်ပါတယ်။  ပိုချက်တီနိုအနေနဲ့ မနှစ်ကလည်း စပါးချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့မယ်ဆိုရင် ရာသီအကုန်မှာ ထွက်ခွာမယ်လို့ ပြောကြးခဲ့ဖူးပါတယ်။  လတ်တလောမှာ အာဂျင်တီးနားသားနည်းပြကို ချိတ်ဆက်နေတဲ့အသင်းကြီး ၂ သင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်လက်ရွေးစင်အသင်းကို စတုတ္ထဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up