လက်စတာက နယူးကာဆယ်ကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

936
မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီ ခြေစွမ်းတက်နေတဲ့ လက်စတာစီးတီးအသင်းဟာ အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၅ ဂိုးပြတ်အောင်ပွဲခံခဲ့ပါတယ်။
လက်စတာနဲ့ နယူးကာဆယ်တို့ဟာ ပြီးခဲ့တဲ့လကပဲ EFL ရှုံးထွက်ပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီး လက်စတာက ပင်နယ်တီနဲ့ အနိုင်ရထားခဲ့ပါတယ်။
မနေ့ညကပွဲစဉ်မှာတော့ ပထမပိုင်း ပွဲပြီးခါနီး လက်စတာကစားသမား ပရက်ကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ နယူးကာဆယ် ကွင်းလယ်လူ ဟေဒန် အနီကတ်ပြ ထုတ်ပယ်ခံရမှုက အလှည့်အပြောင်းဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။
နည်းပြ ဘရန်ဒန်ရော်ဂျာလက်ထပ်မှာ ပြန်လည်အသားကျလာပြီး စုဖွဲမှုကောင်းလာတဲ့ လက်စတာစီးတီးအသင်းဟာ ပရီးလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ ၁၄ မှတ်ထိရရှိပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
================================
လက္စတာက နယူးကာဆယ္ကို ၅ ဂိုးျပတ္ အႏိုင္ရ (႐ုပ္သံဟိုက္လိုက္)
DVB
မေန႔ညက ယွဥ္ၿပိဳင္ကစားတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒီရာသီ ေျခစြမ္းတက္ေနတဲ့ လက္စတာစီးတီးအသင္းဟာ အိမ္ကြင္းမွာ နယူးကာဆယ္အသင္းကို ၅ ဂိုးျပတ္ေအာင္ပြဲခံခဲ့ပါတယ္။
လက္စတာနဲ႔ နယူးကာဆယ္တို႔ဟာ ၿပီးခဲ့တဲ့လကပဲ EFL ရႈံးထြက္ပြဲစဥ္မွာ ေတြ႕ဆုံခဲ့ၿပီး လက္စတာက ပင္နယ္တီနဲ႔ အႏိုင္ရထားခဲ့ပါတယ္။
မေန႔ညကပြဲစဥ္မွာေတာ့ ပထမပိုင္း ပြဲၿပီးခါနီး လက္စတာကစားသမား ပရက္ကို ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ထုတ္ခဲ့တဲ့ နယူးကာဆယ္ ကြင္းလယ္လူ ေဟဒန္ အနီကတ္ျပ ထုတ္ပယ္ခံရမႈက အလွည့္အေျပာင္းျဖစ္ခဲ့တယ္လို႔ဆိုရမွာပါ။
နည္းျပ ဘရန္ဒန္ေရာ္ဂ်ာလက္ထပ္မွာ ျပန္လည္အသားက်လာၿပီး စုဖြဲမႈေကာင္းလာတဲ့ လက္စတာစီးတီးအသင္းဟာ ပရီးလိဂ္ပြဲစဥ္ ၇ ပြဲကစားၿပီးခ်ိန္မွာ ၁၄ မွတ္ထိရရွိၿပီး အမွတ္ေပးဇယားအဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။