မာဒီနီ၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ဂိုးသမားကြီး ဘူဖွန်

ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဘူဖွန်ဟာ ကလပ်အသင်းအတွက် ပွဲထွက်ခွင့် အများဆုံးရရှိထားသူအဖြစ် မာဒီနီရဲ့ စံချိန်ကို ချိုးဖြတ်နိုင်လိုက်ပြီဖြစ်ပါတယ်။
အခုရာသီမှာ ဂျူဗင်တပ်ကို ပြန်လည်ရောက်ရှိလာတဲ့ ဘူဖွန်ဟာ SPAL အသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာပွဲထွက်ခွင့်ရခဲ့ပြီး ကစားသမားဘဝတလျှောက် ကလပ်အသင်းအတွက် ပွဲထွက်ခွင့် ၉၀၃ ကြိမ် ပြည့်မြောက်ခဲ့ပါတယ်။
ဒါ့ကြောင့် ဘူဖွန်ဟာ လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်တဲ့ မာနီဒီရဲ့စံချိန်ကို ချိုးဖြတ် နိုင်လိုက်ပြီပဲဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ်ဘူဖွန်ဟာ မာဒီနီတင်ထားတဲ့စံချိန်ကိုပြီးခဲ့တဲ့ သီတင်းပတ် ဗီရိုနာနဲ့ ပွဲမှာ အမှီလိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ ဒီတစ်ပတ်မှာ စံချိန်ကိုချိုးဖြတ်နိုင်လိုက်တာဖြစ်ပါတယ်။
“ဒါဟာ အရမ်းကိုကျေနပ်ဖို့ ကောင်းတဲ့အရာပါ။ ကျနော် ဒီလိုမျိုး စံချိန်ချိုးနိုင်တော့မယ်ဆိုတာကို ပြီးခဲ့တဲ့နှစ် ပွဲကစားခင်ကအထိ သတိမပြုမိသေးပါဘူး။ နောက်တော့မှ ကျနော်ဟာ မာနီဒီရဲ့စံချိန်တူဖြစ်နေပြီလို့ သိခဲ့ရပြီး ဒီကိစ္စ အတွက်အရမ်းကိုလည်း ဂုဏ်ယူမိပါတယ်” လို့ ဘူဖွန်ကပြောပါတယ်။
ဘူဖွန်ဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး ချန်ပီယံ ပီအက်စ်ဂျီအသင်းကို သွားရောက်ကစားခဲ့ပြီး ဒီရာသီမှာတော့ တူရင်မြေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းအတွက်လဲပွဲ အများကြီးကစားပေးခဲ့ဖူးသူဖြစ်ပြီး သူနဲ့ မာဒီနီတို့အကြား ကွာခြားချက်ကတော့ မာဒီနီဟာ သူ့ရဲ့စံချိန်ကို အေစီမီလန်အသင်း တသင်းတည်းနဲ့ ရရှိခဲ့တာဖြစ်ပေမယ့် ဘူဖွန်ကတော့ ဒီစံချိန်အတွက် ကလပ်အသင်းသုံးသင်းမှာ သွားရောက်ကစားထားသူဖြစ်ပါတယ်။
ဘူဖွန်ဟာ ကစားသမားဘဝတလျှောက်မှာ ပါးမား၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ဖူပြီး ပါးမားအသင်းအတွက် ပွဲပေါင်း ၂၂၀၊ ပီအက်စ်ဂျီအသင်းအတွက် ၂၅ ပွဲနဲ့ ဂျူဗင်တပ်အသင်းအတွက် ၆၅၈ ပွဲကစားထားသူဖြစ်ပါတယ်။
ဂန္တဝင် ကစားသမားကြီး ဘူဖွန်ဟာ စီးရီးအေဖလား ကိုးကြိမ်၊ ကိုပါအီတလီဖလား ငါးကြိမ်နဲ့ ပြင်သစ်လီဂူးဖလား တကြိမ်ရရှိထားတဲ့ ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ကိုတော့ ဗိုလ်လုပွဲသုံးကြိမ် ရောက်ရှိခဲ့ပေမယ့် ဆွတ်ခူးနိုင်သေးခြင်း မရှိသေးပါဘူး။
================================
မာဒီနီ၏ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သည့္ ဂိုးသမားႀကီး ဘူဖြန္
DVB
ဂ်ဴဗင္တပ္အသင္းရဲ႕ ဝါရင့္ဂိုးသမားႀကီးဘူဖြန္ဟာ ကလပ္အသင္းအတြက္ ပြဲထြက္ခြင့္ အမ်ားဆုံးရရွိထားသူအျဖစ္ မာဒီနီရဲ႕ စံခ်ိန္ကို ခ်ိဳးျဖတ္ႏိုင္လိုက္ၿပီျဖစ္ပါတယ္။
အခုရာသီမွာ ဂ်ဴဗင္တပ္ကို ျပန္လည္ေရာက္ရွိလာတဲ့ ဘူဖြန္ဟာ SPAL အသင္းကို ႏွစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမွာပြဲထြက္ခြင့္ရခဲ့ၿပီး ကစားသမားဘဝတေလွ်ာက္ ကလပ္အသင္းအတြက္ ပြဲထြက္ခြင့္ ၉၀၃ ႀကိမ္ ျပည့္ေျမာက္ခဲ့ပါတယ္။
ဒါ့ေၾကာင့္ ဘူဖြန္ဟာ လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ မာနီဒီရဲ႕စံခ်ိန္ကို ခ်ိဳးျဖတ္ ႏိုင္လိုက္ၿပီပဲျဖစ္ပါတယ္။
အသက္ ၄၁ ႏွစ္အ႐ြယ္ဘူဖြန္ဟာ မာဒီနီတင္ထားတဲ့စံခ်ိန္ကိုၿပီးခဲ့တဲ့ သီတင္းပတ္ ဗီ႐ိုနာနဲ႔ ပြဲမွာ အမွီလိုက္ႏိုင္ခဲ့တာျဖစ္ၿပီးေတာ့ ဒီတစ္ပတ္မွာ စံခ်ိန္ကိုခ်ိဳးျဖတ္ႏိုင္လိုက္တာျဖစ္ပါတယ္။
“ဒါဟာ အရမ္းကိုေက်နပ္ဖို႔ ေကာင္းတဲ့အရာပါ။ က်ေနာ္ ဒီလိုမ်ိဳး စံခ်ိန္ခ်ိဳးႏိုင္ေတာ့မယ္ဆိုတာကို ၿပီးခဲ့တဲ့ႏွစ္ ပြဲကစားခင္ကအထိ သတိမျပဳမိေသးပါဘူး။ ေနာက္ေတာ့မွ က်ေနာ္ဟာ မာနီဒီရဲ႕စံခ်ိန္တူျဖစ္ေနၿပီလို႔ သိခဲ့ရၿပီး ဒီကိစၥ အတြက္အရမ္းကိုလည္း ဂုဏ္ယူမိပါတယ္” လို႔ ဘူဖြန္ကေျပာပါတယ္။
ဘူဖြန္ဟာ ၿပီးခဲ့တဲ့ရာသီက ျပင္သစ္လီဂူး ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းကို သြားေရာက္ကစားခဲ့ၿပီး ဒီရာသီမွာေတာ့ တူရင္ေျမကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။
ဘူဖြန္ဟာ အီတလီလက္ေ႐ြးစင္အသင္းအတြက္လဲပြဲ အမ်ားႀကီးကစားေပးခဲ့ဖူးသူျဖစ္ၿပီး သူနဲ႔ မာဒီနီတို႔အၾကား ကြာျခားခ်က္ကေတာ့ မာဒီနီဟာ သူ႔ရဲ႕စံခ်ိန္ကို ေအစီမီလန္အသင္း တသင္းတည္းနဲ႔ ရရွိခဲ့တာျဖစ္ေပမယ့္ ဘူဖြန္ကေတာ့ ဒီစံခ်ိန္အတြက္ ကလပ္အသင္းသုံးသင္းမွာ သြားေရာက္ကစားထားသူျဖစ္ပါတယ္။
ဘူဖြန္ဟာ ကစားသမားဘဝတေလွ်ာက္မွာ ပါးမား၊ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ဂ်ီတို႔မွာ ကစားခဲ့ဖူၿပီး ပါးမားအသင္းအတြက္ ပြဲေပါင္း ၂၂၀၊ ပီအက္စ္ဂ်ီအသင္းအတြက္ ၂၅ ပြဲနဲ႔ ဂ်ဴဗင္တပ္အသင္းအတြက္ ၆၅၈ ပြဲကစားထားသူျဖစ္ပါတယ္။
ဂႏၲဝင္ ကစားသမားႀကီး ဘူဖြန္ဟာ စီးရီးေအဖလား ကိုးႀကိမ္၊ ကိုပါအီတလီဖလား ငါးႀကိမ္နဲ႔ ျပင္သစ္လီဂူးဖလား တႀကိမ္ရရွိထားတဲ့ ကစားသမားျဖစ္ၿပီး ခ်န္ပီယံလိဂ္ကိုေတာ့ ဗိုလ္လုပြဲသုံးႀကိမ္ ေရာက္ရွိခဲ့ေပမယ့္ ဆြတ္ခူးႏိုင္ေသးျခင္း မရွိေသးပါဘူး။