A d v e r t i s e m e n t With Us

ဟောင်ကောင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက စက်တင်ဘာ ၂၈ ရက်မှာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေကို သုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ ဟောင်ကောင်ဌာနချုပ်နားက အဓိကလမ်းကို ပိတ်ဆို့ထားပြီး ပြတင်းမှန်တွေကို ခွဲရင်း ရဲတွေကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။  ကောင်းကင်မှာ ပျံဝဲနေတဲ့ ရဟတ်ယာဉ်ကိုလည်း လေဆာဓာတ်မီးနဲ့ ထိုးခဲ့သလို ကြွေးကြော်သံတွေကို ဆိုင်တွေရဲ့ မျက်နှာစာမှာ ရေးဆွဲခဲ့ပါတယ်။ ဝတ်စုံနက် ဝတ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြသူ အတော်များများက ရေအမြောက်တွေကို ထီးတွေနဲ့ ကာခဲ့ကြပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ထွက်ပြေးခဲ့ကြပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ တည်ထောင်ခြင်းနေ့ နှစ် ၇ဝ ပြည့်မှာမို့ နှစ်ပတ်လည်မတိုင်မီ တရုတ်ပြည်မကြီး အစိုးရကို ဆန့်ကျင်ပြီး ဆက်တိုက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့တာပါ။ ဗြိတိန်ကောင်စစ်ဝန်ရုံးမှာပါ ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပါတယ်။ တရုတ်ပြည်မကြီးက သံသယရှိသူတွေကို ပြည်မကြီးက တရားရုံးတွေမှာ စစ်ဆေးဖို့ ရာဇဝတ်သား သံသယရှိသူတွေကို ပြည်မကြီးဆီ လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ ဇွန်လမှာ စတင်ပေါ်ပေါက်လာတာပါ။ အငြင်းပွား ဥပဒေမူကြမ်းကို အခု ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဆန္ဒပြပွဲတွေ ရပ်မသွားဘဲ ဟောင်ကောင်မှာ လွတ်လပ်စွာ မဲပေးခွင့်အတွက် တောင်းဆိုမှု ပိုကျယ်ပြန့်လာခဲ့ပါတယ်။ ========================== ေဟာင္ေကာင္ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူမ်ားကို မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲ DVB ေဟာင္ေကာင္မွာ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူေတြကို လူစုခြဲဖို႔ ရဲေတြက စက္တင္ဘာ ၂၈ ရက္မွာ မ်က္ရည္ယိုဓာတ္ေငြ႕ေတြ၊ ေရအေျမာက္ေတြကို သုံးခဲ့ပါတယ္။ ဆႏၵျပသူေတြကလည္း တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ (PLA) ရဲ႕ ေဟာင္ေကာင္ဌာနခ်ဳပ္နားက အဓိကလမ္းကို ပိတ္ဆို႔ထားၿပီး ျပတင္းမွန္ေတြကို ခြဲရင္း ရဲေတြကို အုတ္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။ ေကာင္းကင္မွာ ပ်ံဝဲေနတဲ့ ရဟတ္ယာဥ္ကိုလည္း ေလဆာဓာတ္မီးနဲ႔ ထိုးခဲ့သလို ေႂကြးေၾကာ္သံေတြကို ဆိုင္ေတြရဲ႕ မ်က္ႏွာစာမွာ ေရးဆြဲခဲ့ပါတယ္။ ဝတ္စုံနက္ ဝတ္ၿပီး မ်က္ႏွာဖုံးစြပ္ထားတဲ့ ဆႏၵျပသူ အေတာ္မ်ားမ်ားက ေရအေျမာက္ေတြကို ထီးေတြနဲ႔ ကာခဲ့ၾကၿပီး ရဲေတြနဲ႔ ထိပ္တိုက္ေတြ႕ရင္း ႐ုန္းရင္းဆန္ခတ္ျဖစ္ခ်ိန္မွာ ထြက္ေျပးခဲ့ၾကပါတယ္။ ေအာက္တိုဘာ ၁ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ တည္ေထာင္ျခင္းေန႔ ႏွစ္ ၇ဝ ျပည့္မွာမို႔ ႏွစ္ပတ္လည္မတိုင္မီ တ႐ုတ္ျပည္မႀကီး အစိုးရကို ဆန႔္က်င္ၿပီး ဆက္တိုက္ဆႏၵျပဖို႔ စီစဥ္ထားခဲ့တာပါ။ ၿဗိတိန္ေကာင္စစ္ဝန္႐ုံးမွာပါ ဆႏၵျပဖို႔ စီစဥ္ထားခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီးက သံသယရွိသူေတြကို ျပည္မႀကီးက တရား႐ုံးေတြမွာ စစ္ေဆးဖို႔ ရာဇဝတ္သား သံသယရွိသူေတြကို ျပည္မႀကီးဆီ လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္ၿပီး ဆႏၵျပပြဲေတြ ဇြန္လမွာ စတင္ေပၚေပါက္လာတာပါ။ အျငင္းပြား ဥပေဒမူၾကမ္းကို အခု ႐ုပ္သိမ္းလိုက္ၿပီျဖစ္ေပမယ့္ ဆႏၵျပပြဲေတြ ရပ္မသြားဘဲ ေဟာင္ေကာင္မွာ လြတ္လပ္စြာ မဲေပးခြင့္အတြက္ ေတာင္းဆိုမႈ ပိုက်ယ္ျပန႔္လာခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up