ခြေနှစ်ဖက်လုံး ခြေတုတပ်ထားရသည့် ၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လေး(ရုပ်သံ)

မွေးရာပါ ချို့ယွင်းချက်ကြောင့် ခြေတုတပ်ထားရသူ အသက် ၉ နှစ်အရွယ် ဒေစီမေ ဒေမေထရီဟာ ပါရီဖက်ရှင် လျှောက်လမ်းပေါ်မှာ စက်တင်ဘာ ၂၇ ရက်က ဟန်ရေးပြခဲ့ပါတယ်။
ဒါကြောင့် ခြေနှစ်ဖက်လုံး ခြေတုတပ်ထားတဲ့ ပထမဆုံး မော်ဒယ် ဖြစ်လာခဲ့ပါတယ်။
အိုက်ဖှယ်မျှော်စင်အတွင်း ကျင်းပတဲ့ ဖက်ရှင်ပြပွဲမှာ ကလေးဝတ်စုံ အမှတ်တံဆိပ် လူလူ အက်ထ်ဂီဂီအတွက် ကိုယ်ဟန်ပြပေးခဲ့တာပါ။
အင်္ဂလန်နယ် ဘာမင်ဟန်မြို့မှာမွေးတဲ့ ဒေစီမေဟာ ၁၈ လသမီးမှာပဲ ခြေထောက် အောက်ပိုင်း အရိုးတိုနေလို့ ခြေနှစ်ဖက်လုံး အတုတပ်ခဲ့ရတာပါ။
ခုတော့ ဒေစီမေဟာ နိုက်ကီ အားကစားဝတ်စုံ အပါအဝင် ဗြိတိန် အဝတ်အထည် အတော်များများအတွက် အလုပ်လုပ်နေပါပြီ။
ဖေဖော်ဝါရီလက London Kids' Fashion Week ဖက်ရှင်ပြပွဲမှာလည်း စင်ပေါ်မှာ လမ်းလျှောက်ခဲ့သလို ဒီလအစောပိုင်းမှာ ကျင်းပတဲ့ New York Fashion Week မှာလည်း ပါဝင် လျှောက်လှမ်းခဲ့ပါတယ်။
ပါရီ ဖက်ရှင်ပြပွဲမှာ ဒေစီမေနဲ့အတူ အဝလွန် ဆယ်ကျော်သက် မော်ဒယ်နဲ့ ဒေါင်းရောဂါ လက္ခဏာစုရှင် မော်ဒယ်တို့လည်း ပါဝင် ဆင်နွှဲခဲ့ပါတယ်။
======================================
ေျခႏွစ္ဖက္လုံး ေျခတုတပ္ထားရသည့္ ၉ ႏွစ္အ႐ြယ္ ဖက္ရွင္ေမာ္ဒယ္ေလး(႐ုပ္သံ)
DVB
ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ေျခတုတပ္ထားရသူ အသက္ ၉ ႏွစ္အ႐ြယ္ ေဒစီေမ ေဒေမထရီဟာ ပါရီဖက္ရွင္ ေလွ်ာက္လမ္းေပၚမွာ စက္တင္ဘာ ၂၇ ရက္က ဟန္ေရးျပခဲ့ပါတယ္။
ဒါေၾကာင့္ ေျခႏွစ္ဖက္လုံး ေျခတုတပ္ထားတဲ့ ပထမဆုံး ေမာ္ဒယ္ ျဖစ္လာခဲ့ပါတယ္။
အိုက္ဖွယ္ေမွ်ာ္စင္အတြင္း က်င္းပတဲ့ ဖက္ရွင္ျပပြဲမွာ ကေလးဝတ္စုံ အမွတ္တံဆိပ္ လူလူ အက္ထ္ဂီဂီအတြက္ ကိုယ္ဟန္ျပေပးခဲ့တာပါ။
အဂၤလန္နယ္ ဘာမင္ဟန္ၿမိဳ႕မွာေမြးတဲ့ ေဒစီေမဟာ ၁၈ လသမီးမွာပဲ ေျခေထာက္ ေအာက္ပိုင္း အ႐ိုးတိုေနလို႔ ေျခႏွစ္ဖက္လုံး အတုတပ္ခဲ့ရတာပါ။
ခုေတာ့ ေဒစီေမဟာ ႏိုက္ကီ အားကစားဝတ္စုံ အပါအဝင္ ၿဗိတိန္ အဝတ္အထည္ အေတာ္မ်ားမ်ားအတြက္ အလုပ္လုပ္ေနပါၿပီ။
ေဖေဖာ္ဝါရီလက London Kids' Fashion Week ဖက္ရွင္ျပပြဲမွာလည္း စင္ေပၚမွာ လမ္းေလွ်ာက္ခဲ့သလို ဒီလအေစာပိုင္းမွာ က်င္းပတဲ့ New York Fashion Week မွာလည္း ပါဝင္ ေလွ်ာက္လွမ္းခဲ့ပါတယ္။
ပါရီ ဖက္ရွင္ျပပြဲမွာ ေဒစီေမနဲ႔အတူ အဝလြန္ ဆယ္ေက်ာ္သက္ ေမာ္ဒယ္နဲ႔ ေဒါင္းေရာဂါ လကၡဏာစုရွင္ ေမာ္ဒယ္တို႔လည္း ပါဝင္ ဆင္ႏႊဲခဲ့ပါတယ္။