Home
မြန်မာသတင်း
အောက်တိုဘာ ၁ ရက်နေ့ထီတွင် ကျပ်သန်း  ၂ သောင်းဖိုးခန့် ဆုငွေများ ချီးမြှင့်မည်
DVB
·
September 29, 2019
လာမယ့် အောက်တိုဘာ ၁ ရက်နေ့ ဖွင့်မယ့် ကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သန်း ၂၀,၀၀၀ လောက် ဆုငွေတွေပေးမှာဖြစ်ပြီး အရင်ကထက် ကျပ်သန်း ၁၅၀၀ လောက် ပိုလာပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ကြေညာချက်အရ အခု ၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာက အက္ခရာကနေ ကစ အထိ အက္ခရာ ၃၉ လုံးထုတ်ထားပြီး အားလုံး ရောင်းကုန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထီစာအုပ်ပေါင်း ၃၁ သိန်းကျော်ရောင်းခဲ့ရပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၁၉,၁၄၅ ကျော်ကို ဆုငွေအဖြစ်ပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သန်း ၁၇,၆၇၂ ကျော် ဆုငွေအဖြစ်ပေးခဲ့တာကြောင့် အခုအကြိမ်မှာ ကျပ်သန်း ၁၅၀၀ လောက်ပိုလာခဲ့တာပါ။ ဒီလမှာတော့ ကျပ်သိန်း ၂၀၀၀ ဆု ၅ ခုပေးထားပြီး အရင်ထက် တဆု ပိုလာသလို သိန်း ၅၀၀ ဆု ၄ ဆု၊ ကျပ် သိန်း ၂၀၀ ဆု ၃ ဆု၊ ကျပ်သိန်း ၁၀၀ ဆု ၂ ဆုနဲ့ သိန်း ၂၀ ဆု တဆု ထပ်တိုးပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် သတ်မှတ်ကာလအတွင်း လာမထုတ်တဲ့ ဆုမဲတွေရဲ့ ဘဏ္ဍာသိမ်းရငွေကနေ ကျပ်သိန်း ၂၅၀၀ ကို တဆုချင်းဆုမဲတွေဖြစ်တဲ့ ကျပ် ၁၀ သိန်း ၄ ဆု၊ ဝေဝေဆာဆာဆုမဲတွေဖြစ်တဲ့ ကျပ် ၃ သိန်းဆု ၂၀၊ ကျပ် ၂ သိန်းဆု ၂၀၀၊ ကျပ် ၁ သိန်းဆု ၂၀၀၀ ကိုလည်း ထပ်ပေးဦးမယ်လို့ ဆိုပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ  အောင်ဘာလေ သိန်းဆုရောင်းရငွေကနေ ၄၀ ရာခိုင်နှုန်းစီအခွန်ယူထားတာက ကျပ်သန်းပေါင်း ၁၃၀,၀၀၀ ကျော် ရခဲ့ပါတယ်။ ================================= ေအာက္တိုဘာ ၁ ရက္ေန႔ထီတြင္ က်ပ္သန္း  ၂ ေသာင္းဖိုးခန႔္ ဆုေငြမ်ား ခ်ီးျမႇင့္မည္ DVB လာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႔ ဖြင့္မယ့္ က်ပ္ ၁၀၀၀ တန္ထီဖြင့္ပြဲမွာ က်ပ္သန္း ၂၀,၀၀၀ ေလာက္ ဆုေငြေတြေပးမွာျဖစ္ၿပီး အရင္ကထက္ က်ပ္သန္း ၁၅၀၀ ေလာက္ ပိုလာပါတယ္။ ေအာင္ဘာေလသိန္းဆုဌာနခြဲရဲ႕ ေၾကညာခ်က္အရ အခု ၈ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ထီမွာက အကၡရာကေန ကစ အထိ အကၡရာ ၃၉ လုံးထုတ္ထားၿပီး အားလုံး ေရာင္းကုန္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ထီစာအုပ္ေပါင္း ၃၁ သိန္းေက်ာ္ေရာင္းခဲ့ရၿပီး ေရာင္းရေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းျဖစ္တဲ့ က်ပ္သန္း ၁၉,၁၄၅ ေက်ာ္ကို ဆုေငြအျဖစ္ေပးမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ထီဖြင့္ပြဲမွာ က်ပ္သန္း ၁၇,၆၇၂ ေက်ာ္ ဆုေငြအျဖစ္ေပးခဲ့တာေၾကာင့္ အခုအႀကိမ္မွာ က်ပ္သန္း ၁၅၀၀ ေလာက္ပိုလာခဲ့တာပါ။ ဒီလမွာေတာ့ က်ပ္သိန္း ၂၀၀၀ ဆု ၅ ခုေပးထားၿပီး အရင္ထက္ တဆု ပိုလာသလို သိန္း ၅၀၀ ဆု ၄ ဆု၊ က်ပ္ သိန္း ၂၀၀ ဆု ၃ ဆု၊ က်ပ္သိန္း ၁၀၀ ဆု ၂ ဆုနဲ႔ သိန္း ၂၀ ဆု တဆု ထပ္တိုးေပးထားတာေတြ႕ရပါတယ္။ ဒါ့အျပင္ သတ္မွတ္ကာလအတြင္း လာမထုတ္တဲ့ ဆုမဲေတြရဲ႕ ဘ႑ာသိမ္းရေငြကေန က်ပ္သိန္း ၂၅၀၀ ကို တဆုခ်င္းဆုမဲေတြျဖစ္တဲ့ က်ပ္ ၁၀ သိန္း ၄ ဆု၊ ေဝေဝဆာဆာဆုမဲေတြျဖစ္တဲ့ က်ပ္ ၃ သိန္းဆု ၂၀၊ က်ပ္ ၂ သိန္းဆု ၂၀၀၊ က်ပ္ ၁ သိန္းဆု ၂၀၀၀ ကိုလည္း ထပ္ေပးဦးမယ္လို႔ ဆိုပါတယ္။ ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနနဲ႔ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ၾသဂုတ္လကုန္အထိ  ေအာင္ဘာေလ သိန္းဆုေရာင္းရေငြကေန ၄၀ ရာခိုင္ႏႈန္းစီအခြန္ယူထားတာက က်ပ္သန္းေပါင္း ၁၃၀,၀၀၀ ေက်ာ္ ရခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024