ကျောက်မဲမြို့တွင် ၆ ဘီးယာဉ်တစီး လမ်းဘေးစားသောက်ဆိုင်အား ဝင်တိုက်
DVB
·
September 29, 2019
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ ပန်ဟုတ်ကျေးရွာ၊ မန္တလေး-လားရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၁/၈) နှင့် (၁၁၂/၀) ကြား အကွေ့မှာ မနေ့မွန်းလွဲ ၂ နာရီခွဲလောက်က ကုန်စုံပစ္စည်းတွေ တင်ဆောင်လာတဲ့ CANTER အမျိုးအစား ၆ ဘီးယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်းရှိ စားသောက်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူ ကားအတွင်း ညပ်မိနေလို့ ကျောက်မဲခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်မောင်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အား ဇီဝိတ လူနာတင်ယာဉ်နဲ့ ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေက်ာက္မဲၿမိဳ႕တြင္ ၆ ဘီးယာဥ္တစီး လမ္းေဘးစားေသာက္ဆိုင္အား ဝင္တိုက္
ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕၊ ပန္ဟုတ္ေက်း႐ြာ၊ မႏၲေလး-လားရႈိးလမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၁၁/၈) ႏွင့္ (၁၁၂/၀) ၾကား အေကြ႕မွာ မေန႔မြန္းလြဲ ၂ နာရီခြဲေလာက္က ကုန္စုံပစၥည္းေတြ တင္ေဆာင္လာတဲ့ CANTER အမ်ိဳးအစား ၆ ဘီးယာဥ္တစီး အရွိန္မထိန္းႏိုင္ဘဲ လမ္းဘယ္ဘက္ျခမ္းရွိ စားေသာက္ဆိုင္အား ဝင္ေရာက္တိုက္မိခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္။
ယာဥ္တိမ္းေမွာက္ၿပီး ယာဥ္ေမာင္းျဖစ္သူ ကားအတြင္း ညပ္မိေနလို႔ ေက်ာက္မဲခ႐ိုင္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ေတြက ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။
ယာဥ္ေမာင္း ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ) အား ဇီဝိတ လူနာတင္ယာဥ္နဲ႔ ေက်ာက္မဲၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။