ဆူနာမီအပြီး ၁ နှစ်ကြာသည်အထိ အင်ဒိုနီးရှားတွင် လူပေါင်း ၆ သောင်းခန့် အိုးအိမ်မဲ့ ဖြစ်နေဆဲ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းကို ဆိုးရွားပြင်းထန်တဲ့ ဆူနာမီငလျင်လှုပ်ခဲ့ပြီး တစ်နှစ် နီးပါးကြာတဲ့အထိ အပျက်အစီးတွေဟာအ ရင်အတိုင်းပဲရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ လူသား ချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။  ဆူနာမီဒဏ်သင့် ဒေသတွေကို လေကြောင်းကနေတဆင့် မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။  ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့နှစ်က အင်အား ၇ ဒသမ ၅ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တခုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးလူပေါင်း ၃၈၄ ဦးသေဆုံးကာ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။  ငလျင်လှုပ်ပြီး တနှစ်နီးပါးကြာမြင့်ခဲ့တဲ့အထိ ခန့်မှန်းခြေလူပေါင်း ၅၇၀၀၀ ကျော်ဟာ ယာယီနေအိမ်တွေမှာ ဆက်လက်နေထိုင်နေရဆဲဖြစ်ပြီး သူတို့အတွက် အိမ်အသစ်တွေ တည်ဆောက်ပေးရေး လုပ်ငန်းတွေဟာလည်း ဘာမှထူးခြားမှု ရှိမလာသေးဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ကပြောပါတယ်။  “ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားမှာရှိတဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေဟာ အစားအစာ၊ သန့်ရှင်းရေးပစ္စည်း၊ ခြင်ထောင်နဲ့ စောင်တွေလိုမျိုးအ ရေးပေါ် ပစ္စည်းတွေကို လူပေါင်း ၁၀၈၀၀၀ ကိုပေးဝေခဲ့ရပြီး လူပေါင်း ၂၈၀၀၀၀ ကိုသောက်ရေဝေငှခဲ့ရပါတယ်” လို့ကြက်ခြေနီအဖွဲ့က ပြော ပါတယ်။ ========================= ဆူနာမီအၿပီး ၁ ႏွစ္ၾကာသည္အထိ အင္ဒိုနီးရွားတြင္ လူေပါင္း ၆ ေသာင္းခန႔္ အိုးအိမ္မဲ့ ျဖစ္ေနဆဲ DVB အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝဆီကြၽန္းကို ဆိုး႐ြားျပင္းထန္တဲ့ ဆူနာမီငလ်င္လႈပ္ခဲ့ၿပီး တစ္ႏွစ္ နီးပါးၾကာတဲ့အထိ အပ်က္အစီးေတြဟာအ ရင္အတိုင္းပဲရွိေနေသးတယ္လို႔ ကုလသမဂၢရဲ႕ လူသား ခ်င္းစာနာမႈဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ရဲ႕ထုတ္ျပန္ခ်က္မွာေတြ႕ရပါတယ္။ ဆူနာမီဒဏ္သင့္ ေဒသေတြကို ေလေၾကာင္းကေနတဆင့္ မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္ေတြကို ထုတ္ျပန္လိုက္တာပဲ ျဖစ္ပါတယ္။ ဆူလာေဝဆီကြၽန္းမွာ ၿပီးခဲ့တဲ့ႏွစ္က အင္အား ၇ ဒသမ ၅ မဂၢနီက်ဴ႕ရွိတဲ့ ငလ်င္တခုျဖစ္ေပၚခဲ့ၿပီး အနည္းဆုံးလူေပါင္း ၃၈၄ ဦးေသဆုံးကာ ရာေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရ ရွိခဲ့ပါတယ္။ ငလ်င္လႈပ္ၿပီး တႏွစ္နီးပါးၾကာျမင့္ခဲ့တဲ့အထိ ခန႔္မွန္းေျခလူေပါင္း ၅၇၀၀၀ ေက်ာ္ဟာ ယာယီေနအိမ္ေတြမွာ ဆက္လက္ေနထိုင္ေနရဆဲျဖစ္ၿပီး သူတို႔အတြက္ အိမ္အသစ္ေတြ တည္ေဆာက္ေပးေရး လုပ္ငန္းေတြဟာလည္း ဘာမွထူးျခားမႈ ရွိမလာေသးဘူးလို႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ကေျပာပါတယ္။ “ၿပီးခဲ့တဲ့ႏွစ္မွာ အင္ဒိုနီးရွားမွာရွိတဲ့ ၾကက္ေျခနီအဖြဲ႕ဝင္ေတြဟာ အစားအစာ၊ သန႔္ရွင္းေရးပစၥည္း၊ ျခင္ေထာင္နဲ႔ ေစာင္ေတြလိုမ်ိဳးအ ေရးေပၚ ပစၥည္းေတြကို လူေပါင္း ၁၀၈၀၀၀ ကိုေပးေဝခဲ့ရၿပီး လူေပါင္း ၂၈၀၀၀၀ ကိုေသာက္ေရေဝငွခဲ့ရပါတယ္” လို႔ၾကက္ေျခနီအဖြဲ႕က ေျပာ ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up