ဆူမားတြားတွင် မားစ်ဂြိုဟ်ပေါ်ကလို ကောင်းကင်အနီရောင်ပေါ်ပေါက် (ရုပ်သံ)

938
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအလယ်ပိုင်း ဂျမ်ဘီပြည်နယ်ရဲ့ ညနေခင်းကောင်းကင် အရောင်ဟာ မားစ်ဂြိုဟ်ပေါ်ကလို အနီရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။
အကြောင်းကတော့ ပတ်ဝန်းကျင်ဒေသတွေမှာ ဆိုးဆိုးရွားရွား တောမီးလောင်မှုတွေ ဖြစ်ပွားနေလို့ပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၁ ရက်ညနေပိုင်းမှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်အပေါ် ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေဟာ အင်တာနက်အသုံးပြုသူတွေဆီကို လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပြီး တချို့ ဒေသတွင်းက ကောင်းကင်အရောင်နဲ့ မားစ်ဂြိဟ်ပေါ်က အခြေအနေတွေကို နှိုင်းယှဉ်ဖော်ပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုမျိုးတိမ်တွေ အနီရောင်ဖြစ်ကုန်တာဟာ “Mie Scattering” လို့ခေါ်တဲ့ဖြစ်စဉ်တခု ကြောင့်လို့ အင်ဒိုနီးရှားမိုးလေဝသဌာနက ထုတ်ပြန်ကြေညာပါတယ်။
ဒါဟာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ သေးငယ်တဲ့အမှုန်လေးတွေကို နေရောင် ထိုးလိုက်တာကြောင့် အရောင်ပြောင်းလဲ သွားရတာလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းအ ဆိုးရွားဆုံးတော မီးလောင်မှုပြသနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရဟာ တောမီးလောင်မှုပြသနာကို ကာလရှည်ဖြေရှင်းနေရပြီး အယ်လ်နီညို ရာသီဥတုပုံစံကလည်း ခြောက်သွေ့ရာသီကို ပိုပြီး သက်တမ်းရှည်စေပါတယ်။
============
ဆူမားၾတားတြင္ မားစ္ၿဂိဳဟ္ေပၚကလို ေကာင္းကင္အနီေရာင္ေပၚေပါက္ (႐ုပ္သံ)
DVB
အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းအလယ္ပိုင္း ဂ်မ္ဘီျပည္နယ္ရဲ႕ ညေနခင္းေကာင္းကင္ အေရာင္ဟာ မားစ္ၿဂိဳဟ္ေပၚကလို အနီေရာင္အျဖစ္ကို ေျပာင္းလဲသြားခဲ့ပါတယ္။
အေၾကာင္းကေတာ့ ပတ္ဝန္းက်င္ေဒသေတြမွာ ဆိုးဆိုး႐ြား႐ြား ေတာမီးေလာင္မႈေတြ ျဖစ္ပြားေနလို႔ပဲ ျဖစ္ပါတယ္။
စက္တင္ဘာ ၂၁ ရက္ညေနပိုင္းမွာျဖစ္ခဲ့တဲ့ ဒီျဖစ္ရပ္အေပၚ ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္ေတြဟာ အင္တာနက္အသုံးျပဳသူေတြဆီကို လ်င္လ်င္ျမန္ျမန္ပဲ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တခ်ိဳ႕ ေဒသတြင္းက ေကာင္းကင္အေရာင္နဲ႔ မားစ္ၿဂိဟ္ေပၚက အေျခအေနေတြကို ႏႈိင္းယွဥ္ေဖာ္ျပမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။
ဒီလိုမ်ိဳးတိမ္ေတြ အနီေရာင္ျဖစ္ကုန္တာဟာ “Mie Scattering” လို႔ေခၚတဲ့ျဖစ္စဥ္တခု ေၾကာင့္လို႔ အင္ဒိုနီးရွားမိုးေလဝသဌာနက ထုတ္ျပန္ေၾကညာပါတယ္။
ဒါဟာ ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္တဲ့ ေသးငယ္တဲ့အမႈန္ေလးေတြကို ေနေရာင္ ထိုးလိုက္တာေၾကာင့္ အေရာင္ေျပာင္းလဲ သြားရတာလည္း ျဖစ္ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းအ ဆိုး႐ြားဆုံးေတာ မီးေလာင္မႈျပသနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အစိုးရဟာ ေတာမီးေလာင္မႈျပသနာကို ကာလရွည္ေျဖရွင္းေနရၿပီး အယ္လ္နီညိဳ ရာသီဥတုပုံစံကလည္း ေျခာက္ေသြ႕ရာသီကို ပိုၿပီး သက္တမ္းရွည္ေစပါတယ္။