A d v e r t i s e m e n t With Us

ဘိုအာဗစ်စတာကျွန်း သောင်ပြင်တွင် ဝေလငါး ၁၃၀ ကျော် သေဆုံး (ရုပ်သံ)

ကိတ်ဗာဒီရဲ့ ဘိုအာဗစ်စတာ ကျွန်းသောင်ပြင်မှာ ဝေလငါအုပ်တအုပ် သောင်တင်သေ ဆုံးနေတာကို စက်တင်ဘာ ၂၆ ရက်က ထွက်ပေါ်လာတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုမှာ မြင်တွေ့ခဲ့ရပါ တယ်။  ဒီပို့စ်ကို အဲဆာ ဗီရီယာလို့ခေါ်တဲ့ ဒေသခံသတင်းထောက်တယောက်က တင်ခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ ရေတွက်မှုအရ စုစုပေါင်း ဝေလငါးအသေကောင် ၁၃၄  ကောင်အထိ ရှိတယ်လို့ သူကပြောပါတယ်။  အခုချိန်ထိ ဘာ့ကြောင့် ဝေလငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးရသလဲဆိုတာကို မသိရသေးပေမယ့် ရင်ခွဲစစ်ဆေးမှုတွေလုပ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကို ရှာဖွေနေတယ်လို့လည်း ဗီရီယာကပြောပါတယ်။  ဒီလိုမျိုးဝေလငါးတွေ၊ လင်းပိုင်တွေ အုပ်စုလိုက်ကမ်းတင်သေဆုံးခြင်းကို ဖြစ်စေတဲ့ အကြောင်းကိစ္စများစွာရှိပြီး အဲဒါတွေထဲမှာ ဖျားနာခြင်း၊ လမ်းကြောင်းမှားယွင်းခြင်း၊ ပထဝီဝင်ဆိုင်ရာ အကြောင်းကိစ္စ၊ ဒီရေကျခြင်း၊ တစုံတခုရဲ့ အမဲလိုက်မှုကိုခံရခြင်းနဲ့ ရာသီဥတု ဆိုးရွားခြင်းတို့လည်း ပါဝင်ပါတယ်။ ============================================= ဘိုအာဗစ္စတာကြၽန္း ေသာင္ျပင္တြင္ ေဝလငါး ၁၃၀ ေက်ာ္ ေသဆုံး (႐ုပ္သံ) DVB ကိတ္ဗာဒီရဲ႕ ဘိုအာဗစ္စတာ ကြၽန္းေသာင္ျပင္မွာ ေဝလငါအုပ္တအုပ္ ေသာင္တင္ေသ ဆုံးေနတာကို စက္တင္ဘာ ၂၆ ရက္က ထြက္ေပၚလာတဲ့ ေဖ့စ္ဘြတ္ပို႔စ္တစ္ခုမွာ ျမင္ေတြ႕ခဲ့ရပါ တယ္။ ဒီပို႔စ္ကို အဲဆာ ဗီရီယာလို႔ေခၚတဲ့ ေဒသခံသတင္းေထာက္တေယာက္က တင္ခဲ့တာ ျဖစ္ၿပီး ကယ္ဆယ္ေရးဝန္ထမ္းေတြရဲ႕ ေရတြက္မႈအရ စုစုေပါင္း ေဝလငါးအေသေကာင္ ၁၃၄  ေကာင္အထိ ရွိတယ္လို႔ သူကေျပာပါတယ္။ အခုခ်ိန္ထိ ဘာ့ေၾကာင့္ ေဝလငါးေတြ အစုလိုက္အၿပဳံလိုက္ ေသဆုံးရသလဲဆိုတာကို မသိရေသးေပမယ့္ ရင္ခြဲစစ္ေဆးမႈေတြလုပ္ၿပီး ေသဆုံးရတဲ့ အေၾကာင္းအရင္းကို ရွာေဖြေနတယ္လို႔လည္း ဗီရီယာကေျပာပါတယ္။ ဒီလိုမ်ိဳးေဝလငါးေတြ၊ လင္းပိုင္ေတြ အုပ္စုလိုက္ကမ္းတင္ေသဆုံးျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းကိစၥမ်ားစြာရွိၿပီး အဲဒါေတြထဲမွာ ဖ်ားနာျခင္း၊ လမ္းေၾကာင္းမွားယြင္းျခင္း၊ ပထဝီဝင္ဆိုင္ရာ အေၾကာင္းကိစၥ၊ ဒီေရက်ျခင္း၊ တစုံတခုရဲ႕ အမဲလိုက္မႈကိုခံရျခင္းနဲ႔ ရာသီဥတု ဆိုး႐ြားျခင္းတို႔လည္း ပါဝင္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up