A d v e r t i s e m e n t With Us

မလေးရှားကို မြန်မာနိုင်ငံက လူအယောက် ၅၀၀ ခန့် ရေကူးခိုးဝင်၊ ၁ ဦး သေဆုံး

မလေးရှားနိုင်ငံကို မြန်မာနိုင်ငံကနေလာတဲ့ လူအယောက်  ၅၀၀ လောက်   တရားမ၀င် ရေကူးခိုးဝင်ခဲ့ကြရာမှာ ၁ ဦး သေဆုံးသွားတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါလူ  ၅၀၀ လောက်ဟာ ၁၅ ရက်ကြာ စက်လှေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်း လာခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က  မလေးရှားနိုင်ငံ မလက္ကာရေလက်ကြားမှာရှိတဲ့ လန်ကာဝီကျွန်းအနီး ကမ်းခြေကနေ မီတာ ၅၀၀ လောက်အကွာမှာ ရေကူးပြီး ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။ စက်လှေပေါ်မှာ မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာလို့ ယူဆရသူ ၄၈၂ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိပြီး တချို့ကျွန်းပေါ်မှာ ပုန်းအောင်းနေသူတွေ ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ မလေးရှားကိုသွားဖို့ ပွဲစားကို ၁ ယောက် အမေရိကန်ဒေါ်လာ ၃၀၀ လောက်ပေးပြီး လာရောက်ခဲ့ရတာဖြစ်ပြီး တချို့က ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စက်လှေမောင်းသမားကိုတော့ ဖမ်းဆီးထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up