Live
Home
သတင်းဓာတ်ပုံ
အမျိုးသမီးဓာတ်ပုံရိုက်ကူးသူ ၅ ဦး၏ DISCLOSURE ဓာတ်ပုံပြပွဲ
ထွန်းထွန်းသိန်း
·
September 29, 2019
ရန်ကုန်အခြေစိုက် အမျိုးသမီးဓာတ်ပုံရိုက်ကူးသူ ၅ ဦးရဲ့ DISCLOSURE ဓာတ်ပုံပြပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၂၈ ရက်ညနေက မြန်မာဒိဌပြခန်းမှာ ကျင်းပခဲ့ပါတယ်။ သူမ (Thuma Collective) ရဲ့ အဖွဲ့ဝင် ၅ ဦးဖြစ်တဲ့ ခင်ကြည်ထက်၊ ရီတာခင်၊ ရွှေဝတ်မှုံ၊ တင်ထက်ပိုင်နဲ့ ယုယုမြင့်သန်းတို့ရဲ့ ဓာတ်ပုံလက်ရာတွေကို စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၂၀ ရက်အထိ အမှတ် ၁၃၀၊ ဘိုကလေးစျေးလမ်းက မြန်မာဒိဌပြခန်းမှာ ပြသထားမှာပါ။ လူသားအချင်းချင်းကြားက ဆက်ဆံရေးများ၊ စိတ်ခံစားမှုများနှင့် အများနှင့်ဆိုင်သော ဖြစ်တည်မှုများ စတဲ့ မတူညီတဲ့ အကြောင်းအရာအမျိုးမျိုးကို အခြေတည်ထားတဲ့ ဓာတ်ပုံဇာတ်လမ်းတွေကို ၃ ပတ်တာ ပြသထားမှာပါ။ “သူမ” အဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဓာတ်ပုံဇာတ်လမ်း ရိုက်ကူးတဲ့ အလေ့အကျင့်ကို မြှင့်တင်ပေးဖို့နဲ့ လူမှုဝန်းကျင်အကြောင်းအရာအမျိုးမျိုးကို အမျိုးသမီးတွေရဲ့ အမြင်နဲ့ရိုက်ကူးတင်ဆက်နိုင်ဖို့ဖြစ်တယ်လို့ သူမအဖွဲ့က ဓာတ်ပုံဆရာမတွေကပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version အမ်ိဳးသမီးဓာတ္ပုံ႐ိုက္ကူးသူ ၅ ဦး၏ DISCLOSURE ဓာတ္ပုံျပပြဲ ရန္ကုန္အေျခစိုက္ အမ်ိဳးသမီးဓာတ္ပုံ႐ိုက္ကူးသူ ၅ ဦးရဲ႕ DISCLOSURE ဓာတ္ပုံျပပြဲ ဖြင့္ပြဲကို စက္တင္ဘာ ၂၈ ရက္ညေနက ျမန္မာဒိဌျပခန္းမွာ က်င္းပခဲ့ပါတယ္။ သူမ (Thuma Collective) ရဲ႕ အဖြဲ႕ဝင္ ၅ ဦးျဖစ္တဲ့ ခင္ၾကည္ထက္၊ ရီတာခင္၊ ေ႐ႊဝတ္မႈံ၊ တင္ထက္ပိုင္နဲ႔ ယုယုျမင့္သန္းတို႔ရဲ႕ ဓာတ္ပုံလက္ရာေတြကို စက္တင္ဘာ ၂၈ ရက္ကေန ေအာက္တိုဘာ ၂၀ ရက္အထိ အမွတ္ ၁၃၀၊ ဘိုကေလးေစ်းလမ္းက ျမန္မာဒိဌျပခန္းမွာ ျပသထားမွာပါ။ လူသားအခ်င္းခ်င္းၾကားက ဆက္ဆံေရးမ်ား၊ စိတ္ခံစားမႈမ်ားႏွင့္ အမ်ားႏွင့္ဆိုင္ေသာ ျဖစ္တည္မႈမ်ား စတဲ့ မတူညီတဲ့ အေၾကာင္းအရာအမ်ိဳးမ်ိဳးကို အေျခတည္ထားတဲ့ ဓာတ္ပုံဇာတ္လမ္းေတြကို ၃ ပတ္တာ ျပသထားမွာပါ။ “သူမ” အဖြဲ႕ဟာ ၂၀၁၇ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ဓာတ္ပုံဇာတ္လမ္း ႐ိုက္ကူးတဲ့ အေလ့အက်င့္ကို ျမႇင့္တင္ေပးဖို႔နဲ႔ လူမႈဝန္းက်င္အေၾကာင္းအရာအမ်ိဳးမ်ိဳးကို အမ်ိဳးသမီးေတြရဲ႕ အျမင္နဲ႔႐ိုက္ကူးတင္ဆက္ႏိုင္ဖို႔ျဖစ္တယ္လို႔ သူမအဖြဲ႕က ဓာတ္ပုံဆရာမေတြကေျပာပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024