၃၉ ထပ်အမြင့် မိုးမျှော်တိုက်ပေါ် အထိန်းအကွပ်မဲ့တက်ခဲ့သည့် ပြင်သစ် ပင့်ကူလူသား(ရုပ်သံ)

1K
ပြင်သစ် ပင့်ကူလူသားဆိုပြီး နာမည်ကြီးတဲ့ အလန်ဟူဘေဟာ စက်တင်ဘာ ၂၈ ရက်က ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့က ၃၉ ထပ်မြင့်တဲ့ မိုးမျှော် တိုက်တလုံးပေါ်ကို သိုင်းကြိုး၊ ထိန်းကြိုး အကူအညီမပါဘဲ အောင်မြင်စွာ တက်ရောက်ခဲ့ပါတယ်။
ပင့်ကူလူသား တက်ရောက်နေတာကို အောက်ကနေ စိတ်ဝင်တစား ကြည့်သူတွေ ရှိသလိုပဲ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ကလည်း အသင့်စောင့်နေပါတယ်။
အဲဒီလို တက်ခဲ့တဲ့ အတွေ့အကြုံကို အလန်က ပြန်ပြောရာမှတော့ သူက ကြောက်စိတ်ကို ဖယ်၊ ကိုယ့်ရည်မှန်းချက်ကိုပဲ အာရုံစိုက်ပြီး အဆိုးတွေကို မစဉ်းစားဘူးလို့ ပြောပါတယ်။
အဲဒီနောက် လူတွေဟာ တခုခုဖြစ်ရင် အကာအကွယ်ရအောင် အာမခံတွေ လုပ်ထားပေမယ့် သူ့ရဲ့ အကာကွယ်ကတော့သူ့ စိတ်နဲ့ သူ့ ဦးနှောက်ပဲ ဖြစ်တယ်လို့ ပင့်ကူလူသား အလန်က ပြောပါတယ်။အဲဒီစိတ်ဟာ အပေါဆုံးရတဲ့ အရာဖြစ်ပြီး အစွမ်းထက်ဆုံးလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
၃၉ ထပ်ပေါ် ရောက်သွားပြီးတဲ့နောက်မှာတော့ အောက်မှာ အသင့်စောင့်နေတဲ့ ရဲတွေက ပင့်ကူလူသားကို ထိန်းသိမ်းခဲ့ပါတယ်။
ပြင်သစ် ပင့်ကူလူသား အလန်ဟူဘေက သူ အခုလို မိုးမျှော်တိုက်တွေပေါ် တက်နေတာ ၄၄ နှစ်ရှိပြီလို့ ပြောပြခဲ့ပါတယ်။
==================
၃၉ ထပ္အျမင့္ မိုးေမွ်ာ္တိုက္ေပၚ အထိန္းအကြပ္မဲ့တက္ခဲ့သည့္ ျပင္သစ္ ပင့္ကူလူသား(႐ုပ္သံ)
DVB
ျပင္သစ္ ပင့္ကူလူသားဆိုၿပီး နာမည္ႀကီးတဲ့ အလန္ဟူေဘဟာ စက္တင္ဘာ ၂၈ ရက္က ဂ်ာမနီႏိုင္ငံ ဖရန႔္ဖတ္ၿမိဳ႕က ၃၉ ထပ္ျမင့္တဲ့ မိုးေမွ်ာ္ တိုက္တလုံးေပၚကို သိုင္းႀကိဳး၊ ထိန္းႀကိဳး အကူအညီမပါဘဲ ေအာင္ျမင္စြာ တက္ေရာက္ခဲ့ပါတယ္။
ပင့္ကူလူသား တက္ေရာက္ေနတာကို ေအာက္ကေန စိတ္ဝင္တစား ၾကည့္သူေတြ ရွိသလိုပဲ မီးသတ္တပ္ဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕ကလည္း အသင့္ေစာင့္ေနပါတယ္။
အဲဒီလို တက္ခဲ့တဲ့ အေတြ႕အႀကဳံကို အလန္က ျပန္ေျပာရာမွေတာ့ သူက ေၾကာက္စိတ္ကို ဖယ္၊ ကိုယ့္ရည္မွန္းခ်က္ကိုပဲ အာ႐ုံစိုက္ၿပီး အဆိုးေတြကို မစဥ္းစားဘူးလို႔ ေျပာပါတယ္။
အဲဒီေနာက္ လူေတြဟာ တခုခုျဖစ္ရင္ အကာအကြယ္ရေအာင္ အာမခံေတြ လုပ္ထားေပမယ့္ သူ႔ရဲ႕ အကာကြယ္ကေတာ့သူ႔ စိတ္နဲ႔ သူ႔ ဦးေႏွာက္ပဲ ျဖစ္တယ္လို႔ ပင့္ကူလူသား အလန္က ေျပာပါတယ္။အဲဒီစိတ္ဟာ အေပါဆုံးရတဲ့ အရာျဖစ္ၿပီး အစြမ္းထက္ဆုံးလည္း ျဖစ္တယ္လို႔ သူက ေျပာပါတယ္။
၃၉ ထပ္ေပၚ ေရာက္သြားၿပီးတဲ့ေနာက္မွာေတာ့ ေအာက္မွာ အသင့္ေစာင့္ေနတဲ့ ရဲေတြက ပင့္ကူလူသားကို ထိန္းသိမ္းခဲ့ပါတယ္။
ျပင္သစ္ ပင့္ကူလူသား အလန္ဟူေဘက သူ အခုလို မိုးေမွ်ာ္တိုက္ေတြေပၚ တက္ေနတာ ၄၄ ႏွစ္ရွိၿပီလို႔ ေျပာျပခဲ့ပါတယ္။