A d v e r t i s e m e n t With Us

ဂျာနယ် မဂ္ဂဇင်း အသစ်ထုတ်မည့်သူများ လိုက်နာရန် စံနှုန်း လက်မှတ်ရေးထိုးရ

အခုနောက်ပိုင်း ခွင့်ပြုချက်ရလို့ ဂျာနယ်နဲ့ မဂ္ဂဇင်း ထုတ်ဝေမယ့်သူတွေဟာ စာပေစိစစ်ရေးအဖွဲ့က ချမှတ်ထားတဲ့ “လိုက်နာကျင့်သုံးရန် စံနှုန်းထားများ” ကို သိရှိကြောင်း လက်မှတ်ရေးထိုးနေရပါတယ်။ အချက် ၆ ချက်ပါ အဲဒီစံနှုန်းထားတွေကတော့ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုတွေကို လှုံ့ဆော်တာ မထုတ်ဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းရေးကို ပျက်ပြားစေပြီး ဆူပူမှုကို လံှု့ဆော်တာတွေ မထုတ်ဖို့၊ ညစ်ညမ်းတာနဲ့ မမှန်ကန်တဲ့ အသရေပျက်စေတဲ့ ကြော်ငြာတွေ မရေးဖို့၊ စာနယ်ဇင်းကောင်စီက ချမှတ်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာဖို့၊ ကိုယ့်ဖော်ပြစာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားခံရရင် စာနယ်ဇင်းကောင်စီရဲ့ တိုင်ကြားမှုဆိုင်ရာ ယန္တရားနဲ့ အညီဆောင်ရွက်ဖို့၊ စာနယ်ဇင်းကောင်စီ က ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်းကျင့်ဝတ်ကို အခြေခံပြီး ကိုယ့်ရဲ့ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေအတွက် ကျင့်ဝတ်နဲ့ Editorial Guideline ရေးဆွဲပြဋ္ဌာန်းဖို့ ဆိုပြီး ဖော်ပြပါရှိပါတယ်။ ဒီစံနှုန်းထားတွေကို မလိုက်နာမနေရ လိုက်နာခိုင်းတာမျိုး မဟုတ်ဘဲ သိရှိကြောင်းလောက်သာ လက်မှတ်ထိုးခိုင်းတာလို့ စာပေစိစစ်ရုံး တာဝန်ရှိသူ တဦးက ရှင်းပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up