A d v e r t i s e m e n t With Us

ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို သုတ်သင်လိုက်ပြီဟု ကိုလံဘီယာသမ္မတပြော

ကိုလံဘီယာ  ရာဇဝတ်ဂိုဏ်း  လို့စ်ပယ်လိုဆော့ကို တည်ထောင်သူနဲ့  ဂိုဏ်းခေါင်းဆောင် ဖြစ်သူအား သုတ်သင်လိုက်ပြီလို့ သမ္မတ အီဗန်ဒူကေးက စက်တင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။  သမ္မတ အီဗန်ဒူကေးက ကိုလံဘီယာစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း    လို့စ်ပယ်လိုဆော့ ဂိုဏ်းခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ပြီး တတိယအဆင့် ခေါင်းဆောင်ကို  ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် သမ္မတဒူကေးက လို့စ်ပယ်လိုဆော့ ဂိုဏ်းအဆင့်တိုင်းကို အပြီးတိုင် ချေမှုန်းသွားမယ်လို့  ပြောကြားခဲ့ပါတယ်။   အဲဒီဂိုဏ်းဟာ ကိုလံဘီယာနိုင်ငံအတွင်း နာမည်အကြီးဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခုဖြစ်ပြီး ဗင်နီဇွဲလား နယ်စပ်တလျှောက်နေထိုင်တဲ့  သိန်းနဲ့ချီတဲ့လူတွေကို အန္တရာယ်ပေးရာမှာ ပါဝင်ခဲ့ပါတယ်။    ပါကိုလာဆိုတဲ့ ဂိုဏ်းခေါင်းဆောင်ဟာ ဂိုဏ်းဝင် အယောက် ၄၄၀ ကို အမိန့်ပေးခဲ့တဲ့ လက်ဝဲဝါဒီ သူပုန်ဟောင်း တယောက်ဖြစ်တယ်လို့  ကိုလံဘီယာအစိုးရက ဆိုပါတယ်။  သူရဲ့ နာမည်ရင်းဟာ လူးဝစ်အန်တိုနီယိုကင်တယ်ရိုဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့  ဒေသခေါင်းဆောင်တွေကို သတ်ဖြတ်မှုအတွက် သူ့ကို အလိုရှိနေတာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ============================ ရာဇဝတ္ဂိုဏ္းေခါင္းေဆာင္ကို သုတ္သင္လိုက္ၿပီဟု ကိုလံဘီယာသမၼတေျပာ DVB ကိုလံဘီယာ  ရာဇဝတ္ဂိုဏ္း  လို႔စ္ပယ္လိုေဆာ့ကို တည္ေထာင္သူနဲ႔  ဂိုဏ္းေခါင္းေဆာင္ ျဖစ္သူအား သုတ္သင္လိုက္ၿပီလို႔ သမၼတ အီဗန္ဒူေကးက စက္တင္ဘာ ၂၇ ရက္မွာ ေျပာလိုက္ပါတယ္။ သမၼတ အီဗန္ဒူေကးက ကိုလံဘီယာစစ္တပ္ရဲ႕ ပူးေပါင္းစစ္ဆင္ေရးအတြင္း    လို႔စ္ပယ္လိုေဆာ့ ဂိုဏ္းေခါင္းေဆာင္ကို သုတ္သင္ႏိုင္ခဲ့ၿပီး တတိယအဆင့္ ေခါင္းေဆာင္ကို  ဖမ္းဆီးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သမၼတဒူေကးက လို႔စ္ပယ္လိုေဆာ့ ဂိုဏ္းအဆင့္တိုင္းကို အၿပီးတိုင္ ေခ်မႈန္းသြားမယ္လို႔  ေျပာၾကားခဲ့ပါတယ္။ အဲဒီဂိုဏ္းဟာ ကိုလံဘီယာႏိုင္ငံအတြင္း နာမည္အႀကီးဆုံး ရာဇဝတ္ဂိုဏ္းေတြထဲက တခုျဖစ္ၿပီး ဗင္နီဇြဲလား နယ္စပ္တေလွ်ာက္ေနထိုင္တဲ့  သိန္းနဲ႔ခ်ီတဲ့လူေတြကို အႏၲရာယ္ေပးရာမွာ ပါဝင္ခဲ့ပါတယ္။ ပါကိုလာဆိုတဲ့ ဂိုဏ္းေခါင္းေဆာင္ဟာ ဂိုဏ္းဝင္ အေယာက္ ၄၄၀ ကို အမိန႔္ေပးခဲ့တဲ့ လက္ဝဲဝါဒီ သူပုန္ေဟာင္း တေယာက္ျဖစ္တယ္လို႔  ကိုလံဘီယာအစိုးရက ဆိုပါတယ္။ သူရဲ႕ နာမည္ရင္းဟာ လူးဝစ္အန္တိုနီယိုကင္တယ္႐ိုျဖစ္ၿပီး လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔  ေဒသေခါင္းေဆာင္ေတြကို သတ္ျဖတ္မႈအတြက္ သူ႔ကို အလိုရွိေနတာ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up