အာဖဂန်နစ္စတန် မဲရုံတရုံအနီး ပေါက်ကွဲမှုဖြစ်၊ ၁၄ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်က မဲရုံတရုံအနီးမှာ စက်တင်ဘာ ၂၈ ရက်က ပေါက်ကွဲမှု ဖြစ်ပြီး မဲပေးသူ ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အာဖဂန်သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးသူတွေ စတန်းစီပြီး တနာရီအကြာမှာ ပေါက်ကွဲခဲ့တာပါ။
ဒီအတွက် ဒဏ်ရာရဆန္ဒမဲပေးသူတွေကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ပြည်နယ်အစိုးရ အရာရှိတဦးကပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိပါဘူး။ အာဖဂန် ရွေးကောက်ပွဲ မဲပေးသူတွေဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံတွေ့ရမယ်လို့ လက်နက်ကိုင် အဖွဲ့တွေက ခြိမ်းခြောက်ထားပါတယ်။
အာဖဂန်ရွေးကောက်ပွဲမှာ မဲပေးဖို့ စာရင်းပေးထားတဲ့ အာဖဂန်ပြည်သူ ၉ သန်းကျော်ရှိပြီး လက်ရှိ သမ္မတ အာရှက်ဖ်ဂါနီအနေနဲ့ ဒုတိယအကြိမ် ရွေးကောက်ခံရမယ်လို့ အများက ရှုမြင်ထားပါတယ်။
==================
အာဖဂန္နစၥတန္ မဲ႐ုံတ႐ုံအနီး ေပါက္ကြဲမႈျဖစ္၊ ၁၄ ဦး ဒဏ္ရာရ
DVB
အာဖဂန္နစၥတန္ႏိုင္ငံ ကန္ဒါဟာျပည္နယ္က မဲ႐ုံတ႐ုံအနီးမွာ စက္တင္ဘာ ၂၈ ရက္က ေပါက္ကြဲမႈ ျဖစ္ၿပီး မဲေပးသူ ၁၄ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။
အာဖဂန္သမၼတ ေ႐ြးေကာက္ပြဲအတြက္ မဲေပးသူေတြ စတန္းစီၿပီး တနာရီအၾကာမွာ ေပါက္ကြဲခဲ့တာပါ။
ဒီအတြက္ ဒဏ္ရာရဆႏၵမဲေပးသူေတြကို ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔ ျပည္နယ္အစိုးရ အရာရွိတဦးကေျပာပါတယ္။
ဒီေပါက္ကြဲမႈနဲ႔ ပတ္သက္လို႔ ဘယ္အဖြဲ႕ကမွ တာဝန္ယူေျပာၾကားတာ မရွိပါဘူး။ အာဖဂန္ ေ႐ြးေကာက္ပြဲ မဲေပးသူေတြဟာ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ႀကဳံေတြ႕ရမယ္လို႔ လက္နက္ကိုင္ အဖြဲ႕ေတြက ၿခိမ္းေျခာက္ထားပါတယ္။
အာဖဂန္ေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔ စာရင္းေပးထားတဲ့ အာဖဂန္ျပည္သူ ၉ သန္းေက်ာ္ရွိၿပီး လက္ရွိ သမၼတ အာရွက္ဖ္ဂါနီအေနနဲ႔ ဒုတိယအႀကိမ္ ေ႐ြးေကာက္ခံရမယ္လို႔ အမ်ားက ရႈျမင္ထားပါတယ္။