စပါးကွင်းလယ်လူ အဲရစ်ခ်ဆင်ကို ခေါ်ပေးရန် ဆိုးလ်ရှား တောင်းဆို

1.4K
အသင်းကနေ ထွက်ခွာချင်နေတဲ့ စပါး ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ခ်ဆင်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့အတွက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားက အမှုဆောင်အရာရှိချုပ် အက်ဒ်ဝတ်ဝုဒ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်မှာ ပေါလ်ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေတွေကြောင့်အပြင် အရည်အသွေးမီတဲ့ ကစားသမား ရှားပါးနေတာကို ဖြေရှင်းဖို့ အဲရစ်ခ်ဆင်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
အဲရစ်ခ်ဆင်ကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ အတူတက်ရောက်နိုင်ခဲ့တဲ့ အသင်းကို စွန့်ခွာချင်နေပြီးတော့ ရာသီကုန်မှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒိန်းမတ် လက်ရွေးစင်ကို ခေါ်ယူဖို့ စပိန်ထိပ်သီး ရီးရဲမက်ဒရစ်အသင်းက ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
အဲရစ်ခ်ဆင်ဟာ အခုရာသီအစ ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးတော့ စပါးအသင်းရဲ့ လက်တလော ရလဒ်ဆိုးရွားနေမှုကိုလည်း စိတ်ပျက်နေတဲ့ သဘောမှာ ရှိနေပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
စပါးကြင္းလယ္လူ အဲရစ္ခ္ဆင္ကို ေခၚေပးရန္ ဆိုးလ္ရွား ေတာင္းဆို
အသင္းကေန ထြက္ခြာခ်င္ေနတဲ့ စပါး ကြင္းလယ္ကစားသမား ခရစၥတီယန္အဲရစ္ခ္ဆင္ကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေခၚယူေပးဖို႔အတြက္ နည္းျပ အိုလီဂန္နာဆိုးလ္ရွားက အမႈေဆာင္အရာရွိခ်ဳပ္ အက္ဒ္ဝတ္ဝုဒ္ကို ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ကြင္းလယ္မွာ ေပါလ္ေပါ့ဘာရဲ႕ ဒဏ္ရာအေျခအေနေတြေၾကာင့္အျပင္ အရည္အေသြးမီတဲ့ ကစားသမား ရွားပါးေနတာကို ေျဖရွင္းဖို႔ အဲရစ္ခ္ဆင္ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။
အဲရစ္ခ္ဆင္ကေတာ့ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ အတူတက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းကို စြန႔္ခြာခ်င္ေနၿပီးေတာ့ ရာသီကုန္မွာလည္း အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။
ဒိန္းမတ္ လက္ေ႐ြးစင္ကို ေခၚယူဖို႔ စပိန္ထိပ္သီး ရီးရဲမက္ဒရစ္အသင္းက ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမယ့္ အတည္ျပဳႏိုင္ျခင္း မရွိခဲ့ပါဘူး။
အဲရစ္ခ္ဆင္ဟာ အခုရာသီအစ ပြဲစဥ္ေတြမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေတာ့ စပါးအသင္းရဲ႕ လက္တေလာ ရလဒ္ဆိုး႐ြားေနမႈကိုလည္း စိတ္ပ်က္ေနတဲ့ သေဘာမွာ ရွိေနပါတယ္။